လက်စတာစီးတီး အသင်းဟာ ယူနိုက်တက်က အပယ်ခံ ဖြစ်နေတဲ့ ကွင်းလယ်လူ လင်ဂတ်ကို စိတ်ဝင်စားနေဆဲ ဖြစ်ပါတယ်။
သတင်းတွေရဲ့အဆိုအရ လက်စတာ အသင်းဟာ ဝက်စ်ဟမ်းမှာ ခြေစွမ်းပြနေတဲ့ လင်ဂတ်ကို စောင့်ကြည့်နေတယ်လို့ သိရပါတယ်။
ယူနိုက်တက်နဲ့ တစ်နှစ်သက်တမ်း တိုးထားတဲ့ လင်ဂတ်ဟာ မန်ချက်စတာမှာ နေရာမရတာကြောင့် ဝက်စ်ဟမ်းကို ပြောင်းရွှေ့ခဲ့ပြီး ၄ ပွဲမှာ ၃ ဂိုးအထိ သွင်းယူ နိုင်ခဲ့ပါတယ်။
အင်္ဂလန်သားကို ရော်ဂျာကလည်း စိတ်ဝင်စားနေပြီး နွေရာသီမှာ ခေါ်ယူဖွယ် ရှိနေပါတယ်။
အသက် ၂၈ နှစ် သားဟာအင်္ဂလန် အသင်းမှာကစားချင် တာကြောင့် ပုံမှန်ပွဲထွက်ခွင့် ရမယ့်အသင်းကို ပြောင်းချင် နေပါတယ်။
ယူနိုက်တက် ပရိသတ် တွေကတော့ လင်ဂတ်ရဲ့လက်ရှိ ခြေစွမ်းဟာ ပေါင် ၇၉ သန်းလောက်အထိ တန်ကြေး ရှိတယ်လို့ ဆိုခဲ့ပါတယ်။
လင်ဂတ်ကို လက်စတာ အပြင် ဝက်စ်ဟမ်း အသင်းကလည်း အပြီးသတ် ခေါ်ယူဖို့ စိတ်ဝင်စား နေပါတယ်။