Spots news

ဇန်နဝါရီ အပြောင်းအရွှေ့မှာ ကပ်တိုးလေး လက်သွက်လာတဲ့ ဦးဆောင်သူ အာဆင်နယ်

#Unicode

ဇန်နဝါရီ အပြောင်းအရွှေ့မှာ ကပ်တိုးလေး လက်သွက်လာတဲ့ ဦးဆောင်သူ အာဆင်နယ်

ဘရိုက်တန် တောင်ပံကစားသမား ထရော့စ်ဆက်ဒ်ကို ခေါ်ယူပြီး မကြာခင်မှာပဲ အာဆင်နယ်တို့ နောက်ထပ် နောက်ခံကစားသမားသစ် တစ်ဦးကို ထပ်မံ ခေါ်ယူလိုက်ပြန်ပါပြီ။ ဒီကစားသမားကတော့ စီးရီးအေကလပ် စပီဇီယာအသင်းမှာ ကစားနေတဲ့ ပိုလန်ခံစစ်မှူး Jakub Kiwior ပဲ ဖြစ်ပါတယ်။ အာဆင်နယ်ဟာ အသက် ၂၂ နှစ်အရွယ် ခံစစ်မှူး Jakub Kiwior ကို ယူရို ၂၅ သန်း + ဘောနပ်စ် ၅ သန်းနဲ့အတူ ၂၀၂၇ ခုနှစ်အထိ သက်တမ်းရှိတဲ့ စာချုပ်တစ်ရပ်နဲ့ ခေါ်ယူခဲ့တာပါ။

Kiwior ဟာ တနင်္ဂနွေနေ့က မန်ယူကို ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲစဥ်ကို အမ်းမရိတ်ကွင်းအတွင်းက ကြည့်ရှု့အားပေးခဲ့ပါသေးတယ်။ ခုတော့ အာဆင်နယ်ဘက်က တရားဝင်ကြေငြာလိုက်ပြီဖြစ်ပြီး အာဆင်နယ်ကစားသမားသစ် ဖြစ်လာခဲ့ပါပြီ။ ဒီရာသီ ပရီးမီးယားလိဂ်မှာ ခြေစွမ်းထက်မြတ်မှုနဲ့အတူ အမှတ်ပေးဇယားကို ဦးဆောင်ထားတဲ့ အာဆင်နယ်အတွက် ဒီလို ကစားသမားသစ် စုဆောင်းမှုတွေက ချန်ပီယံဆုအတွက် ကြိုးစားရာမှာ အထောက်အပံ့ကောင်း ဖြစ်လာနိုင်တာပါ။

အာဆင်နယ် ခံစစ်ပိုင်းမှာ ဘရာဇီးနောက်ခံလူ ဂါဘရီရယ်ကို ဒီရာသီအတွင်း ပွဲတိုင်းနီးပါး အသုံးပြုထားရတာပါ။ ဒါကြောင့် ခံစစ်ပိုင်းအားဖြည့်ဖို့ လိုအပ်နေတဲ့ ဂန်းနားတို့အတွက် Kiwior ကို ခေါ်ယူလိုက်တာက တကယ်ကို ကောင်းမွန်မှန်ကန်တဲ့ လုပ်ရပ်တစ်ခုလို့ သတ်မှတ်ရမှာပါ။

Kiwior ဟာ ပိုလန်လက်ရွေးစင် အသင်းနဲ့အတူ ကမ္ဘာ့ဖလားမှာ ခြေစွမ်းပြ ကစားနိုင်ခဲ့သူဖြစ်ကာ ပိုလန်ရဲ့ ပထမဆုံး ကမ္ဘာ့ဖလားပွဲစဥ် ၄ ပွဲလုံးမှာ ပွဲထွက်ပါဝင်ခွင့် ရရှခဲ့သူပါ။ ” သူဟာ စီးရီးအေမှာ စပီဇီယာနဲ့အတူ အလားအလာကောင်းတွေနဲ့ အရည်အချင်းကောင်းတွေကို ပြသနိုင်ခဲ့တဲ့ လူငယ်စွယ်စုံရ နောက်ခံလူ တစ်ဦးပါ။ ဒါ့အပြင် ပိုလန်အသင်းနဲ့လည်း အထင်ကြီးစရာ ခြေစွမ်းမျိုး ပြသနိုင်ခဲ့ပါတယ်။ Jakub က ကျနော်တို့အသင်းရဲ့ ခံစစ်ပိုင်းအတွက် ခွန်အားအသစ်တွေ၊ အရည်အသွေးအသစ်တွေ ပေးစွမ်းမယ့် ကစားသမားပါ။

Jakub နဲ့ မိသားစုကို အာဆင်နယ်က ကြိုဆိုပါတယ်”လို့ နည်းပြ အာတီတာကလည်း သူ့ကစားသမားသစ်နဲ့ ပတ်သက်ပြီး ပြောကြားထားခဲ့ပါတယ်။ လက်ရှိ ဇန်နဝါရီ စျေးကွက်အတွင်းမှာ တိုက်စစ်ပိုင်း ပစ်မှတ်တွေဖြစ်တဲ့ ဂျာအိုဖီးလစ်၊ မူဒရစ်ခ်တို့ကို မခေါ်ယူနိုင်ခဲ့ပေမယ့် ထရော့ဆက်ဒ်ကို ခေါ်ယူနိုင်ခဲ့မှု လိုအပ်နေတဲ့ ခံစစ်ပိုင်း တစ်နေရာစာအတွက် အင်အားဖြည့်တင်းနိုင်ခဲ့မှုတွေကြောင့် အာဆင်နယ်ပရိတ်သတ်တွေရဲ့ ဆုဖလားအိပ်မက် တကယ်ဖြစ်လားတော့မလား စောင့်ကြည့်သွားရတော့မှာပါ။

#Zawgyi

ဇန္နဝါရီ အေျပာင္းအေ႐ႊ႕မွာ ကပ္တိုးေလး လက္သြက္လာတဲ့ ဦးေဆာင္သူ အာဆင္နယ္

ဘရိုက္တန္ ေတာင္ပံကစားသမား ထေရာ့စ္ဆက္ဒ္ကို ေခၚယူၿပီး မၾကာခင္မွာပဲ အာဆင္နယ္တို႔ ေနာက္ထပ္ ေနာက္ခံကစားသမားသစ္ တစ္ဦးကို ထပ္မံ ေခၚယူလိုက္ျပန္ပါၿပီ။ ဒီကစားသမားကေတာ့ စီးရီးေအကလပ္ စပီဇီယာအသင္းမွာ ကစားေနတဲ့ ပိုလန္ခံစစ္မႉး Jakub Kiwior ပဲ ျဖစ္ပါတယ္။ အာဆင္နယ္ဟာ အသက္ ၂၂ ႏွစ္အ႐ြယ္ ခံစစ္မႉး Jakub Kiwior ကို ယူရို ၂၅ သန္း + ေဘာနပ္စ္ ၅ သန္းနဲ႕အတူ ၂၀၂၇ ခုႏွစ္အထိ သက္တမ္းရွိတဲ့ စာခ်ဳပ္တစ္ရပ္နဲ႕ ေခၚယူခဲ့တာပါ။

Kiwior ဟာ တနဂၤေႏြေန႕က မန္ယူကို ၃ ဂိုး ၂ ဂိုးနဲ႕ အနိုင္ရခဲ့တဲ့ ပြဲစဥ္ကို အမ္းမရိတ္ကြင္းအတြင္းက ၾကည့္ရႈ႕အားေပးခဲ့ပါေသးတယ္။ ခုေတာ့ အာဆင္နယ္ဘက္က တရားဝင္ေၾကျငာလိုက္ၿပီျဖစ္ၿပီး အာဆင္နယ္ကစားသမားသစ္ ျဖစ္လာခဲ့ပါၿပီ။ ဒီရာသီ ပရီးမီးယားလိဂ္မွာ ေျခစြမ္းထက္ျမတ္မႈနဲ႕အတူ အမွတ္ေပးဇယားကို ဦးေဆာင္ထားတဲ့ အာဆင္နယ္အတြက္ ဒီလို ကစားသမားသစ္ စုေဆာင္းမႈေတြက ခ်န္ပီယံဆုအတြက္ ႀကိဳးစားရာမွာ အေထာက္အပံ့ေကာင္း ျဖစ္လာနိုင္တာပါ။

အာဆင္နယ္ ခံစစ္ပိုင္းမွာ ဘရာဇီးေနာက္ခံလူ ဂါဘရီရယ္ကို ဒီရာသီအတြင္း ပြဲတိုင္းနီးပါး အသုံးျပဳထားရတာပါ။ ဒါေၾကာင့္ ခံစစ္ပိုင္းအားျဖည့္ဖို႔ လိုအပ္ေနတဲ့ ဂန္းနားတို႔အတြက္ Kiwior ကို ေခၚယူလိုက္တာက တကယ္ကို ေကာင္းမြန္မွန္ကန္တဲ့ လုပ္ရပ္တစ္ခုလို႔ သတ္မွတ္ရမွာပါ။

Kiwior ဟာ ပိုလန္လက္ေ႐ြးစင္ အသင္းနဲ႕အတူ ကမာၻ႔ဖလားမွာ ေျခစြမ္းျပ ကစားနိုင္ခဲ့သူျဖစ္ကာ ပိုလန္ရဲ႕ ပထမဆုံး ကမာၻ႔ဖလားပြဲစဥ္ ၄ ပြဲလုံးမွာ ပြဲထြက္ပါဝင္ခြင့္ ရရွခဲ့သူပါ။ ” သူဟာ စီးရီးေအမွာ စပီဇီယာနဲ႕အတူ အလားအလာေကာင္းေတြနဲ႕ အရည္အခ်င္းေကာင္းေတြကို ျပသနိုင္ခဲ့တဲ့ လူငယ္စြယ္စုံရ ေနာက္ခံလူ တစ္ဦးပါ။ ဒါ့အျပင္ ပိုလန္အသင္းနဲ႕လည္း အထင္ႀကီးစရာ ေျခစြမ္းမ်ိဳး ျပသနိုင္ခဲ့ပါတယ္။ Jakub က က်ေနာ္တို႔အသင္းရဲ႕ ခံစစ္ပိုင္းအတြက္ ခြန္အားအသစ္ေတြ၊ အရည္အေသြးအသစ္ေတြ ေပးစြမ္းမယ့္ ကစားသမားပါ။

Jakub နဲ႕ မိသားစုကို အာဆင္နယ္က ႀကိဳဆိုပါတယ္”လို႔ နည္းျပ အာတီတာကလည္း သူ႕ကစားသမားသစ္နဲ႕ ပတ္သက္ၿပီး ေျပာၾကားထားခဲ့ပါတယ္။ လက္ရွိ ဇန္နဝါရီ ေစ်းကြက္အတြင္းမွာ တိုက္စစ္ပိုင္း ပစ္မွတ္ေတြျဖစ္တဲ့ ဂ်ာအိုဖီးလစ္၊ မူဒရစ္ခ္တို႔ကို မေခၚယူနိုင္ခဲ့ေပမယ့္ ထေရာ့ဆက္ဒ္ကို ေခၚယူနိုင္ခဲ့မႈ လိုအပ္ေနတဲ့ ခံစစ္ပိုင္း တစ္ေနရာစာအတြက္ အင္အားျဖည့္တင္းနိုင္ခဲ့မႈေတြေၾကာင့္ အာဆင္နယ္ပရိတ္သတ္ေတြရဲ႕ ဆုဖလားအိပ္မက္ တကယ္ျဖစ္လားေတာ့မလား ေစာင့္ၾကည့္သြားရေတာ့မွာပါ။