Unicode Version
ယူနိုက်တက် အသင်းနည်းပြ ဆိုးလ်ရှားက မာတာ တစ်ယောက် မန်ချက်စတာ ကနေ ပြောင်းမယ် ဆိုတာကို မအံ့သြမိကြောင်း ဝန်ခံပြောကြားလိုက်ပါတယ်။
စပိန်သားရဲ့ စာချုပ်သက်တမ်း က ရာသီကုန်မှာ ကုန်ဆုံးမှာ ဖြစ်ပြီး ယူနိုက်တက်မှာ ၁ နှစ်သက်တမ်း တိုးခွင့် ရှိနေပါတယ်။
တကယ်လို့ ယူနိုက်တက် အနေနဲ့ တစ်နှစ်သက်တမ်း မတိုးပါက မာတာအနေနဲ့ ပြည်ပကလပ်တွေနဲ့ အကြို ဆွေးနွေးခွင့် ရှိနေပါတယ်။
သတင်းတွေအရ ပြီးခဲ့တဲ့ ၂၄ နာရီတုန်းက ဂျူဗင်တပ်စ် ၊ ရိုးမား နဲ့ အင်တာမီလန် တို့က မာတာကို စိတ်ဝင်စား နေပါတယ်။
ဆိုးလ်ရှားကလည်း မာတာဟာ အသင်းပြောင်းဖို့ သေချာ နေတယ်လို့ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။ “မာတာကို ဒီအသင်းတွေက စိတ်ဝင်စားနေတာ မဆန်းပါဘူး။
သူကတကယ် ကောင်းတဲ့ ကစားသမားပါ။ သူအသင်း ပြောင်းချင်တယ် ဆိုရင် ထွက်ခွာခွင့် ပေးသွားမှာပါ။ နေ့တိုင်းလည်း သူနဲ့ အဆက်အသွယ် ရှိပါတယ်”လို့ ဆိုးလ်ရှားက ပြောကြား ခဲ့ပါတယ်။
မာတာဟာ ပြီးခဲ့တဲ့ ကြာသပတေး နေ့တုန်းက ဆိုစီဒက် အသင်းနဲ့ပွဲမှာ ပါဝင်ခွင့် ရရှိခဲ့ပါတယ်။ စပိန်သား ဟာ ဆိုစီဒက်နဲ့ ဒုတိယ အကျော့ပွဲမှာလည်း ပါဝင်လာဖွယ် ရှိနေပါတယ်။
ဆိုးလ်ရှား ကတော့ ဆိုစီဒက်နဲ့ပွဲမှာ ဟန်ဒါဆန် ၊ တယ်လက်စ် ၊ တွမ်ဇီဘီ နဲ့ ဘရန်ဒန် ဝီလီယံ တို့ကို နေရာပေးဖွယ် ရှိနေပါတယ်။