Unicode version
Gerardo ‘Tata’ Martino သည် ကမ္ဘာ့ဖလားပြိုင်ပွဲမှယထွက်ပြီးသည့်နောက် မက္ကဆီကိုအသင်း၏ နည်းပြရာထူးမှ နှုတ်ထွက်မည်ဖြစ်သည်။
နည်းပြ Gerardo ‘Tata’ Martino က ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စုကနေထွက်ခွာသွားပြီးတဲ့နောက်မှာ အသင်းနဲ့ စာချုပ်သစ်မချုပ်တော့ဘဲ လမ်းခွဲတော့မယ်လို့ FOX Sports မှ Rodolfo Landeros က အတည်ပြုပြောကြားခဲ့ပါတယ်။
“ကျွန်တော်တို့ တွေ့ကြုံခဲ့ရတဲ့ စိတ်ပျက်စရာကောင်းတဲ့ အခြေအနေမှာ ပထမဆုံးတာဝန်ရှိသူက ကျွန်တော်ပါ” လို့ ပွဲပြီးသတင်းစာရှင်းလင်းပွဲမှာ Martino ကပြောကြားခဲ့ပါတယ်။
“တာဝန်ရှိသူအနေနဲ့ ဝမ်းနည်းမှုအများကြီး ဖြစ်စေပါတယ်။ ဒီကြီးမားတဲ့ ရှုံးနိမ့်မှုအတွက် ကျွန်တော့်မှာ အပြည့်အဝ တာဝန်ရှိပါတယ်။
ဒိုင်လူကြီး နောက်ဆုံးပွဲသိမ်းခရာမှုတ်လိုက်ပြီးတာနဲ့ ကျွန်တော်နဲ့ အသင်းရဲ့စာချုပ်က ပြီးဆုံးသွားခဲ့ပါပြီ။ ဘာမှဆက်လုပ်စရာ မရှိတော့ပါဘူး။”
ဒီလို အုပ်စုအဆင့်မှ ထွက်ခွာသွားမှုဟာ ၁၉၇၈ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် မက္ကဆီကိုအသင်းကြုံတွေ့ခဲ့ရပြီး ၂၀၁၈ ကမ္ဘာ့ဖလားမှာ လက်ရှိချန်ပီယံ ဂျာမဏီအသင်းကိုတောင် အနိုင်ယူဖြတ်ကျော်ခဲ့ပါတယ်။ မက္ကဆီကိုအသင်းဟာ အုပ်စု (C) နောက်ဆုံးပွဲစဉ်မှာ ဆော်ဒီအာရေဗျအသင်းကို ၂-၁ ဂိုးနဲ့အနိုင်ယူခဲ့ပြီး ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ပထမဆုံးနိုင်ပွဲလဲဖြစ်ခဲ့ပါတယ်။
ထိုနိုင်ပွဲရရှိခဲ့သော်လည်း အာဂျင်တီးနားကို ရှုံးနိမ်းခဲ့သည့် ပိုလန်အသင်း၁က ရမှတ်တူ တစ်ဂိုးအသာရရှိခဲ့တာကြောင့် အဆင့် ၃ နဲ့သာ ကျေနပ်ခဲ့ရပြီး အကယ်၍ ဂိုးကွာခြားချက်တူနေမယ်ဆိုရင်တောင် မက္ကဆီကိုအသင်းက အဝါကဒ်ပြသခံရမှုများတာကြောင့် ပိုလန်အသင်းကသာ နောက်တစ်ဆင့်ကို တက်လှမ်းသွားမှာဖြစ်ပါတယ်။
Zawgyi version