Spots news

အနာဂတ်အတွက် မေးခွန်းကို ဖြေကြားဖို့ ငြင်းဆန်ခဲ့တဲ့ ကွန်တီ

အနာဂတ်အတွက် မေးခွန်းကို ဖြေကြားဖို့ ငြင်းဆန်ခဲ့တဲ့ ကွန်တီ

မန်စီးတီးအသင်းကို ၄-၂ ရလဒ်ကို ရှုံးနိမ့်ပြီးတဲ့နောက် စပါးအသင်းမှာ ကာလရှည် ဆက်ရှိနေနိုင်လားဆိုတဲ့ မေးခွန်းအပေါ်မှာ စပါးနည်းပြ အန်တိုနီ ယိုကွန်တီက ဖြေကြားဖို့ ငြင်းဆန်သွားခဲ့ပြီး အသင်းတိုးတက်ရေးအတွက် သူ့ ရဲ့ ကိုယ်ပိုင်အမြင်နဲ့ ကြိုးစားဖို့ ဆုံးဖြတ်ထားတယ်လို့ ပြောဆိုခဲ့ပါတယ်။

အီ တီဟတ်မှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲကျန်မှာ စပါးဟာ ကူလူဆက်စကီး၊ အီမာဆင်ရွိုင်ရယ်တို့ရဲ့ သွင်းဂိုးတွေနဲ့အတူ ပထမပိုင်းမှာ ၂ ဂိုးပြတ်နဲ့ ဦး ဆောင်နိုင်ခဲ့ပေမဲ့လည်း ဒုတိယပိုင်းမှာတော့ အယ်လ်ဗာရစ်၊ ဟာလန်း၊ မာရက်ဇ်တို့ရဲ့ သွင်းဂိုးတွေကို ခွင့်ပြုခဲ့ရတာကြောင့် ဂိုးပြတ်အရေးနိမ့်ခဲ့ပြီး ဒီ ရာသီ ၇ ပွဲမြောက် ရှုံးပွဲနဲ့ ကြံခဲ့ရတာဖြစ်ပါတယ်။

 

အခုရှုံးပွဲကြောင့် စပါးဟာ အဆင့် ၄ နေရာက နယူးကာဆယ်ကိုတောင် လိုက်မီအောင် မနည်းကြိုးစား ရတော့မှာဖြစ်တာကြောင့် အောင်မြင်ခဲ့တဲ့ နည်းပြဘဝကို ဖြတ်သန်းခဲ့ရတဲ့ ဂျူဗင်တပ်၊ အင်တာမီလန်တို့တုန်းကလို စွမ်းဆောင်ရည်မျိုးနဲ့ မခိုင်းနှိုင်းကြဖို့ ကွန်တီက ပြောဆိခဲ့ပါတယ်။ ‘’ဂျူဗင်တပ်၊ အင်တာတို့တုန်းကလိုမျိုး စွမ်း ဆောင်ရည်အတိုင်း လုပ်ပေးဖို့ ကျွန်တော့်ကို တောင်းဆိုလာခဲ့ရင်တော့ အဲဒါ က တော်တော်လေး အန္တရာယ်များတာပဲဗျာ။

ကျွန်တော့်ရဲ့ ဒေါသစိတ်တွေ လည်း တော်တော်လေးကို ပြင်းထန်လာနိုင်တယ်။ ကျွန်တော့်ရဲ့ စိတ်ကူး တွေ၊ ကျွန်တော့်ရဲ့ အမြင်တွေနဲ့အတူ အသင်းကို တိုးတက်လာစေချင်ပါ တယ်။ ပြီးခဲ့တဲ့ ရာသီနဲ့ ဒီရာသီကို နှိုင်းယှဉ်ကြည့်လိုက်ရင် ကျွန်တော်တို့ အသင်းဟာ ခံစစ်ပိုင်းမှာ တောင့်တင်းမှုတွေ ပျောက်ဆုံးနေခဲ့တယ်။ ကျွန် တော့်ရဲ့ နည်းပြဘဝမှာ အခုလိုမျိုး ဂိုးတွေ အများကြီး ပေးပြီး ရှုံးခဲ့ရတဲ့ပွဲဟာ ဒါ ပထမဆုံးဖြစ်ပါတယ်’’ လို့ အီတလီသားနည်းပြ ကွန်တီက ဆိုပါတယ်။

နောက်ပြီး အသင်းရဲ့ နည်းပြရာထူးနဲ့ပတ်သက်ပြီး ကာလရှည် ဆက်ရှိနေ နိုင်လားဆိုတဲ့ မေးခွန်းအပေါ်မှာတော့ ကွန်တီက ‘’ဒီမေးခွန်းက ကျွန်တော် မဖြေချင်တဲ့ မေးခွန်းမျိုးဖြစ်နေတယ်’’ လို့ မန်စီးတီးနဲ့ ပွဲစဉ်အပြီးမှာ Talk Sport သတင်းဌာနကို ပြောဆိုသွားခဲ့ပါတယ်။

 

(Zawgyi)

အနာဂတ္အတြက္ ေမးခြန္းကို ေျဖၾကားဖို႔ ျငင္းဆန္ခဲ့တဲ့ ကြန္တီ

မန္စီးတီးအသင္းကို ၄-၂ ရလဒ္ကို ရႈံးနိမ့္ၿပီးတဲ့ေနာက္ စပါးအသင္းမွာ ကာလရွည္ ဆက္ရွိေနနိုင္လားဆိုတဲ့ ေမးခြန္းအေပၚမွာ စပါးနည္းျပ အန္တိုနီ ယိုကြန္တီက ေျဖၾကားဖို႔ ျငင္းဆန္သြားခဲ့ၿပီး အသင္းတိုးတက္ေရးအတြက္ သူ႕ ရဲ႕ ကိုယ္ပိုင္အျမင္နဲ႕ ႀကိဳးစားဖို႔ ဆုံးျဖတ္ထားတယ္လို႔ ေျပာဆိုခဲ့ပါတယ္။

အီ တီဟတ္မွာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ ပြဲက်န္မွာ စပါးဟာ ကူလူဆက္စကီး၊ အီမာဆင္႐ြိုင္ရယ္တို႔ရဲ႕ သြင္းဂိုးေတြနဲ႕အတူ ပထမပိုင္းမွာ ၂ ဂိုးျပတ္နဲ႕ ဦး ေဆာင္နိုင္ခဲ့ေပမဲ့လည္း ဒုတိယပိုင္းမွာေတာ့ အယ္လ္ဗာရစ္၊ ဟာလန္း၊ မာရက္ဇ္တို႔ရဲ႕ သြင္းဂိုးေတြကို ခြင့္ျပဳခဲ့ရတာေၾကာင့္ ဂိုးျပတ္အေရးနိမ့္ခဲ့ၿပီး ဒီ ရာသီ ၇ ပြဲေျမာက္ ရႈံးပြဲနဲ႕ ႀကံခဲ့ရတာျဖစ္ပါတယ္။

အခုရႈံးပြဲေၾကာင့္ စပါးဟာ အဆင့္ ၄ ေနရာက နယူးကာဆယ္ကိုေတာင္ လိုက္မီေအာင္ မနည္းႀကိဳးစား ရေတာ့မွာျဖစ္တာေၾကာင့္ ေအာင္ျမင္ခဲ့တဲ့ နည္းျပဘဝကို ျဖတ္သန္းခဲ့ရတဲ့ ဂ်ဴဗင္တပ္၊ အင္တာမီလန္တို႔တုန္းကလို စြမ္းေဆာင္ရည္မ်ိဳးနဲ႕ မခိုင္းႏွိုင္းၾကဖို႔ ကြန္တီက ေျပာဆိခဲ့ပါတယ္။ ‘’ဂ်ဴဗင္တပ္၊ အင္တာတို႔တုန္းကလိုမ်ိဳး စြမ္း ေဆာင္ရည္အတိုင္း လုပ္ေပးဖို႔ ကြၽန္ေတာ့္ကို ေတာင္းဆိုလာခဲ့ရင္ေတာ့ အဲဒါ က ေတာ္ေတာ္ေလး အႏၲရာယ္မ်ားတာပဲဗ်ာ။

ကြၽန္ေတာ့္ရဲ႕ ေဒါသစိတ္ေတြ လည္း ေတာ္ေတာ္ေလးကို ျပင္းထန္လာနိုင္တယ္။ ကြၽန္ေတာ့္ရဲ႕ စိတ္ကူး ေတြ၊ ကြၽန္ေတာ့္ရဲ႕ အျမင္ေတြနဲ႕အတူ အသင္းကို တိုးတက္လာေစခ်င္ပါ တယ္။ ၿပီးခဲ့တဲ့ ရာသီနဲ႕ ဒီရာသီကို ႏွိုင္းယွဥ္ၾကည့္လိုက္ရင္ ကြၽန္ေတာ္တို႔ အသင္းဟာ ခံစစ္ပိုင္းမွာ ေတာင့္တင္းမႈေတြ ေပ်ာက္ဆုံးေနခဲ့တယ္။ ကြၽန္ ေတာ့္ရဲ႕ နည္းျပဘဝမွာ အခုလိုမ်ိဳး ဂိုးေတြ အမ်ားႀကီး ေပးၿပီး ရႈံးခဲ့ရတဲ့ပြဲဟာ ဒါ ပထမဆုံးျဖစ္ပါတယ္’’ လို႔ အီတလီသားနည္းျပ ကြန္တီက ဆိုပါတယ္။

ေနာက္ၿပီး အသင္းရဲ႕ နည္းျပရာထူးနဲ႕ပတ္သက္ၿပီး ကာလရွည္ ဆက္ရွိေန နိုင္လားဆိုတဲ့ ေမးခြန္းအေပၚမွာေတာ့ ကြန္တီက ‘’ဒီေမးခြန္းက ကြၽန္ေတာ္ မေျဖခ်င္တဲ့ ေမးခြန္းမ်ိဳးျဖစ္ေနတယ္’’ လို႔ မန္စီးတီးနဲ႕ ပြဲစဥ္အၿပီးမွာ Talk Sport သတင္းဌာနကို ေျပာဆိုသြားခဲ့ပါတယ္။