Unicode Version
ဟာလန်း၏အေးဂျင့်ဖြစ်သူ ရိုင်အိုလာက ဒေါ့မွန်လူငယ်တိုက်စစ်မှူး ဟာလန်းကို ခေါ်ယူနိုင်သော ပရီးမီးယားလိဂ် ကလပ်အသင်း ၄ သင်းသာရှိကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
ရိုင်အိုလာဟာ ဟာလန်းကို ကိုယ်စားပြုနေသော အေးဂျင့်တစ်ဦးဖြစ်ပြီး နော်ဝေတိုက်စစ်မှူးကို ဥရောပ အသင်းကြီး အများအပြားက စိတ်ဝင်စားနေတာပါ။
ရီးရဲမက်ဒရစ်နှင့် မန်ယူတို့ဟာ ဟာလန်းကို ခေါ်ယူရန် ပုံမှန်ချဉ်းကပ်နေသော အသင်းနှစ်သင်းဖြစ်ပြီး မန်ယူအနေနဲ့ ၂၀၂၀ ဇန်နဝါရီက ဟာလန်းကို ခေါ်ယူရေးတွင် ဒေါ့မွန်ကို ရှုံးနိမ့်ခဲ့သည့်အသင်း ဖြစ်ပါတယ်။
ဒေါ့မွန်က ဟာလန်းကို လက်မလွှတ်လိုသော်လည်း လာမည့်နွေရာသီတွင် တိုက်စစ်မှူးအနေဖြင့် ပြောင်းရွှေ့ကြေး အမြောက်အမြားဖြင့် အသင်းပြောင်းရန် သတင်းကြီးနေပြီး ရိုင်အိုလာက ပရီးမီးယားလိဂ်
အသင်းကြီးလေးသင်းဖြစ်သော လီဗာပူး၊ ချဲလ်ဆီးနှင့် မန်ချက်စတာအသင်းနှစ်သင်းတို့သည် ဟာလန်းကို ခေါ်ယူရန် အပြိုင်အဆိုင် ကြိုးစားနေကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
“ဟာလန်းကို အနာဂတ်ရဲ့ ကြယ်ပွင့်ကစားသမား ဖြစ်လာလိမ့်မယ်လို့ အားလုံးက မျှော်လင့်နေကြပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ သူ့လို အသက်အရွယ်မျိုးမှာ အခုလို အဆင့်အတန်းမြင့်တဲ့ ပြိုင်ပွဲတစ်ခုမှာ ခြေစွမ်းပြနေနိုင်တာက အရမ်း ခက်ခဲလို့ပါ။
သူဟာ လာမယ့် ဆယ်စုနှစ်ရဲ့ အကောင်းဆုံး ကစားသမား ဖြစ်လာနိုင်ပါတယ်။ အီဘရာဟီမိုဗစ်ချ်၊ ရော်နယ်ဒိုနဲ့ မက်ဆီတို့ဟာ အသက်ကြီးလာပြီ
ဖြစ်တာကြောင့် အားလုံးက အနာဂတ်ရဲ့ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား မျိုးဆက်သစ်တစ်ဦးကို မျှော်လင့်နေကြပါတယ်”
“ကမ္ဘာပေါ်မှာ ဟာလန်းကို ခေါ်ယူပြီး သူကစားချင်တဲ့ အဆင့်အတန်းမျိုးမှာ ကစားစေနိုင်တဲ့ အသင်းဆိုလို့ ကလပ်အသင်း ၁၀ သင်းလောက်ပဲရှိပြီး
အဲဒီထဲက ၄ သင်းက ပရီးမီးယားလိဂ်ကပါ။ ဟာလန်းကို စိတ်မဝင်စားတဲ့ နည်းပြဆရာရယ်လို့ ရှိမယ်မထင်ပါဘူး”ဟု ရိုင်အိုလာက ပြောဆိုခဲ့ပါတယ်။