Spots news

စပါးအသင်းရဲ့ သမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံး ကစားသမားဆိုတဲ့ ဂုဏ်ပုဒ်ကို ခံယူလိုက်တဲ့ ဟယ်ရီကိန်း

#Unicode

စပါးအသင်းရဲ့ သမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံးကစားသမားဆိုတဲ့ ဂုဏ်ပုဒ်ကို ခံယူလိုက်တဲ့ ဟယ်ရီကိန်း

ယနေ့မနက်အစောပိုင်းက ဖူဟမ်ကို ၁ ဂိုး၊ ဂိုးမရှိနဲ့ အနိုင်ရတဲ့ ပွဲစဥ်မှာ စပါးအတွက် အနိုင်ဂိုးရှင်ဖြစ်ခဲ့တဲ့ ဟယ်ရီကိန်းဟာ သူကိုယ်တိုင်အတွက်လည်း မှတ်တမ်းကောင်းတစ်ရပ် ပိုင်ဆိုင်လိုက်ပါတယ်။ ဒါကတော့ စပါးအသင်းရဲ့ သမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံး ကစားသမားဆိုတဲ့ ဂုဏ်ပုဒ်ပါပဲ။ ဖူဟမ်ဘက်ကို အနိုင်ဂိုးသွင်းယူပေးခဲ့တဲ့ ဟယ်ရီကိန်းဟာ ကလပ်အတွက် ၂၆၆ ဂိုးမြောက် သွင်းဂိုးအဖြစ် မှတ်တမ်းဝင်ခဲ့တာပါ။

ဒီဂိုးအရေအတွက်က စပါးအသင်းသမိုင်းတစ်လျှောက် ဂိုးအများဆုံး သွင်းယူသူအဖြစ် မှတ်တမ်းဝင်ထားတဲ့ ယခင်တိုက်စစ်မှူးဟောင်းကြီး ဂျင်မီဂရေ့ဗ်ရဲ့ စံချိန်ကို လိုက်မီခဲ့တာပါ။ ဂျင်မီဂရေ့ဗ်ဟာ ၁၉၆၁ ကနေ ၁၉၇၀ ကာလတွေအတွင်း စပါးအတွက် ကစားပေးခဲ့တဲ့ တိုက်စစ်မှူးကြီး ဖြစ်ပါတယ်။ သူဟာ စပါးအတွက် ပွဲပေါင်း ၃၇၉ ပွဲကစားပေးခဲ့ပြီး ၂၆၆ ဂိုး သွင်းယူပေးနိုင်ခဲ့တာပါ။ ဟယ်ရီကိန်းကတော့ ၂၀၁၁ မှာ စပါးအတွက် စတင်ပွဲထွက်ခဲ့ပြီး ၄၁၅ ပွဲအထိ ပါဝင်ကစားပေးခဲ့ပါပြီ။

အသက် ၂၉ နှစ်အရွယ် ရှိပြီဖြစ်တဲ့ စပါးနဲ့ အင်္ဂလန်လက်ရွေးစင် တိုက်စစ်မှူး ဟယ်ရီကိန်းဟာ ဒီနေ့ပွဲ သွင်းဂိုးကြောင့် စပါးအတွက် ကစားပေးတဲ့ ပရီးမီးယားလိဂ် ပွဲပေါင်း ၃၀၀ မှာ ၁၉၉ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။ ဖူဟမ်ဟာ ပထမပိုင်းအတွင်းမှာ ပိုကောင်းတဲ့ အသင်းတစ်သင်း ဖြစ်ခဲ့ပေမယ့် နာကျင်အချိန်ပို အရောက်မှာတော့ ဆွန်ဟာမင်ရဲ့ ပေးပို့မှုကို ဟယ်ရီကိန်းက လှပသေသပ်စွာ အဆုံးသတ်ပြီး စပါးကို ဦးဆောင်စေခဲ့ပါတယ်။

ဒုတိယပိုင်း အရောက်မှာလည်း မှတ်တမ်းသစ်တင်နိုင်မယ့် သွင်းဂိုးကို ဟယ်ရီကိန်း ရှာဖွေနိုင်ဖို့ နီးစပ်ခဲ့ပေမယ့် ဖူဟမ် ဂိုးသမား လီနိုရဲ့လက်စွမ်းကြောင့် သူ့ရဲ့ခေါင်းတိုက်ချက်ဟာ ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့ပါဘူး။ ဖူဟမ်ကလည်း လိုအပ်တဲ့ ချေပသွင်းဂိုးကို မရှာဖွေနိုင်ခဲ့တာကြောင့် ပွဲအပြီးမှာတော့ စပါးအသင်းနဲ့ ဟယ်ရီကိန်းတို့အတွက် လှပတဲ့ အဆုံးသတ် ဖြစ်ခဲ့ရပါတယ်။

ဒီနိုင်ပွဲကြောင့် စပါးဟာ အဆင့် ၅ နေရာအထိ ပြန်လည်တက်လှမ်း လာနိုင်ခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့် မျှော်လင့်ချက် ပြန်လည်ရှင်သန်လာခဲ့ပါပြီ။ အက်စတွန်ဗီလာ၊ မန်စီးတီးနဲ့ အာဆင်နယ်တို့ကို ရှုံးနိမ့်ခဲ့လို့ ဖိအားတွေအောက် ရောက်နေတဲ့ နည်းပြကွန်တီလည်း ဒီနိုင်ပွဲကြောင့် အသက်ရှူ ပြန်ချောင်လာပြီလို့ ဆိုရတော့မှာပါ။

#Zawgyi

စပါးအသင္းရဲ႕ သမိုင္းတစ္ေလွ်ာက္ ဂိုးသြင္းအမ်ားဆုံးကစားသမားဆိုတဲ့ ဂုဏ္ပုဒ္ကို ခံယူလိုက္တဲ့ ဟယ္ရီကိန္း

ယေန႕မနက္အေစာပိုင္းက ဖူဟမ္ကို ၁ ဂိုး၊ ဂိုးမရွိနဲ႕ အနိုင္ရတဲ့ ပြဲစဥ္မွာ စပါးအတြက္ အနိုင္ဂိုးရွင္ျဖစ္ခဲ့တဲ့ ဟယ္ရီကိန္းဟာ သူကိုယ္တိုင္အတြက္လည္း မွတ္တမ္းေကာင္းတစ္ရပ္ ပိုင္ဆိုင္လိုက္ပါတယ္။ ဒါကေတာ့ စပါးအသင္းရဲ႕ သမိုင္းတစ္ေလွ်ာက္ ဂိုးသြင္းအမ်ားဆုံး ကစားသမားဆိုတဲ့ ဂုဏ္ပုဒ္ပါပဲ။ ဖူဟမ္ဘက္ကို အနိုင္ဂိုးသြင္းယူေပးခဲ့တဲ့ ဟယ္ရီကိန္းဟာ ကလပ္အတြက္ ၂၆၆ ဂိုးေျမာက္ သြင္းဂိုးအျဖစ္ မွတ္တမ္းဝင္ခဲ့တာပါ။

ဒီဂိုးအေရအတြက္က စပါးအသင္းသမိုင္းတစ္ေလွ်ာက္ ဂိုးအမ်ားဆုံး သြင္းယူသူအျဖစ္ မွတ္တမ္းဝင္ထားတဲ့ ယခင္တိုက္စစ္မႉးေဟာင္းႀကီး ဂ်င္မီဂေရ႕ဗ္ရဲ႕ စံခ်ိန္ကို လိုက္မီခဲ့တာပါ။ ဂ်င္မီဂေရ႕ဗ္ဟာ ၁၉၆၁ ကေန ၁၉၇၀ ကာလေတြအတြင္း စပါးအတြက္ ကစားေပးခဲ့တဲ့ တိုက္စစ္မႉးႀကီး ျဖစ္ပါတယ္။ သူဟာ စပါးအတြက္ ပြဲေပါင္း ၃၇၉ ပြဲကစားေပးခဲ့ၿပီး ၂၆၆ ဂိုး သြင္းယူေပးနိုင္ခဲ့တာပါ။ ဟယ္ရီကိန္းကေတာ့ ၂၀၁၁ မွာ စပါးအတြက္ စတင္ပြဲထြက္ခဲ့ၿပီး ၄၁၅ ပြဲအထိ ပါဝင္ကစားေပးခဲ့ပါၿပီ။

အသက္ ၂၉ ႏွစ္အ႐ြယ္ ရွိၿပီျဖစ္တဲ့ စပါးနဲ႕ အဂၤလန္လက္ေ႐ြးစင္ တိုက္စစ္မႉး ဟယ္ရီကိန္းဟာ ဒီေန႕ပြဲ သြင္းဂိုးေၾကာင့္ စပါးအတြက္ ကစားေပးတဲ့ ပရီးမီးယားလိဂ္ ပြဲေပါင္း ၃၀၀ မွာ ၁၉၉ ဂိုးအထိ သြင္းယူေပးနိုင္ခဲ့ၿပီလည္း ျဖစ္ပါတယ္။ ဖူဟမ္ဟာ ပထမပိုင္းအတြင္းမွာ ပိုေကာင္းတဲ့ အသင္းတစ္သင္း ျဖစ္ခဲ့ေပမယ့္ နာက်င္အခ်ိန္ပို အေရာက္မွာေတာ့ ဆြန္ဟာမင္ရဲ႕ ေပးပို႔မႈကို ဟယ္ရီကိန္းက လွပေသသပ္စြာ အဆုံးသတ္ၿပီး စပါးကို ဦးေဆာင္ေစခဲ့ပါတယ္။

ဒုတိယပိုင္း အေရာက္မွာလည္း မွတ္တမ္းသစ္တင္နိုင္မယ့္ သြင္းဂိုးကို ဟယ္ရီကိန္း ရွာေဖြနိုင္ဖို႔ နီးစပ္ခဲ့ေပမယ့္ ဖူဟမ္ ဂိုးသမား လီနိုရဲ႕လက္စြမ္းေၾကာင့္ သူ႕ရဲ႕ေခါင္းတိုက္ခ်က္ဟာ ဂိုးအျဖစ္ မေျပာင္းလဲနိုင္ခဲ့ပါဘူး။ ဖူဟမ္ကလည္း လိုအပ္တဲ့ ေခ်ပသြင္းဂိုးကို မရွာေဖြနိုင္ခဲ့တာေၾကာင့္ ပြဲအၿပီးမွာေတာ့ စပါးအသင္းနဲ႕ ဟယ္ရီကိန္းတို႔အတြက္ လွပတဲ့ အဆုံးသတ္ ျဖစ္ခဲ့ရပါတယ္။

ဒီနိုင္ပြဲေၾကာင့္ စပါးဟာ အဆင့္ ၅ ေနရာအထိ ျပန္လည္တက္လွမ္း လာနိုင္ခဲ့ၿပီး ခ်န္ပီယံလိဂ္ဝင္ခြင့္ ​ေမွ်ာ္လင့္ခ်က္ ျပန္လည္ရွင္သန္လာခဲ့ပါၿပီ။ အက္စတြန္ဗီလာ၊ မန္စီးတီးနဲ႕ အာဆင္နယ္တို႔ကို ရႈံးနိမ့္ခဲ့လို႔ ဖိအားေတြေအာက္ ေရာက္ေနတဲ့ နည္းျပကြန္တီလည္း ဒီနိုင္ပြဲေၾကာင့္ အသက္ရႉ ျပန္ေခ်ာင္လာၿပီလို႔ ဆိုရေတာ့မွာပါ။