Spots news

ကာဒစ်ဇ်ကို အရေးနိမ့်ခဲ့တဲ့ပွဲမှာ အသင်းရဲ့စွမ်းဆောင်ရည်က လက်သင့်မခံနိုင်စရာပဲလို့ တန်ဟတ် ပြင်းထန်စွာဝေဖန်

ကာဒစ်ဇ်ကို အရေးနိမ့်ခဲ့တဲ့ပွဲမှာ အသင်းရဲ့စွမ်းဆောင်ရည်က လက်သင့်မခံနိုင်စရာပဲလို့ တန်ဟတ် ပြင်းထန်စွာဝေဖန်

မန်ယူအသင်းနည်းပြ အဲရစ်တန်ဟတ်ဟာ ခြေစမ်းပွဲမှာ လာလီဂါအသင်းငယ်လေး ကာဒစ်ဇ်ကို ၄-၂ ဂိုးနဲ့ အရေးနိမ့်ခဲ့ရမှုအပေါ် စိတ်ပျက်နေပြီး အသင်းရဲ့စွမ်းဆောင်ရည်က လက်သင့်ခံနိုင်စရာမရှိဘူးလို့ ပြင်းထန်စွာဝေဖန်သွားပါတယ်။

 

နယ်သာလန်နိုင်ငံသား တန်ဟတ်ဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ကစားခွင့်မရခဲ့တဲ့အသင်းသားတွေနဲ့အတူ စပိန်မြေမှာ ထရိန်နင်လာဆင်းနေတာဖြစ်ပြီး ပရီးမီးယားလိဂ်ပွဲတွေ ပြန်လည်စတင်ချိန်မှာ ပွဲကြံ့ခိုင်မှုအပြည့်ဖြစ်နေစေဖို့ ရည်ရွယ်တာဖြစ်ပါတယ်။

 

အဲဒီပွဲရဲ့ပွဲထွက်စာရင်းမှာ မာစီယယ်၊ ဝမ်ဘစ်ဆာကာ၊ ဂါနာချို၊ ဗန်ဒီဘိခ်၊ ဒူဘရာကာ၊ လင်ဒီလော့ဖ်နဲ့ မက်တိုမီနေးတို့လို နာမည်ရှိကစားသမားတွေ ပါဝင်ခဲ့ပေမယ့် ပွဲချိန်အစောပိုင်းမှာပဲ ကာဒစ်ဇ်က ၂ဂိုးဆက်တိုက်သွင်းယူခဲ့လို့ စောစောစီးစီး ဂိုးပြတ်ဦးဆောင်ခံလိုက်ရပါတယ်။

မာစီယယ်က ပင်နယ်တီကနေ ချေပဂိုးတစ်ဂိုးသွင်းယူခဲ့ပေမယ့် ကာဒစ်ဇ်က လွယ်ကူတဲ့ဂိုးပြတ်နိုင်ပွဲတစ်ပွဲ ဖန်တီးသွားခဲ့ပြီး နည်းပြတန်ဟတ်က အသင်းရဲ့ခြေစွမ်းအပေါ် မပျော်မရွှင်ဖြစ်နေတဲ့အနက် အထူးသဖြင့် ပထမပိုင်းခြေစွမ်းက စိတ်ပျက်စရာပိုကောင်းတယ်လို့ ပြောပါတယ်။

”အမြင်ကတော့ သိပ်ကိုရှင်းပါတယ်။ ကျွန်တော်တို့ဟာ ပွဲအစ ၁၅မိနစ်ရောက်တဲ့အထိ မနိုးထနိုင်သေးဘဲ အိပ်ပျော်နေခဲ့ပါတယ်။ အဲဒီအတွက် ကျွန်တော်တို့ ကြိုတင်ပြင်ဆင်ခဲ့ပါတယ်။ ကာဒစ်ဇ်က အကူးအပြောင်းတွေမှာ ခြိမ်းခြောက်နိုင်စွမ်းရှိပြီး ဒုတိယဂိုးကို ကြည့်ရင် သိနိုင်ပါတယ်”

”ကျွန်တော်တို့အသင်း မနိုးထခဲ့ပါဘူး။ အထူးသဖြင့် ကွင်းလယ်မှာပါ။ ဒါက ဖြစ်နိုင်စရာမရှိသလို လက်သင့်ခံနိုင်စရာလည်း မရှိပါဘူး။ ပထမဂိုးလည်း အဲဒီအတိုင်းပါပဲ”လို့ တန်ဟတ်က ပြောပါတယ်။
တန်ဟတ်ဟာ ဒုတိယပိုင်းမှာ ဂိုးသမားကလွဲလို့ အားလုံးကို အပြောင်းအလဲပြုလုပ်ခဲ့ပြီး လူငယ်ကြယ်ပွင့်တွေအနေနဲ့ အဲဒီပွဲကနေ သင်ခန်းစာရယူနိုင်လိမ့်မယ်လို့ ပြောပါတယ်။

”လူငယ်လေးတွေက စွမ်းအင်ပေးနိုင်ခဲ့ပါတယ်။ သူတို့ အားကြိုးမာန်တက်ပြေးလွှားတယ်၊ တိုက်ပွဲဝင်တယ်။ ဒီလိုပွဲမျိုးတွေ မကစားဖူးလို့ သူတို့ အမှားတွေလည်း ကျူးလွန်မိခဲ့ပါတယ်။ ဒါပေမဲ့ ဒီပွဲက သူတို့အတွက် သင်ခန်းစာကောင်းတစ်ခုပါပဲ။ အဓိကကတော့ ပွဲအစ ၁၅ မိနစ်က ကျွန်တော်တို့အသင်းရဲ့စံနှုန်းနဲ့ ဘယ်လိုမှမကိုက်ညီပါဘူး။ တော်တော်ဆိုးပါတယ်”လို့ တန်ဟတ်က ဆက်ပြောပါတယ်။

Zawgyi versions

ကာဒစ္ဇ္ကို အေရးနိမ့္ခဲ့တဲ့ပြဲမွာ အသင္းရဲ႕စြမ္းေဆာင္ရည္က လက္သင့္မခံနိုင္စရာပဲလို႔ တန္ဟတ္ ျပင္းထန္စြာေဝဖန္

မန္ယူအသင္းနည္းျပ အဲရစ္တန္ဟတ္ဟာ ေျခစမ္းပြဲမွာ လာလီဂါအသင္းငယ္ေလး ကာဒစ္ဇ္ကို ၄-၂ ဂိုးနဲ႕ အေရးနိမ့္ခဲ့ရမႈအေပၚ စိတ္ပ်က္ေနၿပီး အသင္းရဲ႕စြမ္းေဆာင္ရည္က လက္သင့္ခံနိုင္စရာမရွိဘူးလို႔ ျပင္းထန္စြာေဝဖန္သြားပါတယ္။

နယ္သာလန္နိုင္ငံသား တန္ဟတ္ဟာ ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ ပါဝင္ကစားခြင့္မရခဲ့တဲ့အသင္းသားေတြနဲ႕အတူ စပိန္ေျမမွာ ထရိန္နင္လာဆင္းေနတာျဖစ္ၿပီး ပရီးမီးယားလိဂ္ပြဲေတြ ျပန္လည္စတင္ခ်ိန္မွာ ပြဲႀကံ့ခိုင္မႈအျပည့္ျဖစ္ေနေစဖို႔ ရည္႐ြယ္တာျဖစ္ပါတယ္။

အဲဒီပြဲရဲ႕ပြဲထြက္စာရင္းမွာ မာစီယယ္၊ ဝမ္ဘစ္ဆာကာ၊ ဂါနာခ်ိဳ၊ ဗန္ဒီဘိခ္၊ ဒူဘရာကာ၊ လင္ဒီေလာ့ဖ္နဲ႕ မက္တိုမီေနးတို႔လို နာမည္ရွိကစားသမားေတြ ပါဝင္ခဲ့ေပမယ့္ ပြဲခ်ိန္အေစာပိုင္းမွာပဲ ကာဒစ္ဇ္က ၂ဂိုးဆက္တိုက္သြင္းယူခဲ့လို႔ ေစာေစာစီးစီး ဂိုးျပတ္ဦးေဆာင္ခံလိုက္ရပါတယ္။

မာစီယယ္က ပင္နယ္တီကေန ေခ်ပဂိုးတစ္ဂိုးသြင္းယူခဲ့ေပမယ့္ ကာဒစ္ဇ္က လြယ္ကူတဲ့ဂိုးျပတ္နိုင္ပြဲတစ္ပြဲ ဖန္တီးသြားခဲ့ၿပီး နည္းျပတန္ဟတ္က အသင္းရဲ႕ေျခစြမ္းအေပၚ မေပ်ာ္မ႐ႊင္ျဖစ္ေနတဲ့အနက္ အထူးသျဖင့္ ပထမပိုင္းေျခစြမ္းက စိတ္ပ်က္စရာပိုေကာင္းတယ္လို႔ ေျပာပါတယ္။

”အျမင္ကေတာ့ သိပ္ကိုရွင္းပါတယ္။ ကြၽန္ေတာ္တို႔ဟာ ပြဲအစ ၁၅မိနစ္ေရာက္တဲ့အထိ မနိုးထနိုင္ေသးဘဲ အိပ္ေပ်ာ္ေနခဲ့ပါတယ္။ အဲဒီအတြက္ ကြၽန္ေတာ္တို႔ ႀကိဳတင္ျပင္ဆင္ခဲ့ပါတယ္။ ကာဒစ္ဇ္က အကူးအေျပာင္းေတြမွာ ၿခိမ္းေျခာက္နိုင္စြမ္းရွိၿပီး ဒုတိယဂိုးကို ၾကည့္ရင္ သိနိုင္ပါတယ္”

”ကြၽန္ေတာ္တို႔အသင္း မနိုးထခဲ့ပါဘူး။ အထူးသျဖင့္ ကြင္းလယ္မွာပါ။ ဒါက ျဖစ္နိုင္စရာမရွိသလို လက္သင့္ခံနိုင္စရာလည္း မရွိပါဘူး။ ပထမဂိုးလည္း အဲဒီအတိုင္းပါပဲ”လို႔ တန္ဟတ္က ေျပာပါတယ္။
တန္ဟတ္ဟာ ဒုတိယပိုင္းမွာ ဂိုးသမားကလြဲလို႔ အားလုံးကို အေျပာင္းအလဲျပဳလုပ္ခဲ့ၿပီး လူငယ္ၾကယ္ပြင့္ေတြအေနနဲ႕ အဲဒီပြဲကေန သင္ခန္းစာရယူနိုင္လိမ့္မယ္လို႔ ေျပာပါတယ္။

”လူငယ္ေလးေတြက စြမ္းအင္ေပးနိုင္ခဲ့ပါတယ္။ သူတို႔ အားႀကိဳးမာန္တက္ေျပးလႊားတယ္၊ တိုက္ပြဲဝင္တယ္။ ဒီလိုပြဲမ်ိဳးေတြ မကစားဖူးလို႔ သူတို႔ အမွားေတြလည္း က်ဴးလြန္မိခဲ့ပါတယ္။ ဒါေပမဲ့ ဒီပြဲက သူတို႔အတြက္ သင္ခန္းစာေကာင္းတစ္ခုပါပဲ။ အဓိကကေတာ့ ပြဲအစ ၁၅ မိနစ္က ကြၽန္ေတာ္တို႔အသင္းရဲ႕စံႏႈန္းနဲ႕ ဘယ္လိုမွမကိုက္ညီပါဘူး။ ေတာ္ေတာ္ဆိုးပါတယ္”လို႔ တန္ဟတ္က ဆက္ေျပာပါတယ္။