Spots news

ယူနိုက်တက်ဂိုးသမား ဟန်ဒါဆန်ကို ခေါ်ချင်နေတဲ့ ပြိုင်ဘက် အသင်း‌တွေ

Unicode Version

လာမယ့် နွေရာသီ စျေးကွက်အတွင်း မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ လက်တွဲဖြုတ် သွားရဖွယ် ရှိလို့နေတဲ့ အင်္ဂလန်ဂိုးသမား ဒင်းဟန်ဒါဆန်ကို ယူနိုက်တက်ရဲ့ ပရီးမီးယားလိဂ်ပြိုင်ဘက် အသင်းဖြစ်တဲ့

စပါးအသင်း ကလည်း ဒင်းဟန်ဒါဆန်ကို အရခေါ်ယူ သွားချင်နေသလို ဂျာမန် ဘွန်ဒစ်လီဂါ  ထိပ်သီးကလပ် အသင်းဖြစ်တဲ့ ဒေ့ါမွန်ကလည်း ဒင်းဟန်ဒါဆန်ကို ပစ်မှတ်ထားလျက် ရှိနေတယ်လို့ Sky Sports ကနေ ဖော်ပြလာ ခဲ့ပါတယ်။

ဒင်းဟန်ဒါဆန်ဟာ ရှက်ဖီးယူနိုက်တက် အသင်းမှာ (၂)ရာသီအထိ အငှား ကစားသမားဘဝနဲ့ ကျင်လည် ခဲ့ပြီးနောက် ဒီရာသီမှ ယူနိုက်တက်အသင်းဆီ ပြန်လည်ရောက်ရှိ လာခဲ့တာဖြစ်ပြီး အသင်းမှာ ဒေးဗစ်ဒီဂီယာနဲ့ အပြိုင်အဆိုင် ဖြစ်နေရသူလည်း ဖြစ်ပါတယ်။

ဒါပေမယ့် ဒင်းဟန်ဒါဆန်ဟာ ဒီဂီယာလောက် ပွဲထွက်ခွင့်တွေ သိပ်မရရှိ သေးတာကြောင့် အသင်းကနေ ထွက်ခွာသွားဖွယ် ရှိပြီး သူ့ကိုလည်း ကလပ်အသင်း များစွာကနေ ပစ်မှတ်ထားလာခဲ့ပါတယ်။

ဒင်းဟန်ဒါဆန်ကို ခေါ်ယူသွားဖို့ ပစ်မှတ်ထားနေတဲ့ ကလပ် အသင်းတွေထဲမှာ ယူနိုက်တက်နည်းပြဟောင်း ဟိုဆေးမော်ရင်ဟို ကိုင်တွယ်နေတဲ့ စပါးအသင်းက

ထိပ်ဆုံးနေရာက ပါဝင်နေပြီး အသင်းနဲ့ လမ်းခွဲဖို့ တဖြည်းဖြည်း နီးစပ်လာခဲ့တဲ့ ဝါရင့်ဂိုးသမားကြီး ဟူဂိုလိုရစ်ရဲ့နေရာမှာ ဒင်းဟန်ဒါဆန်နဲ့ အစားထိုးချင်နေတာဖြစ်ပါတယ်။

ဒါ့အပြင် ဒေါ့မွန်က ဒင်းဟန်ဒါဆန်ရဲ့ ယူနိုက်တက် ဘက်ကနေသာ ရောင်းချသွားဖို့ရှိပါကာ ကမ်းလှမ်းမှုတွေကို လုပ်ဆောင်သွားမှာလို့ သိရှိရပါတယ်။ ဒါပေမယ့် ဒင်းဟန်ဒါဆန်ဟာ ၂၀၂ဝခုနှစ် သြဂုတ်လကပဲ ယူနိုက်တက်အသင်းနဲ့ ၂၀၂၅ခုနှစ်အထိ

သက်တမ်းရှိနေမယ့် စာချုပ်သစ် တစ်ရပ်ကို ချုပ်ဆို ထားတာဖြစ်လို့ ပြောင်းရွှေ့ကြေး အနည်းငယ်နဲ့ ကမ်းလှမ်းလို့ ရမှာမဟုတ်ပဲ ယူနိုက်တက် ဘက်ကနေ သတ်မှတ်လာမယ့် တန်ကြေးမျိုးနဲ့သာ ကမ်းလှမ်းရဖွယ် ရှိနေပါတယ်။

တစ်ခုရှိတာ ကတော့ စပါးနဲ့ ဒေါ့မွန်အသင်းတွေမှာ ယူနိုက်တက် ဘက်က စိတ်ဝင်စားနေတဲ့ ကစားသမားတွေ ရှိနေတာကြောင့် ဒီကစားသမားတွေကို

ကမ်းလှမ်းရာမှာ ဒင်းဟန်ဒါဆန်ကို အပြောင်းအရွှေ့ရဲ့ တစိတ်တပိုင်း အဖြစ်နဲ့ ပူးတွဲကမ်းလှမ်း လာနိုင်မလား ဆိုတာကိုတော့ စောင့်ကြည့်သွား ရနိုင်ပါတယ်။