Spots news

အပြောခံရမည်စိုး၍ မန်ယူကို ဒိုင်ကပင်နယ်တီမပေးခဲ့ကြောင်း လုခ်ရှော ဝေဖန်

Unicode Version

ချဲလ်ဆီးနဲ့ပွဲမှာ ယူနိုက်တက်ဘက်ကို ကွင်းလယ်ဒိုင် စတူးအပ်အက်ဝဲလ် ပင်နယ်တီပေးဖို့ ငြင်းဆန်ခဲ့ခြင်းမှာ သူ့အနေနဲ့ လူတွေဝိုင်းအပြောခံရမှာကို မခံချင်လို့ဖြစ်ကြောင်း ယူနိုက်တက်ဘယ်နောက်ခံလူ လုခ်ရှောက စွပ်စွဲလိုက်ပါတယ်။

ပွဲအပြီးပြုလုပ်တဲ့သတင်းစာ ရှင်းလင်းပွဲမှာ လုခ်ရှောက ပင်နယ်တနီဧရိယာအတွင်း ချဲလ်ဆီးတောင်ပံကစားသမား ဟက်ဆန်အိုဒွိုင်း လက်နဲ့ထိသွားပုံရတာကို ပင်နယ်တီမပေးခဲ့သလို VAR ပြန်ကြည့်တဲ့အခါ

VAR က ပင်နယ်တီပေးဖို့ တိုက်တွန်းတာကိုလည်း လက်မခံဘဲ အရင်ဆုံးဖြတ်ချက်ကိုသာ အတည်ယူခဲ့တယ်လို့ အက်ဝဲလ်က ယူနိုက်တက်အသင်းခေါင်းဆောင် မက်ဂွါရီကို အသိပေးခဲ့ကြောင်း ပြောပါတယ်။

”မက်ဂွါရီကို ဒိုင်လူကြီး ပြောနေတာကို ကျွန်တော်လည်း ကြားလိုက်ပါတယ်။ သူပြောတာကတော့ ဒီလိုသာပင်နယ်တီပေးလိုက်ရင် လူတွေက ဝိုင်းပြောလိမ့်မယ်တဲ့။ VAR က ပင်နယ်တီပေးဖို့ တိုက်တွန်းခဲ့တာပါ”လို့ လုခ်ရှောက ပြောပါတယ်။

ယူနိုက်တက်အသင်းနည်းပြ ဆိုးလ်ရှားကလည်း မိမိတို့အသင်း အနေနဲ့ အဲဒီဖြစ်ရပ်ကနေ အပြည့်အ၀ ပင်နယ်တီရရှိသင့်တယ်လို့ ပြောခဲ့ပြီး တခြားပရီးမီးယားလိဂ်နည်းပြတွေအနေနဲ့ ယူနိုက်တက်ကို ပင်နယ်တီမပေးဖို့ ပွဲတာဝန်ရှိသူတွေအပေါ် လွှမ်းမိုးတွန်းအားပေးနေတယ်လို့ စွပ်စွဲခဲ့ပါတယ်။

ယူနိုက်တက်အသင်း ပင်နယ်တီရရှိနေမှုတွေနဲ့ပတ်သက်လို့ ဝေဖန်ခဲ့တဲ့နည်းပြတွေအနက် လီဗာပူးနည်းပြ ကလော့ပ်၊ ချဲလ်ဆီးနည်းပြဟောင်း လမ်းပတ်နဲ့ တော့တင်ဟမ်နည်းပြ မော်ရင်ဟိုတို့လည်း ပါဝင်ပါတယ်။