Spots news

အင်္ဂလန်အသင်းကို ကမ္ဘာ့ဖလားချန်ပီယံမဖြစ်စေဖို့ တားဆီးနိုင်တာ တစ်သင်းတည်းရှိတယ်လို့ ဖာဒီနန် ကြုံးဝါး

အင်္ဂလန်အသင်းကို ကမ္ဘာ့ဖလားချန်ပီယံမဖြစ်စေဖို့ တားဆီးနိုင်တာ တစ်သင်းတည်းရှိတယ်လို့ ဖာဒီနန် ကြုံးဝါး

အင်္ဂလန်လက်ရွေးစင်ဟောင်း ရီယိုဖာဒီနန်က ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အင်္ဂလန်အသင်း ချန်ပီယံမဖြစ်စေဖို့ တားဆီးနိုင်တဲ့တစ်သင်းတည်းသောအသင်းက ဘရာဇီးပဲဖြစ်တယ်လို့ အခိုင်အမာပြောပါတယ်။

ဘရာဇီးဟာ ၁၆သင်းအဆင့်မှာ တောင်ကိုရီးယားကို အသာစီးနဲ့ ဂိုးပြတ်အနိုင်ယူခဲ့ပြီး ကွာတားဖိုင်နယ်မှာ ခရိုအေးရှားနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။
အင်္ဂလန်ဟာ ၁၆သင်းအဆင့်မှာ ဆီနီဂေါကို ဂိုးပြတ်အနိုင်ရခဲ့ပြီးနောက် ကွာတားဖိုင်နယ်မှာ လက်ရှိချန်ပီယံ ပြင်သစ်နဲ့ ပွဲကျပ်ကစားရမှာဖြစ်ပေမယ့် မန်ယူနောက်ခံလူဟောင်း ဖာဒီနန်ကတော့ အင်္ဂလန်အသင်းကို ဘရာဇီးတစ်သင်းပဲ အခက်တွေ့စေနိုင်တယ်လို့ ပြောပါတယ်။

”အင်္ဂလန်နဲ့ဆီနီဂေါပွဲမတိုင်ခင် ပြင်သစ်နဲ့ ပိုလန်ပွဲကို ကျွန်တော် သေချာကြည့်ဖြစ်ခဲ့ပါတယ်။ ပြင်သစ်က ကျွန်တော့်ဖေးဘရိတ်အသင်းတစ်သင်းပါတယ်။ ဒါပေမဲ့ ဦးစားပေးကစားသမား ၅ ဦးအထိ မပါနိုင်လို့ လက်ရှိပြင်သစ်အသင်းက အားနည်းနေပါတယ်။

ပိုလန်နဲ့ပြင်သစ်ပွဲကို ကြည့်ခဲ့ပြီးချိန်မှာတော့ ပြင်သစ်ကို ကြောက်စိတ်တစ်စက်မှမရှိတော့ဘူး။ အမ်ဘာပေတစ်ယောက်တည်းပဲ ကြောက်ရမှာပါ”
”တကယ်လို့ အင်္ဂလန်အသင်းသာ အမ်ဘာပေကို ထိန်းနိုင်မယ်ဆိုရင် ပြင်သစ်နဲ့ပွဲက သူတို့အတွက် ပြဿနာမရှိနိုင်ဘူးလို့ထင်ပါတယ်။

အင်္ဂလန်က ပြင်သစ်ထက်ပိုကောင်းတာ ရာနှုန်းပြည့်သေချာပါတယ်။ အင်္ဂလန်အသင်း ကမ္ဘာ့ဖလားချန်ပီယံဖြစ်မယ်လို့ထင်ပါတယ်။ အင်္ဂလန်အတွက် ချန်ပီယံဖြစ်ဖို့ တစ်သင်းတည်းသောပြိုင်ဘက်ကတော့ ဘရာဇီးပါ။ သူတို့မှာ ဥရောပအခြေစိုက်ကစားသမားကောင်းတွေအများကြီးရှိပါတယ်”လို့ ဖာဒီနန်က ပြောပါတယ်။

Zawgyi versions

အဂၤလန္အသင္းကို ကမာၻ႔ဖလားခ်န္ပီယံမျဖစ္ေစဖို႔ တားဆီးနိုင္တာ တစ္သင္းတည္းရွိတယ္လို႔ ဖာဒီနန္ ႀကဳံးဝါး

အဂၤလန္လက္ေ႐ြးစင္ေဟာင္း ရီယိုဖာဒီနန္က ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ အဂၤလန္အသင္း ခ်န္ပီယံမျဖစ္ေစဖို႔ တားဆီးနိုင္တဲ့တစ္သင္းတည္းေသာအသင္းက ဘရာဇီးပဲျဖစ္တယ္လို႔ အခိုင္အမာေျပာပါတယ္။

ဘရာဇီးဟာ ၁၆သင္းအဆင့္မွာ ေတာင္ကိုရီးယားကို အသာစီးနဲ႕ ဂိုးျပတ္အနိုင္ယူခဲ့ၿပီး ကြာတားဖိုင္နယ္မွာ ခရိုေအးရွားနဲ႕ ရင္ဆိုင္ရမွာျဖစ္ပါတယ္။
အဂၤလန္ဟာ ၁၆သင္းအဆင့္မွာ ဆီနီေဂါကို ဂိုးျပတ္အနိုင္ရခဲ့ၿပီးေနာက္ ကြာတားဖိုင္နယ္မွာ လက္ရွိခ်န္ပီယံ ျပင္သစ္နဲ႕ ပြဲက်ပ္ကစားရမွာျဖစ္ေပမယ့္ မန္ယူေနာက္ခံလူေဟာင္း ဖာဒီနန္ကေတာ့ အဂၤလန္အသင္းကို ဘရာဇီးတစ္သင္းပဲ အခက္ေတြ႕ေစနိုင္တယ္လို႔ ေျပာပါတယ္။

”အဂၤလန္နဲ႕ဆီနီေဂါပြဲမတိုင္ခင္ ျပင္သစ္နဲ႕ ပိုလန္ပြဲကို ကြၽန္ေတာ္ ေသခ်ာၾကည့္ျဖစ္ခဲ့ပါတယ္။ ျပင္သစ္က ကြၽန္ေတာ့္ေဖးဘရိတ္အသင္းတစ္သင္းပါတယ္။ ဒါေပမဲ့ ဦးစားေပးကစားသမား ၅ ဦးအထိ မပါနိုင္လို႔ လက္ရွိျပင္သစ္အသင္းက အားနည္းေနပါတယ္။

ပိုလန္နဲ႕ျပင္သစ္ပြဲကို ၾကည့္ခဲ့ၿပီးခ်ိန္မွာေတာ့ ျပင္သစ္ကို ေၾကာက္စိတ္တစ္စက္မွမရွိေတာ့ဘူး။ အမ္ဘာေပတစ္ေယာက္တည္းပဲ ေၾကာက္ရမွာပါ”
”တကယ္လို႔ အဂၤလန္အသင္းသာ အမ္ဘာေပကို ထိန္းနိုင္မယ္ဆိုရင္ ျပင္သစ္နဲ႕ပြဲက သူတို႔အတြက္ ျပႆနာမရွိနိုင္ဘူးလို႔ထင္ပါတယ္။

အဂၤလန္က ျပင္သစ္ထက္ပိုေကာင္းတာ ရာႏႈန္းျပည့္ေသခ်ာပါတယ္။ အဂၤလန္အသင္း ကမာၻ႔ဖလားခ်န္ပီယံျဖစ္မယ္လို႔ထင္ပါတယ္။ အဂၤလန္အတြက္ ခ်န္ပီယံျဖစ္ဖို႔ တစ္သင္းတည္းေသာၿပိဳင္ဘက္ကေတာ့ ဘရာဇီးပါ။ သူတို႔မွာ ဥေရာပအေျခစိုက္ကစားသမားေကာင္းေတြအမ်ားႀကီးရွိပါတယ္”လို႔ ဖာဒီနန္က ေျပာပါတယ္။