Spots news

မာတာကို ခေါ်ယူရန် စိတ်ဝင်စားနေကြတဲ့ စီးရီးအေ ကလပ်အသင်းများ

Unicode Version

ယူနိုက်တက်နဲ့ ရာသီကုန်မှာ စာချုပ်သက်တမ်း ကုန်တော့မယ့် ဂျူအန် မာတာကို စီးရီးအေကလပ် တော်တော် များများက စိတ်ဝင်စားနေကြောင်း သိရပါတယ်။

ဒေးဗစ်မိုရက်စ် လက်ထက် ကတည်းက အသင်းကို ရောက်လာတဲ့ မာတာဟာ ယခုနှစ်ရာသီ ၈ပွဲသာ ပွဲထွက်ခွင့် ရထားပါတယ်။

The Sunရဲ့ ဖော်ပြချက် အရတော့ ဂျူဗင်တပ်စ်၊ ရိုးမား၊ အင်တာမီလန် တို့ဟာ မာတာကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ ပြင်ဆင် နေကြောင်း သိရပါတယ်။

မာတာဟာ ယူနိုက်တက် အဝတ်လဲခန်းမှာ အရေးပါတဲ့ ကစားသမား တစ်ဦး ဖြစ်ပြီး အတွေ့အကြုံ  ရင့်ကျက်မှု ကြောင့် ဆိုးလ်ရှားကို ကူညီမှုတွေလည်း ပြုလုပ် နိုင်ခဲ့ပါတယ်။

ဒါပေမဲ့ မာတာဟာ ပုံမှန်ပွဲထွက်ခွင့် ၁ ခုကို လိုချင် နေတယ်လို့ ယုံကြည်ရပြီး ယခုအချိန် ယူနိုက်တက်မှာ ပြိုင်ဆိုင်မှုတွေ ပြုလုပ်နိုင်ခြင်း မရှိတဲ့ပုံ ပေါ်ပါတယ်။

စီးရီးအေ ကလပ်တွေဟာ ယူနိုက်တက်ကစားသမား တွေကို ခေါ်လေ့ရှိပြီး အက်ရှ်လေယန်း၊ ဒါမီယံ၊ ဆန်းချက်ဇ်၊ လူကာကူ တို့ကို အင်တာက ခေါ်ယူ ထားခဲ့ပါတယ်။

အင်တာမီလန် အသင်းဟာ မာတာကို ခေါ်ယူဖို့ စိတ် အဝင်စားဆုံး အသင်း ဖြစ်တယ် လို့လည်း အဆိုပါ သတင်းမှာ ဖော်ပြထား ပါတယ်။