Spots news

စီးရီးအေ ဂိုးသွင်းဘုရင်ဆုအတွက် ကြိုးစားသွားမယ်ဆိုတဲ့ လူကာကူ

Unicode Version

အင်တာမီလန်အသင်းတိုက်စစ် မှူး လူကာကူက စီးရီးအေဂိုးသွင်း ဘုရင်ဆုကို ဆွတ်ခူးနိုင်ရန် မျှော်လင့်နေသည်ဟု ဝန်ခံခဲ့သော်လည်း စီးရီးအေချန်ပီယံဆုအကြောင်း မစဉ်းစားသေးဟု ဂျီနိုအာအသင်းကို အင်တာ မီလန်အသင်း (၃-၀)ဂိုးဖြင့်အနိုင်ရရှိပြီးနောက် ပြောကြားခဲ့ပါတယ်။

ဂျီနိုအာအသင်းနှင့်ပွဲတွင် လူကာကူဟာ အင်တာမီလန်အသင်းအတွက် အဖွင့်ဂိုးကို သွင်းယူခဲ့သလို၊ အသင်းဖော် ဒါမီယန် ဒုတိယဂိုးသွင်းယူနိုင်အောင်လည်း ဖန်တီးပေးခဲ့ပြီး ခြေစွမ်းပြသနိုင် ခဲ့ပါတယ်။

လူကာကူရဲ့ အဖွင့်ဂိုးဟာ ပွဲအစ (၃၂)စက္ကန့် မှာ သွင်းယူခဲ့ခြင်းဖြစ်ပြီး ထိုဂိုးကြောင့် လူကာကူသည် ၂၀၀၄-၀၅ ရာသီနောက်ပိုင်း အင်တာမီလန်အသင်းအတွက် အမြန်ဆုံးစီးရီးအေဂိုးသွင်းယူနိုင်သူအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရပါတယ်။

လူကာကူနေနဲ့ လက်ရှိရာသီမှာ စီးရီးအေသွင်းဂိုး (၁၈)ဂိုးအထိ သွင်းယူထားနိုင်ပြီး စီးရီးအေဂိုးသွင်းအများဆုံးကစားသမားစာရင်းတွင် ထိပ်ဆုံးမှနေ၍ ဦးဆောင်နေသည့် ဂျူဗင်တပ်စ်အသင်းတိုက်စစ်မှူး စီရော် နယ်လ်ဒို (၁၉)ဂိုးနှင့် (၁)ဂိုးသာကွာဟနေတာလဲ ဖြစ်ပါတယ်။

လူကာကူက ” ကျွန်တော်က အောင်ပွဲတွေအကြောင်းပဲ စဉ်းစားနေတတ်ပါတယ်။ လက်ရှိအချိန်ဟာ ကျွန်တော့်ရဲ့ကစားသမားဘဝ ကောင်းမွန်တဲ့အချိန်ပါပဲ။ ဂိုးသွင်းဘုရင်ဆုကိုလည်း ကျွန်တော် ခေါင်းထဲထည့်ထားပြီး ကြိုးစားသွားပါမယ်” ဟု ပြောကြားခဲ့ပါတယ်။