Spots news

၁၂ ပတ်လောက် နားရမည့် ဟန်ဒါဆန် ကြောင့် လီဗာပူး ခေါင်းခဲနေရ

Unicode Version

ဒဏ်ရာ ပြဿနာတွေနဲ့ ရင်ဆိုင်နေရတဲ့ လီဗာပူးလ်အသင်းမှာ ဟန်ဒါဆန် ကလည်း ပေါင်ခြံဒဏ်ရာကြောင့် (၁၂)ပတ်အထိ အနားယူရမယ့်အခြေအနေက ပိုဆိုးနေပြီလို့ ပြောရမှာပါ။

ဟန်ဒါဆန်ဟာ အဲဗာတန် အသင်းကို ရှုံးနိမ့်ခဲ့တဲ့ မာဆေးဆိုက်ဒ် ဒါဘီပွဲမှာ ဒဏ်ရာ ရရှိခဲ့တာ ဖြစ်ပြီး ပွဲချိန်မိနစ် (၃၀)မှာပဲ လူစားလဲ ခံခဲ့ ရသလို ကွင်းထဲ ကနေ ခြေထော့နင်းနဲ့  ထွက်ခဲ့ရတာ ဖြစ်ပါတယ်။

ဟန်ဒါဆန်ရဲ့ ပေါင်ခြံ ဒဏ်ရာက ခွဲစိတ်ဖို့လို၊ မလိုကို အတိ အကျ မသိရ သေးဘဲ တကယ်လို့ ခွဲစိတ်မှု ခံယူရမယ် ဆိုရင်တော့ (၃)လ လောက် အထိ အနား ယူရမှာ ဖြစ်ပြီး

အသင်းရဲ့ ရာသီ လက်ကျန်ပွဲ အားလုံးကို လွဲချော်မှာ ဖြစ်တဲ့ အပြင် လာမယ့် နွေရာသီမှာ  ကျင်းပမယ့် ယူရို -၂၀၂၀ ပြိုင်ပွဲမှာ ပါဝင်ဖို့ မျှော်လင့်ချက်က မသေချာ တော့ပါဘူး။

ဒီရာသီမှာ အဓိက ကစားသမားတွေ တစ်ယောက်ပြီး တစ်ယောက် ဒဏ်ရာရ နေတဲ့ လီဗာပူးလ်အသင်း သူတို့ရဲ့ ပရီးမီးယားလိဂ် ချန်ပီယံကာကွယ်ရေး အိပ်မက်ကို

အဆုံးသတ် ခဲ့ရပြီ ဖြစ်သလို အခု ဟန်ဒါဆန်ရဲ့ ဒဏ်ရာ သတင်းကလည်း ဖိအားတွေ များနေတဲ့ နည်းပြ ယာဂန် ကလော့ပ် အတွက် ကြီးမားတဲ့ထိုးနှက်ချက် လို့ ဆိုရမှာပါ။

လီဗာပူးလ် အသင်းရဲ့ နောက်ခံ လူတွေ ဖြစ်တဲ့ ဗန်ဒိုက်၊ ဂျိုးဂိုးမက်ဇ် ၊ ဂျိုဝဲလ်မာတစ် တို့ အားလုံး ဒဏ်ရာကြောင့် ကာလရှည် အနားယူနေရ ချိန်မှာ  ဟန်ဒါဆန် နဲ့ ဖာဘင်ဟို တို့က

နောက်ခံ လူတွေ အဖြစ် ကစားခဲ့ ရပြီး အခုအချိန်မှာလည်း အဲဒီ ကစားသမား နှစ်ဦး စလုံး ဒဏ်ရာတွေ အသီးသီး ရနေလို့ ခံစစ် အခြေအနေက ပိုဆိုး သွားဖို့ ရှိနေပါပြီ။

ဟန်ဒါဆန်ရဲ့ ဒဏ်ရာနဲ့ ပတ်သက်လို့ ယာဂန်ကလော့ပ်က” အသင်းဆေး အဖွဲ့က ဟန်ဒါဆန်ရဲ့ ဒဏ်ရာဟာ အသေးစား ဒဏ်ရာ မဖြစ်နိုင်ဘူး လို့

ပြောခဲ့ကြ ပါတယ်။ အခြေ အနေက သိပ်တော့ မကောင်းပါဘူး ”လို့ အဲဗာတန် နဲ့ ပွဲအပြီးမှာ ပြောကြားခဲ့ ပါတယ်။

ဟန်ဒါဆန်သာ ကာလရှည် အနားယူ ရမယ် ဆိုရင် ရှက်ဖီး ယူနိုက်တက်၊ ချယ်လ်ဆီး၊ ဖူလ်ဟမ်၊ ဝုလ်ဗ် တို့နဲ့ ကစားရမယ့် ပရီးမီးယား လိဂ်ပွဲ အပြင် မတ်လ (၁၀) ရက်မှာ

ချန်ပီယံလိဂ် ဒုတိယ အကျော့ပွဲ အဖြစ် လိုက်ပ်ဇစ်နဲ့ ကစားမယ့် ပွဲတွေ အားလုံးကို လွဲချော်မှာဖြစ်ပြီး အစောဆုံး အနေနဲ့  မေလ နှောင်းပိုင်းမှသာ လေ့ကျင့်ခန်း အပြည့် အဝ ပြန်ဆင်း နိုင်ဖို့  များ နေပါတယ်။

အင်္ဂလန် အသင်းဟာ ဇွန်လ(၁၃)ကျရင် ယူရို -၂၀၂၀ ပြိုင်ပွဲ စတင် ယှဉ်ပြိုင်ရမှာ ဖြစ်တာကြောင့် ဟန်ဒါဆန် အနေနဲ့ ဒဏ်ရာ ကနေ

အချိန်မီ ပြန်မကောင်း လာရင်တော့ အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ် အတွက်ပါ ကြီးမားတဲ့ ထိုးနှက်ချက် ဖြစ်လာပါ လိမ့်မယ်။