Spots news

ရော်နယ်ဒို နဲ့ မက်ဆီကို ဒေးဗစ်ဘက်ခမ်းရဲ့ အသင်းကို ခေါ်ယူနိုင်မလား

Unicode Version

အင်တာမိုင်ယာမီ အသင်းပိုင်ရှင် ဒေးဗစ်ဘက်ခမ်းဟာ ကမ္ဘာကျော်ကစားသမားတွေဖြစ်တဲ့ ဘာစီလိုနာ အသင်းခေါင်းဆောင် မက်ဆီနဲ့

ဂျူဗင်တပ်စ်တိုက်စစ်မှူး ရော်နယ်ဒိုတို့ကို ခေါ်ယူဖွယ်ရှိနေတယ်ဆိုတဲ့သတင်းတွေကို ငြင်းဆန်ဖို့ နှုတ်ဆိတ်နေခဲ့တယ်လို့ သိရပါတယ်။

မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီအသင်းရဲ့ရှယ်ယာအများစု ပိုင်ဆိုင်ထားတဲ့ ဘက်ခမ်းဟာ အမေရိကန်မှာ အသင်းကို အခိုင်အမာတည်ဆောက်နေရာ ဥရောပဘောလုံးလောကရှိ နာမည်ကြီးကြယ်ပွင့်အချို့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

မက်ဆီရဲ့လက်ရှိ စာချုပ်သက်တမ်းက ယခုရာသီအကုန်မှာ ကုန်ဆုံးမှာဖြစ်ပြီး ရော်နယ်ဒိုကတော့ ၂၀၂၂ နွေရာသီမှာ ဂျူဗင်တပ်စ်နဲ့

စာချုပ်သက်တမ်းကုန်ဆုံးမှာပါ။ မန်ဒိုဒီပို့တီဗိုသတင်းစာနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်း ဘက်ခမ်းက

”မိုင်ယာမီရှိ ကျွန်တော်တို့အသင်းရဲ့ပရိသတ်တွေဟာ ကြယ်ပွင့်တွေကို ကိုယ့်အသင်းမှာ မြင်ချင်နေပါတယ်။

ဟီဂူအင်နဲ့ မာတူဒီတို့လို နာမည်ကြီးကစားသမားမျိုးတွေ ပိုင်ဆိုင်ထားပြီးဖြစ်ပေမယ့် အနာဂတ်မှာ ကြယ်ပွင့်တွေကို ခေါ်ယူဖို့ အခွင့်အရေးရချင်ပါတယ်”

”မက်ဆီနဲ့ ရော်နယ်ဒိုတို့ကတော့ ပြိုင်ဘက်မရှိပေါ့။ သူတို့ဟာ နောက်ဆုံး ၁၅နှစ်အတွင်း အကောင်းဆုံး ကစားသမားတွေအဖြစ်

ရပ်တည်နေသူတွေပါ။ ဒီလို အကောင်းဆုံး ကစားသမားတွေကို ဆွဲဆောင်နိုင်တဲ့ကလပ် ဖြစ်ချင်ပါတယ်”လို့ ပြောပါတယ်။

မက်ဆီက ယခုရာသီအကုန်မှသာ သူ့ရဲ့အနာဂတ်ကို ဆုံးဖြတ်သွားမယ်လို့ အတည်ပြုထားပြီး သူ့ကို ခေါ်ယူဖို့ စီးတီးနဲ့ ပီအက်စ်ဂျီတို့က အပြိုုင်စိတ်ဝင်စားနေပါတယ်။