Spots news

ချန်ပီယံလိဂ် တတိယမြောက် သွင်းဂိုးအများဆုံး ဖြစ်လာတဲ့ လီဝန်ဒေါစကီး

Unicode Version

ဘိုင်ယန်မြူးနစ် တိုက်စစ်မှူး လီဝန်ဒေါစကီးဟာ လာဇီယိုနဲ့ပွဲမှာ ဦးဆောင်ဂိုး သွင်းယူနိုင်ခဲ့ပြီးနောက် ချန်ပီယံလိဂ်သမိုင်းမှာ တတိယမြောက် ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။

ပိုလန်လက်ရွေးစင် လီဝန်ဒေါစကီးဟာ ချန်ပီယံလိဂ် ၁၆သင်းအဆင့် ပ-အကျော့ပွဲစဉ်အဖြစ် လာဇီယိုနဲ့ပွဲမှာ ပွဲချိန် ၉ မိနစ်အရောက် ဦးဆောင်ဂိုးသွင်းနိုင် ခဲ့တာဖြစ်ပြီး သူ့အတွက် ၇၂ ဂိုးမြောက်ဂိုးဖြစ်ရာ ချန်ပီယံလိဂ် သမိုင်းမှာ ရာအူးလ်ကို ကျော်ဖြတ်ကာ တတိယနေရာ ရောက်လာတာပါ။

သူ့အထက်မှာ ဂျူဗင်တပ်စ် တိုက်စစ်မှူး ရော်နယ်ဒိုနဲ့ ဘာစီလိုနာ အသင်းခေါင်းဆောင် မက်ဆီတို့နှစ်ဦးပဲ ရှိတော့ပြီး ရော်နယ်ဒိုက ၁၃၄ဂိုး၊ မက်ဆီက ၁၁၉ဂိုး အသီးသီး သွင်းယူ ထားပါတယ်။

ရီးရဲလ် တိုက်စစ်မှူး ဘန်ဇီးမားက ၆၉ ဂိုးနဲ့ အဆင့် ၅နေရာမှာ ရပ်တည်နေပြီး ဒုတိယဂိုးသွင်းယူခဲ့တဲ့ အသက် ၁၇ နှစ် အရွယ် ကွင်းလယ်လူ မူစီယာလာ ကလည်း ချန်ပီယံလိဂ်မှာ ဂိုးသွင်းနိုင်တဲ့ အသက်အငယ်ဆုံး အင်္ဂလိပ် ကစားသမားဖြစ်လာပါတယ်။

ဒါ့အပြင် ကွင်းလယ်လူ ကင်မစ်ရှ်ကလည်း ချန်ပီယံလိဂ်ပွဲ ၅၀ မှာ နိုင်ပွဲအများဆုံးရကစားသမားအဖြစ် စံချိန်သစ် တင်နိုင်ခဲ့ပြီး သူ့အနေနဲ့ ချန်ပီယံလိဂ်ပွဲ ၅၀ မှာ ၃၈ ပွဲ အနိုင်ရခဲ့တာ ဖြစ်သလို ရှုံးပွဲကလည်း ၅ပွဲပဲရှိပါတယ်။

သူ့နောက်မှာ ဘိုင်ယန်အသင်းဖော် မူလာက ၃၆ပွဲ၊ ရီးရဲလ် ကွင်းလယ်လူ ကက်စ်မဲရိုးက ၃၆ပွဲနဲ့ အသီးသီးရပ်တည်နေပါတယ်။