Spots news

တိုက်စစ်ပိုင်းအတွက် ဂရစ်ဇ်မန်းကိုပါ ခေါ်ယူအားဖြည့်ဖို့ လုပ်ဆောင်ခဲ့ဖူးတဲ့ မန်ယူ

#Unicode

တိုက်စစ်ပိုင်းအတွက် ဂရစ်ဇ်မန်းကိုပါ ခေါ်ယူအားဖြည့်ဖို့ လုပ်ဆောင်ခဲ့ဖူးတဲ့ မန်ယူ

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ နွေရာသီ အပြောင်းအရွှေ့တုန်းက မန်ယူအနေနဲ့ အက်သလက်တီကို မက်ဒရစ်စတား အန်တိုနီ ဂရစ်ဇ်မန်းကို အသင်းဆီ ခေါ်ဆောင်ဖို့ အမှန်တကယ် လုပ်ဆောင်ခဲ့ဖူးတယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ မန်ယူဟာ လက်ရှိ ၂၀၂၂-၂၃ ဘောလုံးရာသီ မတိုင်ခင် ရာသီကြိုပြင်ဆင်မှုတွေမှာ အဲရစ်တန်ဟဂ်လက်ထပ် လူစာရင်းပြောင်းလဲမှု တစ်စိတ်တစ်ပိုင်းအဖြစ် တိုက်စစ်ပစ်မှတ်တွေ အများအပြား ထားရှိခဲ့တာပါ။

Sky Sports ရဲ့ ဖော်ပြချက်အရ ဂရစ်ဇ်မန်းဟာလည်း မန်ယူခေါ်ယူဖို့ လုပ်ဆောင်ခဲ့တဲ့ ကစားသမားတွေစာရင်းမှာ ပါဝင်ခဲ့တယ်လို့ သိရတာပါ။ မန်ယူအသင်းရဲ့ တာဝန်ရှိသူတွေဟာ ကတ်ဆီမဲရိုးရဲ့ အပြောင်းအရွှေ့ကို အပြီးသတ်ဖို့ စပိန်နိုင်ငံ မက်ဒရစ်မြို့ကို ရောက်ရှိခဲ့ချိန်မှာ ဂရစ်ဇ်မန်းရဲ့ တာဝန်ရှိသူတွေနဲ့လည်း တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။ အဲဒိအချိန်တုန်းက အက်သလက်တီကိုဟာ ဂရစ်ဇ်မန်းကို ဘာစီလိုနာ အသင်းကနေ ၁၂ လ အငှားစာချုပ်နဲ့သာ ခေါ်ယူထားတာပါ။

ပြောင်းရွှေ့ကြေး အလုံးစုံကို ပေးချေဖို့ ကြံ့ကြာနေတာကြောင့် ဂရစ်ဇ်မန်းရဲ့ အပြောင်းအရွှေ့အတွက် ထင်ကြေးအမျိုးမျိုး ပေးခံနေရချိန်လည်း ဖြစ်ပါတယ်။ ဒါပေမယ့် ဂရစ်ဇ်မန်းဘက်ကတော့ မန်ယူရဲ့ ကမ်းလှမ်းလာမှုကို ပယ်ချခဲ့ပြီး အက်သလက်တီကို မက်ဒရစ်ကိုသာ အပြီးသတ် ပြောင်းရွှေ့ဖို့ ရွေးချယ်ခဲ့ပါတယ်။ မန်ယူဟာ ရာသီသစ်မစခင်မှာ နာမည်ကြီး တိုက်စစ်မှူးတစ်ယောက်ကို ခေါ်ယူလိုခဲ့ပေမယ့် ဂရစ်ဇ်မန်းကတော့ အက်သလက်တီကိုမှာသာ ပျော်ရွှင်နေတာကြောင့် ဒီအပြောင်းအရွှေ့က ပျက်ပြယ်ခဲ့ရတာပါ။

မန်ယူဟာ အဲဒိ အပြောင်းအရွှေ့အတွင်းမှာ မာလာစီယာ၊ အန်တိုနီ၊ အဲရစ်ဆင်နဲ့ ကတ်ဆီမဲရိုးတို့ကိုသာ ခေါ်ယူအားဖြည့် နိုင်ခဲ့ပါတယ်။ မန်ယူနဲ့ သတင်းထွက်ခဲ့ဖူးတဲ့ အခြားသော တိုက်စစ်မှူး ၂ ဦးဖြစ်တဲ့ ဒါဝင်နူးနက်နဲ့ ဂတ်ပိုတို့ဟာလည်း လီဗာပူးဆီကိုပဲ ပြောင်းရွှေ့ရောက်ရှိသွားခဲ့တာပါ။ ဒါကြောင့် မန်ယူ ပရိတ်သတ်တွေအကြားမှာလည်း ချိန်ပါဆိုတဲ့ စကားလုံးအသစ်တစ်ခု တိုးလာခဲ့ရပြန်ပါတယ်။

လက်ရှိ ဆောင်းစျေးကွက်မှာလည်း မန်ယူတို့ ထိထိရောက်ရောက် လှုပ်ရှားနေတာကို မမြင်တွေ့ရသေးပဲ ဘန်လေကနေ ဘက်ဆီးတက်ထံ အငှားနဲ့ကစားနေတဲ့ နယ်သာလန် တိုက်စစ်မှူး Wout Weghorst တစ်ဦးတည်းကိုသာ ခေါ်ယူထားတာကို မြင်တွေ့ရပါတယ်။ လက်ကျန် စျေးကွက်အတွင်းမှာ မန်ယူတို့ နောက်ထပ်ကစားသမားသစ်တစ်ဦး ခေါ်ယူအုံးမယ်လို့ သတင်းထွက်နေတာကြောင့် ဒီတစ်ခါရော လိုချင်တဲ့ ပစ်မှတ်ကို ရအောင်ခေါ်နိုင်မလား၊ ချိန်ပါဖြစ်သွားဦးမလား ဆိုတာကတော့ ဆက်လက်စောင့််ကြည့်သွားရတော့မှာပါ။

#Zawgyi

တိုက္စစ္ပိုင္းအတြက္ ဂရစ္ဇ္မန္းကိုပါ ေခၚယူအားျဖည့္ဖို႔ လုပ္ေဆာင္ခဲ့ဖူးတဲ့ မန္ယူ

ၿပီးခဲ့တဲ့ ၂၀၂၂ ခုႏွစ္၊ ေႏြရာသီ အေျပာင္းအေ႐ႊ႕တုန္းက မန္ယူအေနနဲ႕ အက္သလက္တီကို မက္ဒရစ္စတား အန္တိုနီ ဂရစ္ဇ္မန္းကို အသင္းဆီ ေခၚေဆာင္ဖို႔ အမွန္တကယ္ လုပ္ေဆာင္ခဲ့ဖူးတယ္လို႔ သတင္းေတြ ထြက္ေပၚလာပါတယ္။ မန္ယူဟာ လက္ရွိ ၂၀၂၂-၂၃ ေဘာလုံးရာသီ မတိုင္ခင္ ရာသီႀကိဳျပင္ဆင္မႈေတြမွာ အဲရစ္တန္ဟဂ္လက္ထပ္ လူစာရင္းေျပာင္းလဲမႈ တစ္စိတ္တစ္ပိုင္းအျဖစ္ တိုက္စစ္ပစ္မွတ္ေတြ အမ်ားအျပား ထားရွိခဲ့တာပါ။

Sky Sports ရဲ႕ ေဖာ္ျပခ်က္အရ ဂရစ္ဇ္မန္းဟာလည္း မန္ယူေခၚယူဖို႔ လုပ္ေဆာင္ခဲ့တဲ့ ကစားသမားေတြစာရင္းမွာ ပါဝင္ခဲ့တယ္လို႔ သိရတာပါ။ မန္ယူအသင္းရဲ႕ တာဝန္ရွိသူေတြဟာ ကတ္ဆီမဲရိုးရဲ႕ အေျပာင္းအေ႐ႊ႕ကို အၿပီးသတ္ဖို႔ စပိန္နိုင္ငံ မက္ဒရစ္ၿမိဳ႕ကို ေရာက္ရွိခဲ့ခ်ိန္မွာ ဂရစ္ဇ္မန္းရဲ႕ တာဝန္ရွိသူေတြနဲ႕လည္း ေတြ႕ဆုံခဲ့တယ္လို႔ သိရပါတယ္။ အဲဒိအခ်ိန္တုန္းက အက္သလက္တီကိုဟာ ဂရစ္ဇ္မန္းကို ဘာစီလိုနာ အသင္းကေန ၁၂ လ အငွားစာခ်ဳပ္နဲ႕သာ ေခၚယူထားတာပါ။

ေျပာင္းေ႐ႊ႕ေၾကး အလုံးစုံကို ေပးေခ်ဖိဳ႕ ႀကံ့ၾကာေနတာေၾကာင့္ ဂရစ္ဇ္မန္းရဲ႕ အေျပာင္းအေ႐ႊ႕အတြက္ ထင္ေၾကးအမ်ိဳးမ်ိဳး ေပးခံေနရခ်ိန္လည္း ျဖစ္ပါတယ္။ ဒါေပမယ့္ ဂရစ္ဇ္မန္းဘက္ကေတာ့ မန္ယူရဲ႕ ကမ္းလွမ္းလာမႈကို ပယ္ခ်ခဲ့ၿပီး အက္သလက္တီကို မက္ဒရစ္ကိုသာ အၿပီးသတ္ ေျပာင္းေ႐ႊ႕ဖို႔ ေ႐ြးခ်ယ္ခဲ့ပါတယ္။ မန္ယူဟာ ရာသီသစ္မစခင္မွာ နာမည္ႀကီး တိုက္စစ္မႉးတစ္ေယာက္ကို ေခၚယူလိုခဲ့ေပမယ့္ ဂရစ္ဇ္မန္းကေတာ့ အက္သလက္တီကိုမွာသာ ေပ်ာ္႐ႊင္ေနတာေၾကာင့္ ဒီအေျပာင္းအေ႐ႊ႕က ပ်က္ျပယ္ခဲ့ရတာပါ။

မန္ယူဟာ အဲဒိ အေျပာင္းအေ႐ႊ႕အတြင္းမွာ မာလာစီယာ၊ အန္တိုနီ၊ အဲရစ္ဆင္နဲ႕ ကတ္ဆီမဲရိုးတို႔ကိုသာ ေခၚယူအားျဖည့္ နိုင္ခဲ့ပါတယ္။ မန္ယူနဲ႕ သတင္းထြက္ခဲ့ဖူးတဲ့ အျခားေသာ တိုက္စစ္မႉး ၂ ဦးျဖစ္တဲ့ ဒါဝင္ႏူးနက္နဲ႕ ဂတ္ပိုတို႔ဟာလည္း လီဗာပူးဆီကိုပဲ ေျပာင္းေ႐ႊ႕ေရာက္ရွိသြားခဲ့တာပါ။ ဒါေၾကာင့္ မန္ယူ ပရိတ္သတ္ေတြအၾကားမွာလည္း ခ်ိန္ပါဆိုတဲ့ စကားလုံးအသစ္တစ္ခု တိုးလာခဲ့ရျပန္ပါတယ္။

လက္ရွိ ေဆာင္းေစ်းကြက္မွာလည္း မန္ယူတို႔ ထိထိေရာက္ေရာက္ လႈပ္ရွားေနတာကို မျမင္ေတြ႕ရေသးပဲ ဘန္ေလကေန ဘက္ဆီးတက္ထံ အငွားနဲ႕ကစားေနတဲ့ နယ္သာလန္ တိုက္စစ္မႉး Wout Weghorst တစ္ဦးတည္းကိုသာ ေခၚယူထားတာကို ျမင္ေတြ႕ရပါတယ္။ လက္က်န္ ေစ်းကြက္အတြင္းမွာ မန္ယူတို႔ ေနာက္ထပ္ကစားသမားသစ္တစ္ဦး ေခၚယူအုံးမယ္လို႔ သတင္းထြက္ေနတာေၾကာင့္ ဒီတစ္ခါေရာ လိုခ်င္တဲ့ ပစ္မွတ္ကို ရေအာင္ေခၚနိုင္မလား၊ ခ်ိန္ပါျဖစ္သြားဦးမလား ဆိုတာကေတာ့ ဆက္လက္ေစာင့္္ၾကည့္သြားရေတာ့မွာပါ။