Spots news

လာလီဂါအသင်းငယ်လေး ကာဒစ်ဇ်ကို ဂိုးပြတ်အရေးနိမ့်သွားခဲ့တဲ့ မန်ယူ

လာလီဂါအသင်းငယ်လေး ကာဒစ်ဇ်ကို ဂိုးပြတ်အရေးနိမ့်သွားခဲ့တဲ့ မန်ယူ

ကမ္ဘာ့ဖလားပြိုင်ပွဲကာလအတွင်း ကာတာမှာ ကစားခွင့်ရနေတဲ့အသင်းသားတွေမပါဘဲ ကျန်တဲ့အသင်းသားတွေနဲ့အတူ ထရိန်နင်ဆင်းနေတဲ့ မန်ယူဟာ ယမန်နေ့ညက လာလီဂါအသင်းငယ်လေး ကာဒစ်ဇ်ကို ဂိုးပြတ်အရေးနိမ့်ခဲ့ရပါတယ်။

မန်ယူအသင်းဟာ ပွဲချိန် ၁၄ မိနစ်အရောက်မှာပဲ ၂ဂိုးပြတ်ဦးဆောင်ခံခဲ့ရတာဖြစ်ပြီး ဒုတိယပိုင်းမှာ လူငယ်အက်ဖ်အေဖလားရရှိခဲ့တဲ့အသင်းသားအများအပြားကို အခွင့်အရေးပေးခဲ့တာမှန်ပေမယ့် ပထမပိုင်းမှာတော့ မာစီယယ်၊ ဗန်ဒီဘိခ်၊ မက်တိုမီနေး၊ လင်ဒီလော့ဖ်နဲ့ ဝမ်ဘစ်ဆာကာတို့လို ကြယ်ပွင့်တွေ ပါခဲ့တာတောင် ၂-၁ ဂိုးနဲ့ ပထမပိုင်းမှာ အရေးနိမ့်နေခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်းပြန်စလို့ သိပ်မကြာခင် ကော့ဘီမိုင်နူးက မန်ယူအတွက် ၂-၂ ဂိုးဖြစ်စေမယ့် ဒုတိယမြောက်ချေပဂိုးသွင်းယူနိုင်ခဲ့ပေမယ့် လာလီဂါမှာ အဆင့် ၁၉ နေရာရောက်နေတဲ့ ကာဒစ်ဇ်က မန်ယူဘက်က မိနစ် ၂၀ အတွင်း ၂ဂိုးသွင်းယူနိုင်ခဲ့ပြီး နယူးကာဆယ်ကနေ မန်ယူကို အငှားနဲ့ ရောက်လာပြီးနောက် ဒုတိယမြောက်ပွဲအဖြစ် ပါဝင်ကစားခွင့်ရခဲ့တဲ့ ဂိုးသမား ဒူဘရာကာလည်း ၄ဂိုးတောင် အသွင်းခံလိုက်ရပါတယ်။

မန်ယူဟာ ကာဒစ်ဇ်မြို့အပြင်ဘက်မှာ ဆက်လက်ထရိန်နင်ဆင်းမှာဖြစ်ပြီး စနေနေ့မှာ ဒုတိယမြောက်ခြေစမ်းပွဲအဖြစ် ဆီဗီးလ်မြို့မှာ ဘက်တစ်အသင်းနဲ့ ကစားဦးမှာဖြစ်ပါတယ်။
မန်ယူအသင်းနည်းပြ အဲရစ်တန်ဟတ်က ကာဒစ်ဇ်နဲ့ခြေစမ်းပွဲဟာ လက်ရှိအသင်းသားတွေ

အတွက် အခွင့်အရေးဖြစ်လာနိုင်တယ်လို့ ပွဲမတိုင်ခင်မှာ ပြောခဲ့ပေမယ့် တကယ်တမ်းမှာတော့ ပွဲချိန် ၁၄ မိနစ်မှာပဲ ၂ဂိုးပြတ်ဦးဆောင်ခံခဲ့ရပြီး ပွဲချိန် ၂၁ မိနစ်မှာ မာစီယယ်က ပင်နယ်တီကနေ ပထမချေပဂိုးသွင်းယူခဲ့ပါတယ်။

မန်ယူအသင်းရဲ့ပွဲထွက်စာရင်းက တောင့်တင်းတယ်လို့ ဆိုနိုင်ပြီး လက်တလောခြေစွမ်းပြနေတဲ့ ဂါနာချိုနဲ့ နောက်ထပ်တောင်ပံကစားသမား အီလန်ဂါတို့လည်း ပါဝင်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာ နှစ်သင်းစလုံး ကစားသမားအပြောင်းအလဲတွေ ပြုလုပ်ခဲ့တဲ့အနက် မန်ယူအသင်းနည်းပြ တန်ဟတ်က ဂိုးသမားမပါ ကျန်တဲ့ကစားသမား ၁၀ဦးစလုံးကို အပြောင်းအလဲပြုလုပ်ခဲ့ပါတယ်။

Zawgyi version

လာလီဂါအသင္းငယ္ေလး ကာဒစ္ဇ္ကို ဂိုးျပတ္အေရးနိမ့္သြားခဲ့တဲ့ မန္ယူ

ကမာၻ႔ဖလားၿပိဳင္ပြဲကာလအတြင္း ကာတာမွာ ကစားခြင့္ရေနတဲ့အသင္းသားေတြမပါဘဲ က်န္တဲ့အသင္းသားေတြနဲ႕အတူ ထရိန္နင္ဆင္းေနတဲ့ မန္ယူဟာ ယမန္ေန႕ညက လာလီဂါအသင္းငယ္ေလး ကာဒစ္ဇ္ကို ဂိုးျပတ္အေရးနိမ့္ခဲ့ရပါတယ္။

မန္ယူအသင္းဟာ ပြဲခ်ိန္ ၁၄ မိနစ္အေရာက္မွာပဲ ၂ဂိုးျပတ္ဦးေဆာင္ခံခဲ့ရတာျဖစ္ၿပီး ဒုတိယပိုင္းမွာ လူငယ္အက္ဖ္ေအဖလားရရွိခဲ့တဲ့ အသင္းသားအမ်ားအျပားကို အခြင့္အေရးေပးခဲ့တာမွန္ေပမယ့္ ပထမပိုင္းမွာေတာ့ မာစီယယ္၊ ဗန္ဒီဘိခ္၊ မက္တိုမီေနး၊ လင္ဒီေလာ့ဖ္နဲ႕ ဝမ္ဘစ္ဆာကာတို႔လို ၾကယ္ပြင့္ေတြ ပါခဲ့တာေတာင္ ၂-၁ ဂိုးနဲ႕ ပထမပိုင္းမွာ အေရးနိမ့္ေနခဲ့တာျဖစ္ပါတယ္။

ဒုတိယပိုင္းျပန္စလို႔ သိပ္မၾကာခင္ ေကာ့ဘီမိုင္ႏူးက မန္ယူအတြက္ ၂-၂ ဂိုးျဖစ္ေစမယ့္ ဒုတိယေျမာက္ေခ်ပဂိုးသြင္းယူနိုင္ခဲ့ေပမယ့္ လာလီဂါမွာ အဆင့္ ၁၉ ေနရာေရာက္ေနတဲ့ ကာဒစ္ဇ္က မန္ယူဘက္က မိနစ္ ၂၀ အတြင္း

၂ဂိုးသြင္းယူနိုင္ခဲ့ၿပီး နယူးကာဆယ္ကေန မန္ယူကို အငွားနဲ႕ ေရာက္လာၿပီးေနာက္ ဒုတိယေျမာက္ပြဲအျဖစ္ ပါဝင္ကစားခြင့္ရခဲ့တဲ့ ဂိုးသမား ဒူဘရာကာလည္း ၄ဂိုးေတာင္ အသြင္းခံလိုက္ရပါတယ္။

မန္ယူဟာ ကာဒစ္ဇ္ၿမိဳ႕အျပင္ဘက္မွာ ဆက္လက္ထရိန္နင္ဆင္းမွာျဖစ္ၿပီး စေနေန႕မွာ ဒုတိယေျမာက္ေျခစမ္းပြဲအျဖစ္ ဆီဗီးလ္ၿမိဳ႕မွာ ဘက္တစ္အသင္းနဲ႕ ကစားဦးမွာျဖစ္ပါတယ္။

မန္ယူအသင္းနည္းျပ အဲရစ္တန္ဟတ္က ကာဒစ္ဇ္နဲ႕ေျခစမ္းပြဲဟာ လက္ရွိအသင္းသားေတြအတြက္ အခြင့္အေရးျဖစ္လာနိုင္တယ္လို႔ ပြဲမတိုင္ခင္မွာ ေျပာခဲ့ေပမယ့္ တကယ္တမ္းမွာေတာ့ ပြဲခ်ိန္ ၁၄ မိနစ္မွာပဲ ၂ဂိုးျပတ္ဦးေဆာင္ခံခဲ့ရၿပီး ပြဲခ်ိန္ ၂၁ မိနစ္မွာ မာစီယယ္က ပင္နယ္တီကေန ပထမေခ်ပဂိုးသြင္းယူခဲ့ပါတယ္။

မန္ယူအသင္းရဲ႕ပြဲထြက္စာရင္းက ေတာင့္တင္းတယ္လို႔ ဆိုနိုင္ၿပီး လက္တေလာေျခစြမ္းျပေနတဲ့ ဂါနာခ်ိဳနဲ႕ ေနာက္ထပ္ေတာင္ပံကစားသမား အီလန္ဂါတို႔လည္း ပါဝင္ခဲ့ပါတယ္။

ဒုတိယပိုင္းမွာ ႏွစ္သင္းစလုံး ကစားသမားအေျပာင္းအလဲေတြ ျပဳလုပ္ခဲ့တဲ့အနက္ မန္ယူအသင္းနည္းျပ တန္ဟတ္က ဂိုးသမားမပါ က်န္တဲ့ကစားသမား ၁၀ဦးစလုံးကို အေျပာင္းအလဲျပဳလုပ္ခဲ့ပါတယ္။