Spots news

ကိုယ်ရေးကိုယ်တာကိစ္စကြောင့် ကာတာကနေ အင်္ဂလန်ကို ပြန်သွားခဲ့တဲ့ နောက်ခံကစားသမား Ben White

Unicode version

ကိုယ်ရေးကိုယ်တာကိစ္စကြောင့် ကာတာကနေ အင်္ဂလန်ကို ပြန်သွားခဲ့တဲ့ နောက်ခံကစားသမား Ben White

အာဆင်နယ်အသင်းရဲ့ နောက်ခံကစားသမား Ben White ဟာ ကိုယ်ရေးကိုယ်တာကိစ္စတွေကြောင့် ကာတာနိုင်ငံမှာ ကမ္ဘာ့ဖလားယှဉ်ပြိုင်ကစားနေတဲ့ အင်္ဂလန်အသင်းရဲ့လူစာရင်းကနေ ထွက်ခွာသွားပြီဖြစ်ပါတယ်။

အသက် ၂၅ နှစ်အရွယ် အဆိုပါကစားသမားဟာ အင်္ဂလန်အသင်းအတွက် လေးပွဲကစားပေးထားသော်လည်း ယခုနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲတစ်လျှောက် ကစားခွင့်လုံးဝမရသေးတာပဲဖြစ်ပါတယ်။ အီရန်၊ ယူအက်စ်အေတို့နဲ့ပွဲစဉ်မှာ လုံးဝကစားခွင့်မရခဲ့သလို နောက်ဆုံးအုပ်စုပွဲစဉ်ဖြစ်တဲ့ ဝေးစ်နဲ့ပွဲမှာတော့ ဖျားနာမှုကြောင့် လူစာရင်းထဲလွဲချော်ခဲ့ပါတယ်။ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် FA ကတော့ အောက်ပါအတိုင်း ထုတ်ပြန်ခဲ့ပါတယ်။

“Ben White ဟာ ကိုယ်ရေးကိုယ်တာအကြောင်းပြချက်နဲ့ Al Wakrah ရှိ အင်္ဂလန်အသင်းရဲ့ လေ့ကျင့်ရေးကွင်းကနေ အိမ်သို့ ပြန်သွားပြီဖြစ်ပါတယ်။
အာဆင်နယ်နောက်ခံကစားသမားဟာ လက်ကျန်ပြိုင်ပွဲတွေမှာ အသင်းထံပြန်လာဖို့ အခြေအနေမရှိတော့ပါဘူး။
ယခုလိုအချိန်မှာ ကစားသမားရဲ့ကိုယ်ရေးကိုယ်တာကိစ္စကို လေးစားဖို့ ကျွန်တော်တို့ တောင်းဆိုလိုပါတယ်”

အာဆင်နယ်ပရိသတ်များကလည်း “ငါတို့အားလုံး မင်းနဲ့အတူရှိနေမယ်” လို့ ထောက်ခံအားပေးခဲ့ကြပါတယ်။

Zawgyi version

ကိုယ္ေရးကိုယ္တာကိစၥေၾကာင့္ ကာတာကေန အဂၤလန္ကို ျပန္သြားခဲ့တဲ့ ေနာက္ခံကစားသမား Ben White

အာဆင္နယ္အသင္းရဲ႕ ေနာက္ခံကစားသမား Ben White ဟာ ကိုယ္ေရးကိုယ္တာကိစၥေတြေၾကာင့္ ကာတာနိုင္ငံမွာ ကမာၻ႔ဖလားယွဥ္ၿပိဳင္ကစားေနတဲ့ အဂၤလန္အသင္းရဲ႕လူစာရင္းကေန ထြက္ခြာသြားၿပီျဖစ္ပါတယ္။

အသက္ ၂၅ ႏွစ္အ႐ြယ္ အဆိုပါကစားသမားဟာ အဂၤလန္အသင္းအတြက္ ေလးပြဲကစားေပးထားေသာ္လည္း ယခုႏွစ္ကမာၻ႔ဖလားၿပိဳင္ပြဲတစ္ေလွ်ာက္ ကစားခြင့္လုံးဝမရေသးတာပဲျဖစ္ပါတယ္။ အီရန္၊ ယူအက္စ္ေအတို႔နဲ႕ပြဲစဥ္မွာ လုံးဝကစားခြင့္မရခဲ့သလို ေနာက္ဆုံးအုပ္စုပြဲစဥ္ျဖစ္တဲ့ ေဝးစ္နဲ႕ပြဲမွာေတာ့ ဖ်ားနာမႈေၾကာင့္ လူစာရင္းထဲလြဲေခ်ာ္ခဲ့ပါတယ္။ အဂၤလန္ေဘာလုံးအဖြဲ႕ခ်ဳပ္ FA ကေတာ့ ေအာက္ပါအတိုင္း ထုတ္ျပန္ခဲ့ပါတယ္။

“Ben White ဟာ ကိုယ္ေရးကိုယ္တာအေၾကာင္းျပခ်က္နဲ႕ Al Wakrah ရွိ အဂၤလန္အသင္းရဲ႕ ေလ့က်င့္ေရးကြင္းကေန အိမ္သို႔ ျပန္သြားၿပီျဖစ္ပါတယ္။
အာဆင္နယ္ေနာက္ခံကစားသမားဟာ လက္က်န္ၿပိဳင္ပြဲေတြမွာ အသင္းထံျပန္လာဖို႔ အေျခအေနမရွိေတာ့ပါဘူး။
ယခုလိုအခ်ိန္မွာ ကစားသမားရဲ႕ကိုယ္ေရးကိုယ္တာကိစၥကို ေလးစားဖို႔ ကြၽန္ေတာ္တို႔ ေတာင္းဆိုလိုပါတယ္”

အာဆင္နယ္ပရိသတ္မ်ားကလည္း “ငါတို႔အားလုံး မင္းနဲ႕အတူရွိေနမယ္” လို႔ ေထာက္ခံအားေပးခဲ့ၾကပါတယ္။