Spots news

လတ်စတာကို အနိုင်ယူပြီး ခြေစွမ်းကောင်းပြသနိုင်ခဲ့တဲ့ အာဆင်နယ်

Unicode Version

တနင်္ဂနွေနေ့ရဲ့အစောဆုံးပွဲမှာတော့ အာဆင်နယ်က လက်စတာကို နောက်ကနေလိုက်ကစားပြီး ၃-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ လက်စတာအသင်းက စောစောစီးစီးဦးဆောင်ဂိုးရရှိခဲ့ပြီး တိုင်လီမန်းက သွင်းယူခဲ့ပေမယ့် ပထမပိုင်းပြီးခါနီးမှာ ဝီလီယံရဲ့ဖန်တီးပေးမှုကနေ ဒေးဗစ်လူးဝစ်က ခေါင်းတိုက်ကာ ချေပဂိုးပြန်လည်သွင်းယူပေးခဲ့ပါတယ်။

အဲ့နောက် ပထမပိုင်းအချိန်ပိုမှာ ပီပီကြောင့် ပင်နယ်တီရရှိခဲ့ပြီး အဆိုပါပင်နယ်တီကို တိုက်စစ်မှူး လာကာဇက်တီက အဆုံးသတ်ကာ ပထမပိုင်းကို ၂-၁ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာလည်း အာဆင်နယ်ကသာ ပွဲကိုထိန်းချုပ်ခဲ့ပြီး ၅၂ မိနစ်မှာ လက်စတာနောက်တန်းအမှားကနေ ပီပီက တတိယမြောက်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

လက်စတာကတော့ ချေပဂိုးအတွက် ပြန်လည်ဖိအားပေးခဲ့ပေမယ့် ၃-၁ ဂိုးနဲ့သာ အရေးနိမ့်ခဲ့ပါတယ်။ နောက်ထပ်ပွဲတစ်ပွဲမှာတော့  အိမ်ရှင်တော့တင်ဟမ်က ဘန်လေကို ၄ ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ တော့တင်ဟမ်အတွက် ဂိုးတွေကို ဂါရတ်ဘေးလ် ၊ ဟယ်ရီကိန်း နဲ့ လူးကပ်စ်မိုရာတို့က သွင်းယူပေးခဲ့ပါတယ်။

တနင်္ဂနွေညရဲ့ အကောင်းဆုံးပွဲဖြစ်တဲ့ ချဲလ်ဆီးနဲ့ ယူနိုက်တက်တို့ကတော့ သရေ ရလဒ်နဲ့သာ ပွဲပြီးဆုံးခဲ့ပါတယ်။ ၂ သင်းစလုံးက အပြန်အလှန်တိုက်စစ်ဆင်ခဲ့ကြပေမယ့် သရေ ရလဒ်က မျှတတဲ့ရလဒ်ဖြစ်ခဲ့ပါတယ်။ နောက်ဆုံးပွဲဖြစ်တဲ့ ရှက်ဖီးလ်နဲ့ လီဗာပူးတို့ပွဲမှာတော့ လီဗာပူးက ၂-၀ ဂိုးနဲ့ အနိုင်ရရှိပြီး လမ်းကြောင်းမှန်ပေါ်ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။