Spots news

ဂါရတ်ဘေးလ်ကိုကျော်ပြီး အညံ့ဆုံးကစားသမားအဖြစ်ရွေးချယ်ခံရတဲ့ အယ်ကန်တာရာ

Unicode Version

လီဗာပူး ကွင်းလယ်လူ သီယာဂို အယ်ကန်တာရာဟာ ပရီးယားလိဂ်ရဲ့ ခြေစွမ်း အညံ့ဖျင်းဆုံး ကစားသမား အဖြစ် ဂါရတ်ဘေးလ်၊ တီမိုဝါနာ၊ ကိုင်ဟားဗက်ဇ် တို့ကို ကျော်ကာ ပရိသတ်တွေရဲ့ ရွေးချယ်မှု ခံခဲ့ရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလက ကြိုးကြာနီတွေဟာ အသက်၂၉နှစ် စပိန်သားကို ဘိုင်ယန်မြူးနစ်ကနေ ပေါင်သန်း၂၀ဖြင့် ခေါ်ယူ နိုင်ခဲ့တာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ် ချန်ပီယံဘွဲ့ကို ဆက်လက် ထိန်းသိမ်းရန် လီဗာပူး ကွင်းလယ်မှာ သီယာဂိုဟာ အင်အား ပေါင်းထည့်မှု တစ်ရပ်အဖြစ် မူလက သတ်မှတ် ခံခဲ့ရပါတယ်။

အဲဒီနောက် အဲဗာတန်နဲ့ ၂-၂ သရေကျတဲ့ မာဆေးဆိုက်ဒ် ဒါဘီပွဲတွင် အောက်တိုဘာလက ဒဏ်ရာရကာ ပွဲအနည်းငယ် လွဲချော်ခဲ့ပါတယ်။

အဲဒီနောက်ပိုင်း သီယာဂိုက လီဗာပူးအသင်းမှာ ပြန်လည် ပါဝင် လာခဲ့သော်လည်း ခြေစွမ်းမပြနိုင် ဖြစ်နေ တာကြောင့် ဝေဖန်မှုတွေ ခံနေရလျက် ရှိပါတယ်။

လီဗာပူး ကွင်းလယ်လူဟာ ယခုနှစ်အတွင်း ပြိုင်ပွဲစုံ ၁၅ပွဲ အထိ ပါဝင် ကစားထား ပေမယ့် သွင်းဂိုး နဲ့ ဂိုးဖန်တီးမှု တစ်ကြိမ်မှ မလုပ်ထားရသေးပါဘူး။

ထိုကြောင့် ပရိသတ်တွေက ဆိုရှယ်မီဒီယာမှာ “ယခုရာသီ ပရီးမီးယားလိဂ်တွင် ခြေစွမ်းအညံ့ဖျင်းဆုံး ကစားသမား အဖြစ် သီယာဂိုအား သတ်မှတ်ခဲ့ပါတယ်။

ကျွန်တော်တို့ ကိုယ်ကိုကိုယ် ရိုးသားရ အောင်ပါ သီယာဂိုက မေးခွန်းထုတ်စရာ မရှိ ခြေစွမ်းအညံ့ဆုံး သူပါ” ဟု ပရိသတ် တစ်ဦးက ပြောပါတယ်။

“သီယာဂိုက တီမိုဝါနာ၊ ကိုင်ဟားဗက်ဇ် တို့ထက် ပိုပြီး ခြေစွမ်း အညံ့ဆုံး ဖြစ်ခဲ့ပါတယ်ဟု တစ်ဦးက ဆိုပြန်ပါတယ်။ ဂျိမ်းစ် ရိုဒရီဂွက်ဇ်က သီယာဂိုထက် ပိုပြီးတော့တောင် ကောင်းမွန်တဲ့ ခေါ်ယူမှု တစ်ခု ဖြစ်ပါတယ်။

သီယာဂိုက အသုံးမကျဘူး ဆိုတာကို လီဗာပူးပရိသတ်တွေက ဘာကြောင့် လက်မခံ နိုင်တာလဲ ပွဲတွေမှာ လုံလောက်တဲ့ သက်ရောက်မှု မရှိပါဘူး လီဗာပူး အသင်းထံ သူ ဘယ်အရာကိုမှ မသယ်ဆောင် လာပါဘူး”ဟု အသီးသီး မှတ်ချက် ပြုကြပါတယ်။