Spots news

ဆော်ဒီညွန့်ပေါင်းနဲ့ ပွဲဦးထွက်မှာ အမှတ်ရစရာတွေကျန်ခဲ့တဲ့ စီရော်နယ်ဒို

ဆော်ဒီညွန့်ပေါင်းနဲ့ ပွဲဦးထွက်မှာ အမှတ်ရစရာတွေကျန်ခဲ့တဲ့ စီရော်နယ်ဒို

မန်ယူတိုက်စစ်မှူးဟောင်း စီရော်နယ်ဒိုရဲ့ အရှေ့အလယ်ပိုင်းဒေသ ကစား သမားဘ၀ ပထမဆုံး ပွဲဦးထွက်ကတော့ အမှတ်ရစရာ အကြောင်းအရာတွေ နဲ့ ပြည့်နှက်နေပါတယ်။ အကြောင်းကတော့ သူဟာ ဆော်ဒီမြေမှာ ပထမဆုံး ကစားခဲ့တဲ့ ပွဲစဉ်မှာ ၂ ဂိုးသွင်းနိုင်ခဲ့ရုံတင်မကဘဲ အသင်းဖော်ဟောင်းက ပေး တဲ့ ဒဏ်ရာတစ်ခုလည်း ရခဲ့လို့ပါ။

စီရော်နယ်ဒို ဦးဆောင်တဲ့ ဆော်ဒီညွန့်ပေါင်း အသင်းနဲ့ ပီအက်စ်ဂျီတို့ ကစားခဲ့တဲ့ ချစ်ကြည်ရေး ခြေမ်းပွဲစဉ်ရဲ့ ပထမပိုင်းမှာ ရီးရဲလ်တိုက်စစ်မှူးဟောင်းဟာ ရီးရဲလ်အသင်းဖော်ဟောင်းဖြစ်တဲ့ ကေလာ နာဗက်စ်ရဲ့ လက်စာ မိသွားခဲ့လို့ပါပဲ။

 

ပီအက်စ်ဂျီက ဆော်ဒီ ညွန့်ပေါင်း အသင်းကို ၅-၄ ရလဒ်နဲ့ အနိုင်ရခဲ့တဲ့ အဲဒီပွဲစဉ်ရဲ့ ပထမပိုင်းမှာ ညာခြမ်းက နေပြီး ဖြတ်တင်ပေးလိုက်တဲ့ ဘောလုံးကို စီရော်နယ်ဒိုက ခေါင်းခုန်တိုက်တဲ့ နေရာမှာ ပီအက်စ်ဂျီဂိုးသမား ကေလာနာဗက်စ်ကလည်း ထွက်ဖမ်းတာ ကြောင့် ကော်စတာရီကာဂိုးသမားရဲ့ လက်ဖျံရိုးနဲ့ထိပြီး ပေါ်တူဂီသားဟာ မျက်လုံးအနီးတစ်ဝိုက်မှာ အညိုအမည်း စွဲသွားခဲ့ပါတယ်။

အဲဒီအတွက် လက် ဆောင်အဖြစ်နဲ့ ကွင်းလယ်ဒိုင် ဂျက်ဆင်က ပင်နယ်တီပေးခဲ့တာကြောင့် မန်ယူတိုက်စစ်မှူးကပဲ ပွဲချိန် ၃၄ မိနစ်မှာ ကန်သွင်းသွားခဲ့ပါတယ်။ ဒီပွဲဟာ ချစ်ကြည်ရေး ခြေစမ်းပွဲဆိုပေမဲ့လည်း ပြိုင်ဆိုင်မှုဟာ အရမ်းကို ပြင်းထန် လွန်းခဲ့ပြီး ပီအက်စ်ဂျီ ကစားသမား ဘားနတ် အနီကတ်အပြခံခဲ့ရတာလည်း ရှိပါတယ်။ နောက်ပြီး ပွဲအတွင်းမှာ ပင်နယ်တီပြစ်ဒဏ် ၃ ကြိမ်အထိ ပေးခဲ့ တာလည်း ရှိပါတယ်။

ဒါပေမဲ့ ပီအက်စ်ဂျီတိုက်စစ်မှူး နေမာကတော့ ပထမ ပိုင်း ပွဲချိန်ပြီးခါနီးမှာ ရတဲ့ပင်နယ်တီကို ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့ပါဘူး။ နှစ် သင်းပေါင်း သွင်းဂိုး ၉ ဂိုးအထိ ရှိခဲ့တဲ့ ဒီခြေစမ်းပွဲမှာ စီရော်နယ်ဒိုဟာ အသင်း ခေါင်းဆောင်တစ်ယောက်ရဲ့ အရည်အသွေးကို ပြသနိုင်ခဲ့ပြီး အသင်းအတွက် နိုင်ပွဲရအောင် အစွမ်းကုန်ကြိုးစားသွားခဲ့တာလည်းဖြစ်ပါတယ်။

နောက်ပြီး ဒီပွဲ မှာ အသင်းအတွက်လည်း ၂ ဂိုးသွင်းပေးနိုင်ခဲ့သလို တစ်ဂိုးကတော့ ပင်နယ် တီသွင်းဂိုးဖြစ်ခဲ့ပါတယ်။

(Zawgyi)

ေဆာ္ဒီၫြန႔္ေပါင္းနဲ႕ ပြဲဦးထြက္မွာ အမွတ္ရစရာေတြက်န္ခဲ့တဲ့ စီေရာ္နယ္ဒို

မန္ယူတိုက္စစ္မႉးေဟာင္း စီေရာ္နယ္ဒိုရဲ႕ အေရွ႕အလယ္ပိုင္းေဒသ ကစား သမားဘ၀ ပထမဆုံး ပြဲဦးထြက္ကေတာ့ အမွတ္ရစရာ အေၾကာင္းအရာေတြ နဲ႕ ျပည့္ႏွက္ေနပါတယ္။ အေၾကာင္းကေတာ့ သူဟာ ေဆာ္ဒီေျမမွာ ပထမဆုံး ကစားခဲ့တဲ့ ပြဲစဥ္မွာ ၂ ဂိုးသြင္းနိုင္ခဲ့႐ုံတင္မကဘဲ အသင္းေဖာ္ေဟာင္းက ေပး တဲ့ ဒဏ္ရာတစ္ခုလည္း ရခဲ့လို႔ပါ။

စီေရာ္နယ္ဒို ဦးေဆာင္တဲ့ ေဆာ္ဒီၫြန႔္ေပါင္း အသင္းနဲ႕ ပီအက္စ္ဂ်ီတို႔ ကစားခဲ့တဲ့ ခ်စ္ၾကည္ေရး ေျခမ္းပြဲစဥ္ရဲ႕ ပထမပိုင္းမွာ ရီးရဲလ္တိုက္စစ္မႉးေဟာင္းဟာ ရီးရဲလ္အသင္းေဖာ္ေဟာင္းျဖစ္တဲ့ ေကလာ နာဗက္စ္ရဲ႕ လက္စာ မိသြားခဲ့လို႔ပါပဲ။

ပီအက္စ္ဂ်ီက ေဆာ္ဒီ ၫြန႔္ေပါင္း အသင္းကို ၅-၄ ရလဒ္နဲ႕ အနိုင္ရခဲ့တဲ့ အဲဒီပြဲစဥ္ရဲ႕ ပထမပိုင္းမွာ ညာျခမ္းက ေနၿပီး ျဖတ္တင္ေပးလိုက္တဲ့ ေဘာလုံးကို စီေရာ္နယ္ဒိုက ေခါင္းခုန္တိုက္တဲ့ ေနရာမွာ ပီအက္စ္ဂ်ီဂိုးသမား ေကလာနာဗက္စ္ကလည္း ထြက္ဖမ္းတာ ေၾကာင့္ ေကာ္စတာရီကာဂိုးသမားရဲ႕ လက္ဖ်ံရိုးနဲ႕ထိၿပီး ေပၚတူဂီသားဟာ မ်က္လုံးအနီးတစ္ဝိုက္မွာ အညိုအမည္း စြဲသြားခဲ့ပါတယ္။

အဲဒီအတြက္ လက္ ေဆာင္အျဖစ္နဲ႕ ကြင္းလယ္ဒိုင္ ဂ်က္ဆင္က ပင္နယ္တီေပးခဲ့တာေၾကာင့္ မန္ယူတိုက္စစ္မႉးကပဲ ပြဲခ်ိန္ ၃၄ မိနစ္မွာ ကန္သြင္းသြားခဲ့ပါတယ္။ ဒီပြဲဟာ ခ်စ္ၾကည္ေရး ေျခစမ္းပြဲဆိုေပမဲ့လည္း ၿပိဳင္ဆိုင္မႈဟာ အရမ္းကို ျပင္းထန္ လြန္းခဲ့ၿပီး ပီအက္စ္ဂ်ီ ကစားသမား ဘားနတ္ အနီကတ္အျပခံခဲ့ရတာလည္း ရွိပါတယ္။ ေနာက္ၿပီး ပြဲအတြင္းမွာ ပင္နယ္တီျပစ္ဒဏ္ ၃ ႀကိမ္အထိ ေပးခဲ့ တာလည္း ရွိပါတယ္။

ဒါေပမဲ့ ပီအက္စ္ဂ်ီတိုက္စစ္မႉး ေနမာကေတာ့ ပထမ ပိုင္း ပြဲခ်ိန္ၿပီးခါနီးမွာ ရတဲ့ပင္နယ္တီကို ဂိုးအျဖစ္ မေျပာင္းလဲနိုင္ခဲ့ပါဘူး။ ႏွစ္ သင္းေပါင္း သြင္းဂိုး ၉ ဂိုးအထိ ရွိခဲ့တဲ့ ဒီေျခစမ္းပြဲမွာ စီေရာ္နယ္ဒိုဟာ အသင္း ေခါင္းေဆာင္တစ္ေယာက္ရဲ႕ အရည္အေသြးကို ျပသနိုင္ခဲ့ၿပီး အသင္းအတြက္ နိုင္ပြဲရေအာင္ အစြမ္းကုန္ႀကိဳးစားသြားခဲ့တာလည္းျဖစ္ပါတယ္။

ေနာက္ၿပီး ဒီပြဲ မွာ အသင္းအတြက္လည္း ၂ ဂိုးသြင္းေပးနိုင္ခဲ့သလို တစ္ဂိုးကေတာ့ ပင္နယ္ တီသြင္းဂိုးျဖစ္ခဲ့ပါတယ္။