Spots news

အောင်ပွဲခံကခုန်မှုအတွက် ဝေဖန်ခံနေရမှုကို ပြန်လည်တုံံ့ပြန်လာတဲ့ ဗင်နီစီးယပ်စ်

အောင်ပွဲခံကခုန်မှုအတွက် ဝေဖန်ခံနေရမှုကို ပြန်လည်တုံံ့ပြန်လာတဲ့ ဗင်နီစီးယပ်စ်

ဘရာဇီးအသင်းတိုက်စစ်မှူး ဗင်နီစီးယပ်စ်ဟာ တောင်ကိုရီးယားနဲ့ပွဲမှာ ဂိုးသွင်းအပြီး ကခုန်အောင်ပွဲခံမှုတွေနဲ့ပတ်သက်လို့ သူနဲ့အသင်းဖော်တွေ ဝေဖန်ခံနေရမှုကို ပြန်လည်တုံ့ပြန်သွားခဲ့ပြီး နောက်ပိုင်းကျရင် အောင်ပွဲခံကခုန်မှုတွေ ပိုလာဦးမယ်လို့ အခိုင်အမာပြောပါတယ်။


ဘရာဇီးဟာ တောင်ကိုရီးယားကို ဂိုးနဲ့အနိုင်ရခဲ့တဲ့ ၁၆သင်းအဆင့်ပွဲမှာ ဂိုးအားလုံးကို ပထမပိုင်းမှာကတည်းက သွင်းယူခဲ့တာဖြစ်ပြီး တစ်ဂိုးသွင်းပြီးတိုင်း အုပ်စုလိုက်အောင်ပွဲခံ ကခုန်ခဲ့တဲ့အနက် တစ်ကြိမ်မှာ နည်းပြတီတေးကပါ ဝင်ရောက်ကခုန်ခဲ့တာကို တွေ့ရပါတယ်။

အဲဒီပွဲအပြီးမှာ မန်ယူအသင်းခေါင်းဆောင်ဟောင်း ရွိုင်ကိန်းအပါအဝင် ဘောလုံးရေးရာသုံးသပ်သူအများစုက

ဘရာဇီးအသင်းရဲ့ကခုန်အောင်ပွဲခံမှုကို ဝေဖန်သွားခဲ့ပြီး ဂိုးနဲ့နိုင်နေချိန်မှာတောင် ဒီလိုအလွန်အကျူးအောင်ပွဲခံတာက ပြိုင်ဘက်ကို မလေးမစားလုပ်တာပဲလို့ ဝေဖန်ခဲ့ကြပါတယ်။

‘’ကိုယ် ဘာကိုကြည့်နေလဲဆိုတာ မယုံနိုင်ဖြစ်မိပါတယ်။ အဲဒါ သူတို့ရဲ့ ရိုးရာလို့ ပြောကြပေမယ့် ကျွန်တော်ကတော့ မကြိုက်ပါဘူး။ ဒီလိုအလွန်အကျူးကခုန်တာက ပြိုင်ဘက်ကို မလေးစားတာပါပဲ’’လို့ ရွိုင်ကိန်းက ဝေဖန်ခဲ့တာပါ။


ဒါပေမဲ့ ဗင်နီစီးယပ်စ်ကတော့တချို့က သူများတွေပျော်နေတာမြင်ရင် အထွန့်တက်ချင်ကြပါတယ်။ ကျွန်တော်တို့ဘရာဇီးသားတွေကတော့ ပျော်ပျော်နေတတ်တဲ့လူမျိုးပါ။ ဒီတော့ သူတို့ကို အမြဲတမ်းစိတ်အနှောင့်အယှက်ဖြစ်စေပါလိမ့်မယ်’’

ဘောလုံးပွဲတစ်ပွဲမှာ အရေးကြီးဆုံးက သွင်းဂိုးပါ။ အခုလိုကမ္ဘာ့ဖလားပွဲမျိုးမှာဆိုရင် ပိုလို့တောင် အရေးကြီးတာပေါ့။ ဒီလိုပျော်ရွှင်စရာကာလက ကျွန်တော်တို့လို ကစားသမားတွေတင်မဟုတ်ဘဲ ဘရာဇီးတစ်နိုင်ငံလုံးအတွက်ပါ။

ကခုန်အောင်ပွဲခံဖို့လည်း အများကြီးပြင်ထားပါသေးတယ်။ ဒီတော့ ကျွန်တော်တို့အသင်း ပိုကောင်းအောင် ကစားပြီး ပျော်စရာကာလတွေကို ဆက်လက်ဖန်တီးနိုင်ဖို့ ကြိုးစားနေပါတယ်’’လို့ ပြောပါတယ်။