Unicode Version
သတင်းတွေရဲ့ဖော်ပြချက် အရ ဒေါ့မွန်အသင်းဟာ လာမယ့် နွေရာသီ အတွင်း တိုက်စစ်မှူး ဟာလန်းအတွက် ပေါင်သန်း ၁၅၀ ရရင် အသင်းကနေ ထွက်ခွာခွင့် ပေးဖွယ် ရှိနေတယ်လို့ သိရပါတယ်။
အသက် ၂၀ အရွယ်ရှိ နော်ဝေ လက်ရွေးစင် ဟာလန်းဟာ ယခုရာသီ ပြိုင်ပွဲစုံ ၂၅ပွဲမှာ ၂၇ဂိုးသွင်းကာ ဂိုးဖန်တီးမှု ၇ကြိမ် ပြုလုပ် ပေးထားပြီး ဥရောပ အသင်းကြီး တွေရဲ့ ဆက်သွယ် ချဉ်းကပ်ခြင်း ခံနေရ ပါတယ်။
သူ့ကို ခေါ်ယူဖို့ မန်စီးတီး၊ ရီးရဲလ်နဲ့ ယူနိုက်တက်တို့က အပြိုင် စိတ်ဝင်စား နေပြီး မကြာသေးခင်က ထွက်ပေါ်ခဲ့တဲ့ သတင်းတွေ အရ ချဲလ်ဆီးအသင်းက သူ့ကို ခေါ်ယူဖို့ ရေပန်းစား လာတယ်လို့ သိရပါတယ်။
ဟာလန်းရဲ့ စာချုပ်ထဲမှာ ၂၀၂၁ နွေရာသီရောက်ရင် အသက်ဝင်မယ့် ပေါင် ၆၈ သန်းတန် စာချုပ်ဖျက်သိမ်းကြေး ထည့်သွင်းထား ပေမယ့် Daily Star သတင်းစာရဲ့ ဖော်ပြချက် အရ ဒေါ့မွန်က ဟာလန်း အတွက် ပေါင်သန်း ၁၅၀ အထိ တောင်းဆို လိမ့်မယ်လို့ သိရပါတယ်။
တကယ်လို့ ဒေါ့မွန် အသင်းသာ ယခုရာသီ အကုန်မှာ ချန်ပီယံလိဂ် ဝင်ခွင့် ဆုံးရှုံးခဲ့ ရရင် ယခုလို ကပ်ဘေးကာလ အတွင်း ဘဏ္ဍာရေးဟန်ချက် မျှတစေရေး အတွက် ဆန်ချိုအပါအဝင် အသင်းရဲ့ ကြယ်ပွင့် တချို့ကို ထုတ်ရောင်းရဖွယ် ရှိနေပါတယ်။