Spots news

မန်ယူပရိသတ်တွေ ဝမ်းသာစေမယ့်စကား ဖွင့်ဟလာတဲ့ ဂတ်ပို

မန်ယူပရိသတ်တွေ ဝမ်းသာစေမယ့်စကား ဖွင့်ဟလာတဲ့ ဂတ်ပို

ပီအက်စ်ဗွီအသင်းတိုက်စစ်သမား ကိုဒီဂတ်ပိုက တကယ်လို့ ဇန်နဝါရီလအတွင်း မန်ယူအသင်းဘက်က ထပ်မံကမ်းလှမ်းလာရင် အိုးထရက်ဖို့ဒ်ကို ပြောင်းရွှေ့ဖို့ စဉ်းစားဆုံးဖြတ်ဖြစ်လိမ့်မယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

အသက် ၂၃ နှစ်အရွယ်ရှိ ဂတ်ပိုဟာ ပရီးမီးယားလိဂ်အသင်းကြီးတွေရဲ့စိတ်ဝင်စားမှုခံနေရပြီးနောက် လာမယ့်လအတွင်း ပီအက်စ်ဗွီကနေ ထွက်ခွာဖွယ်ရှိနေပြီး ကျင်းပလျက်ရှိတဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ နယ်သာလန်အသင်းနဲ့အတူ ခြေစွမ်းပြနေလို့ အသင်းကြီးတွေရဲ့ပစ်မှတ်ဖြစ်နေပါတယ်။

ဂတ်ပိုဟာ နယ်သာလန်အတွက် ၃ဂိုသွင်းယူပေးထားသလို အသင်းကလည်း ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် အာဂျင်တီးနားနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။

ယခုရာသီမှာ ပီအက်စ်ဗွီအတွက် ၁၃ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၁၇ကြိမ်ပြုလုပ်ပေးထားတဲ့ ဂတ်ပိုကို ခေါ်ယူဖို့ အာဆင်နယ်နဲ့ လီဗာပူးတို့အပြိုင်စိတ်ဝင်စားနေသလို နွေရာသီက လိဒ်ယူနိုက်တက်ကလည်း ဂတ်ပိုကို ခေါ်ယူဖို့ ကြိုးစားခဲ့ဖူးပါတယ်။

ဒါပေမဲ့ မန်ယူက ဂတ်ပိုကို ခေါ်ယူနိုင်ဖို့ ရေပန်းအစားဆုံးဖြစ်နေပြီး ကစားသမားကိုယ်တိုင်က ပြီးခဲ့တဲ့နွေရာသီအတွင်း မန်ယူအသင်းနည်းပြ တန်ဟတ်နဲ့ ဆွေးနွေးခဲ့ဖူးတယ်လို့ ဖွင့်ဟထားပါတယ်။

အခုလည်း ဂတ်ပိုက ”ဘာတွေဖြစ်လာမလဲဆိုတာတော့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။ မန်ယူအသင်းအကြောင်း စဉ်းစားခဲ့ဖူးပေမယ့် ဖြစမလာခဲ့တဲ့အခါမှာ ကျွန်တော်လည်း ဘာမှန်းဆက်မသိတော့ပါဘူး။ မန်ယူဘက်က ကျွန်တော်နဲ့ပတ်သက်လို့ ဘာမှမကြားရသေးပါဘူး။ တကယ်လို့ သူတို့ဘက်က ကမ်းလှမ်းလာရင်တော့ ကျွန်တော် လက်ခံစဉ်းစားဖြစ်ဖို့ များပါတယ်”လို့ ဂတ်ပိုက ပြောပါတယ်။

Football Insider ရဲ့သတင်းပေးပို့ချက်အရ မန်ယူအသင်းဟာ လာမယ့်ဇန်နဝါရီလအတွင်း ဂတ်ပိုကို ခေါ်ယူဖို့ အကြိုသဘောတူညီမှုရယူထားပြီးဖြစ်ကြောင်း သိရပါတယ်။

နောက်ထပ်သတင်းတွေရဲ့ဖော်ပြချက်အရ ပီအက်စ်ဗွီအသင်းဟာ ကမ္ဘာ့ဖလားမှာ ခြေစွမ်းပြနေတဲ့ ဂတ်ပိုအတွက် ပြောင်းရွှေ့ကြေးကို ယူရိုသန်း ၆၀အထိ တိုးမြှင့်ဖွယ်ရှိနေတယ်လို့ သိရပါတယ်။

Zawgyi versions

မန္ယူပရိသတ္ေတြ ဝမ္းသာေစမယ့္စကား ဖြင့္ဟလာတဲ့ ဂတ္ပို

ပီအက္စ္ဗြီအသင္းတိုက္စစ္သမား ကိုဒီဂတ္ပိုက တကယ္လို႔ ဇန္နဝါရီလအတြင္း မန္ယူအသင္းဘက္က ထပ္မံကမ္းလွမ္းလာရင္ အိုးထရက္ဖို႔ဒ္ကို ေျပာင္းေ႐ႊ႕ဖို႔ စဥ္းစားဆုံးျဖတ္ျဖစ္လိမ့္မယ္လို႔ ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။

အသက္ ၂၃ ႏွစ္အ႐ြယ္ရွိ ဂတ္ပိုဟာ ပရီးမီးယားလိဂ္အသင္းႀကီးေတြရဲ႕စိတ္ဝင္စားမႈခံေနရၿပီးေနာက္ လာမယ့္လအတြင္း ပီအက္စ္ဗြီကေန ထြက္ခြာဖြယ္ရွိေနၿပီး က်င္းပလ်က္ရွိတဲ့ ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ နယ္သာလန္အသင္းနဲ႕အတူ ေျခစြမ္းျပေနလို႔ အသင္းႀကီးေတြရဲ႕ပစ္မွတ္ျဖစ္ေနပါတယ္။

ဂတ္ပိုဟာ နယ္သာလန္အတြက္ ၃ဂိုသြင္းယူေပးထားသလို အသင္းကလည္း ကြာတားဖိုင္နယ္ပြဲစဥ္အျဖစ္ အာဂ်င္တီးနားနဲ႕ ရင္ဆိုင္ရမွာျဖစ္ပါတယ္။

ယခုရာသီမွာ ပီအက္စ္ဗြီအတြက္ ၁၃ ဂိုးသြင္းယူကာ ဂိုးဖန္တီးမႈ ၁၇ႀကိမ္ျပဳလုပ္ေပးထားတဲ့ ဂတ္ပိုကို ေခၚယူဖို႔ အာဆင္နယ္နဲ႕ လီဗာပူးတို႔က အၿပိဳင္စိတ္ဝင္စားေနသလို ေႏြရာသီက လိဒ္ယူနိုက္တက္ကလည္း ဂတ္ပိုကို ေခၚယူဖို႔ ႀကိဳးစားခဲ့ဖူးပါတယ္။

ဒါေပမဲ့ မန္ယူက ဂတ္ပိုကို ေခၚယူနိုင္ဖို႔ ေရပန္းအစားဆုံးျဖစ္ေနၿပီး ကစားသမားကိုယ္တိုင္က ၿပီးခဲ့တဲ့ေႏြရာသီအတြင္း မန္ယူအသင္းနည္းျပ တန္ဟတ္နဲ႕ ေဆြးေႏြးခဲ့ဖူးတယ္လို႔ ဖြင့္ဟထားပါတယ္။

အခုလည္း ဂတ္ပိုက ”ဘာေတြျဖစ္လာမလဲဆိုတာေတာ့ ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။ မန္ယူအသင္းအေၾကာင္း စဥ္းစားခဲ့ဖူးေပမယ့္ ျဖစမလာခဲ့တဲ့အခါမွာ ကြၽန္ေတာ္လည္း ဘာမွန္းဆက္မသိေတာ့ပါဘူး။ မန္ယူဘက္က ကြၽန္ေတာ္နဲ႕ပတ္သက္လို႔ ဘာမွမၾကားရေသးပါဘူး။ တကယ္လို႔ သူတို႔ဘက္က ကမ္းလွမ္းလာရင္ေတာ့ ကြၽန္ေတာ္ လက္ခံစဥ္းစားျဖစ္ဖို႔ မ်ားပါတယ္”လို႔ ဂတ္ပိုက ေျပာပါတယ္။

Football Insider ရဲ႕သတင္းေပးပို႔ခ်က္အရ မန္ယူအသင္းဟာ လာမယ့္ဇန္နဝါရီလအတြင္း ဂတ္ပိုကို ေခၚယူဖို႔ အႀကိဳသေဘာတူညီမႈရယူထားၿပီးျဖစ္ေၾကာင္း သိရပါတယ္။

ေနာက္ထပ္သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ ပီအက္စ္ဗြီအသင္းဟာ ကမာၻ႔ဖလားမွာ ေျခစြမ္းျပေနတဲ့ ဂတ္ပိုအတြက္ ေျပာင္းေ႐ႊ႕ေၾကးကို ယူရိုသန္း ၆၀အထိ တိုးျမႇင့္ဖြယ္ရွိေနတယ္လို႔ သိရပါတယ္။