Spots news

” ဖိုင်နယ်ရောက်ဖို့ အရမ်းကို စိတ်အားထက်သန်နေပါတယ် ” အက်ဒီ ဟိုဝီ

#Unicode

” ဖိုင်နယ်ရောက်ဖို့ အရမ်းကို စိတ်အားထက်သန်နေပါတယ် ” အက်ဒီ ဟိုဝီ

ဒီညမှာ ကာရာဘောင်းဖလား ဆီမီးဖိုင်နယ် ပွဲစဥ်အတွက် ဆောက်သမ်တန် အသင်းရဲ့ အိမ်ကွင်းကို သွားရောက် ရင်ဆိုင်ရဖို့ ရှိနေတဲ့ နယူးကာဆယ်အသင်းနည်ပြ အက်ဒီဟိုဝီက ငှက်ကျားတို့အနေနဲ့ ခုလို လိဂ်ဖလား ဆီမီးဖိုင်နယ် အဆင့်ကို ရောက်ရှိရုံနဲ့ မလုံလောက်သေးဘူးလို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

လက်စတာကို ကျော်ဖြတ်ခဲ့တဲ့ နယူးကာဆယ်ဟာ ၄၇ နှစ်အတွင်း ပထမဆုံး လိဂ်ဖလားဆီမီးဖိုင်နယ် အဆင့်ကို ရောက်ရှိခဲ့တာပါ။ မန်စီးတီးကို ကျော်ဖြတ်လာတဲ့ ဆောက်သမ်တန်နဲ့ ရင်ဆိုင်ရမှာ ဖြစ်တာကြောင့် နယူးကာဆယ်အတွက် လွယ်ကူမှာတော့ မဟုတ်ပါဘူး။ ဒီပွဲနဲ့ ပတ်သက်လို့ ဟိုဝီက “ဒီအဆင့်ထိ ရောက်ရှိလာခဲ့တဲ့အတွက် ဝမ်းသာမိပါတယ်၊ ဒါပေမယ့် ဆီမီးဖိုင်နယ် အဆင့်ကတော့ မလုံလောက်သေးပါဘူး၊

ဘယ်သူ့အတွက်မှ မလုံလောက်ဘူးလို ကျွန်တော်ထင်ပါတယ်” “ဒီလိုပွဲတွေကို ကစားရပြီဆိုရင် ဆီမီးဖိုင်နယ်ကို ရောက်တာက ဘာမှမဟုတ်သေးပါဘူး၊ ဖိုင်နယ်ကို​ ရောက်ဖို့က ပိုအ​ရေးကြီးပါတယ်။ ကစားသမားတွေလည်း အဲ့ဒိလိုခံစားရမယ်ဆိုတာ ကျွန်တော်သိပါတယ်။ ကျွန်တော်နဲ့ ကျွန်တော့်ရဲ့နည်းပြအဖွဲ့ဟာ ဖိုင်နယ်ကိုရောက်ဖို့ စိတ်အားထက်သန်နေပါတယ်။

ဆီမီးဖိုင်နယ် နှစ်ကျော့စလုံးကို အကောင်းဆုံး ယှဥ်ပြိုင်ရမှာဖြစ်ပြီး ကျွန်တော်ပြောသလိုပဲ အရမ်းကိုခက်ခဲမှာပါ” “ဒီပွဲကို ပရိသတ်တွေအတွက် ကစားပေးမှာဖြစ်ပြီး  ကျွန်တော်တို့ရဲ့ အကောင်းဆုံးပုံစံကို မြင်တွေ့ရမယ်လို့ အာမခံပါတယ်” “ဒီနေ့ အဝေးကွင်းပွဲကို လာရောက်ကြည့်ရှု့မယ့် ပရိသတ်တွေအတွက် ပွဲကောင်းတစ်ပွဲ ဖြစ်လိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။

အိမ်ကွင်းပွဲကတော့ အရမ်းထူးခြားတဲ့ညဖြစ်မှာပါ၊ ကျွန်တော်တို့ရဲ့အလုပ်က ဒီပွဲမှာ ကောင်းမွန်တဲ့ အနေအထားမှာရှိအောင် သေချာလုပ်သွားရမှာပါ။” “ကျွန်တော်တို့က ဖိုင်နယ်ရောက်ဖို့ အရမ်းကို စိတ်အားထက်သန်နေပါတယ်။ ဒါကြောင့် လုပ်ဆောင်မှုတွေအတွက် အသေအချာအာရုံစိုက်ကာ ဆောက်သမ်တန်နှင့်ပွဲကို အကောင်းဆုံးလုပ်သွားမှာပါ” လို့ ပွဲကြို သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားခဲ့တာပါ။

#Zawgyi





