Spots news

ရော်နယ်ဒိုနဲ့ အေးဂျင့် ဂျော့မန်ဒက်တို့ လမ်းခွဲရခြင်းရဲ့ နောက်ကွယ်က အကြောင်းအရင်း ထွက်ပေါ်လာ

#Unicode

ရော်နယ်ဒိုနဲ့ အေးဂျင့် ဂျော့မန်ဒက်တို့ လမ်းခွဲရခြင်းရဲ့ နောက်ကွယ်က အကြောင်းအရင်း ထွက်ပေါ်လာ

စီရော်နယ်ဒိုဟာ ၎င်းနဲ့ နှစ်အတော်ကြာ လက်တွဲခဲ့တဲ့ စူပါအေးဂျင့် ဂျော့မန်ဒက်နဲ့ လမ်းခွဲလိုက်တာကို အားလုံးသိပြီး ဖြစ်ပါလိမ့်မယ်။ ခုတော့ သူတို့နှစ်ဦး လမ်းခွဲလိုက်တဲ့ နောက်ကွယ်က အကြောင်းအရင်းကို စပိန်သတင်းစာ EL Mundo က ထုတ်ဖော်လိုက်ပါတယ်။ ဒီသတင်းစာရဲ့ ဖော်ပြချက်အရ စီရော်နယ်ဒိုဟာ မန်ယူနဲ့ လမ်းခွဲခဲ့ပြီးနောက် သူ့ရဲ့ အေးဂျင့်ဖြစ်သူ ဂျော့မန်ဒက်ကို ၎င်းအား ချဲလ်ဆီး ဒါမှမဟုတ် ဘိုင်ယန်မြူးနစ်အသင်း တစ်သင်းသင်းစီကို ပြောင်းရွှေ့နိုင်အောင် ဆောင်ရွက်ပေးဖို့ တောင်းဆိုခဲ့တာပါ။

အဲဒိလိုမှ မလုပ်ပေးနိုင်ရင် သူတို့နှစ်ဦး လမ်းခွဲကြမယ်လို့ ရော်နယ်ဒိုက ပြောကြားခဲ့ကြောင်းလည်း သိရပါတယ်။ မန်ဒက်တစ်ယောက် သူ့ရဲ့ တောင်းဆိုမှုကို မဖြည့်ဆည်းပေးနိုင်တဲ့ နောက်မှာတော့ ရော်နယ်ဒိုဟာ သူပြောတဲ့အတိုင်းပဲ မန်ဒက်နဲ့ နှစ် ၂၀ ကြာ ဆက်ဆံရေးကို အဆုံးသတ်ခဲ့ပါတယ်။

မန်ယူနဲ့ လမ်းခွဲဖို့ အကြောင်းအရင်းတစ်ရပ် ဖြစ်ပေါ်စေခဲ့တဲ့ ကမ္ဘာ့ဖလားမတိုင်မီ ရော်နယ်ဒိုနဲ့ ပီးယာ့စ် မော်ဂန်တို့ရဲ့ အင်တာဗျူးကိုလည်း မန်ဒက်အနေနဲ့ အတော်လေးသဘောမကျ ဖြစ်ခဲ့ပါသေးတယ်။ ဒါ့အပြင် မန်ဒက်ဟာ ရော်နယ်ဒိုကို ဥရောပထိပ်သီး အသင်းကြီးတွေက နှစ်သက်လိုလားခြင်း မရှိတော့တာကို သဘောအပေါက်ဆုံး လူတစ်ယောက်လည်း ဖြစ်ပါတယ်။

ခုတော့ ဆယ်စုနှစ် ၂ ခုကြာအောင် လက်တွဲခဲ့ပြီး အဖေနဲ့ သား ဆက်ဆံရေးမျိုး ရှိခဲ့ပေမယ့် ရော်နယ်ဒိုနဲ့ ဂျော့ မန်ဒက်တို့နှစ်ယောက်ဟာ လမ်းခွဲလိုက်ကြပြီ ဖြစ်ပါတယ်။ စီရော်နယ်ဒိုဟာ မန်ဒက်နဲ့ လမ်းခွဲခဲ့ပြီးနောက်မှာ Ricky Regufe ရဲ့ အဆက်အသွယ်နဲ့ ဆော်ဒီကလပ် အယ်လ် နာဆာအသင်းထံကို ကမ္ဘာ့လုပ်ခလစာ အများဆုံး အားကစားသမားဆိုတဲ့ ဂုဏ်ပုဒ်နဲ့အတူ ပြောင်းရွှေ့ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ကြာသပတေးနေ့ကပဲ ရော်နယ်ဒိုတစ်ယောက် ဆော်ဒီမြေအတွက် သူ့ရဲ့ ပွဲဦးထွက်ကို PSG အသင်းနဲ့ ဆော်ဒီလိဂ် all star အသင်းတို့ရဲ့ ပွဲစဥ်မှာ အသင်းခေါင်းဆောင် အဖြစ်ပါဝင်ရင်း သွင်းဂိုး ၂ ဂိုး သွင်းယူကာ တာထွက်လှခဲ့ပါတယ်။ သူ့ရဲ့ကလပ် အယ်လ် နာဆာအတွက် ပွဲဦးထွက်မှာတော့ သွင်းဂိုးသွင်းယူ ပေးနိုင်ခြင်း မရှိခဲ့ပါဘူး။

#Zawgyi

ေရာ္နယ္ဒိုနဲ႕ ေအးဂ်င့္္ ေဂ်ာ့မန္ဒက္တို႔ လမ္းခြဲရျခင္းရဲ႕ ေနာက္ကြယ္က အေၾကာင္းအရင္း ထြက္ေပၚလာ

စီေရာ္နယ္ဒိုဟာ ၎နဲ႕ ႏွစ္အေတာ္ၾကာ လက္တြဲခဲ့တဲ့ စူပါေအးဂ်င့္ ေဂ်ာ့မန္ဒက္နဲ႕ လမ္းခြဲလိုက္တာကို အားလုံးသိၿပီး ျဖစ္ပါလိမ့္မယ္။ ခုေတာ့ သူတို႔ႏွစ္ဦး လမ္းခြဲလိုက္တဲ့ ေနာက္ကြယ္က အေၾကာင္းအရင္းကို စပိန္သတင္းစာ EL Mundo က ထုတ္ေဖာ္လိုက္ပါတယ္။ ဒီသတင္းစာရဲ႕ ေဖာ္ျပခ်က္အရ စီေရာ္နယ္ဒိုဟာ မန္ယူနဲ႕ လမ္းခြဲခဲ့ၿပီးေနာက္ သူ႕ရဲ႕ ေအးဂ်င့္ျဖစ္သူ ေဂ်ာ့မန္ဒက္ကို ၎အား ခ်ဲလ္ဆီး ဒါမွမဟုတ္ ဘိုင္ယန္ျမဴးနစ္အသင္း တစ္သင္းသင္းစီကို ေျပာင္းေ႐ႊ႕နိုင္ေအာင္ ေဆာင္႐ြက္ေပးဖို႔ ေတာင္းဆိုခဲ့တာပါ။

အဲဒိလိုမွ မလုပ္ေပးနိုင္ရင္ သူတို႔ႏွစ္ဦး လမ္းခြဲၾကမယ္လို႔ ေရာ္နယ္ဒိုက ေျပာၾကားခဲ့ေၾကာင္းလည္း သိရပါတယ္။ မန္ဒက္တစ္ေယာက္ သူ႕ရဲ႕ ေတာင္းဆိုမႈကို မျဖည့္ဆည္းေပးနိုင္တဲ့ ေနာက္မွာေတာ့ ေရာ္နယ္ဒိုဟာ သူေျပာတဲ့အတိုင္းပဲ မန္ဒက္နဲ႕ ႏွစ္ ၂၀ ၾကာ ဆက္ဆံေရးကို အဆုံးသတ္ခဲ့ပါတယ္။

မန္ယူနဲ႕ လမ္းခြဲဖို႔ အေၾကာင္းအရင္းတစ္ရပ္ ျဖစ္ေပၚေစခဲ့တဲ့ ကမာၻ႔ဖလားမတိုင္မီ ေရာ္နယ္ဒိုနဲ႕ ပီးယာ့စ္ ေမာ္ဂန္တို႔ရဲ႕ အင္တာဗ်ဴးကိုလည္း မန္ဒက္အေနနဲ႕ အေတာ္ေလးသေဘာမက် ျဖစ္ခဲ့ပါေသးတယ္။ ဒါ့အျပင္ မန္ဒက္ဟာ ေရာ္နယ္ဒိုကို ဥေရာပထိပ္သီး အသင္းႀကီးေတြက ႏွစ္သက္လိုလားျခင္း မရွိေတာ့တာကို သေဘာအေပါက္ဆုံး လူတစ္ေယာက္လည္း ျဖစ္ပါတယ္။

ခုေတာ့ ဆယ္စုႏွစ္ ၂ ခုၾကာေအာင္ လက္တြဲခဲ့ၿပီး အေဖနဲ႕ သား ဆက္ဆံေရးမ်ိဳး ရွိခဲ့ေပမယ့္ ေရာ္နယ္ဒိုနဲ႕ ေဂ်ာ့ မန္ဒက္တို႔ႏွစ္ေယာက္ဟာ လမ္းခြဲလိုက္ၾကၿပီ ျဖစ္ပါတယ္။ စီေရာ္နယ္ဒိုဟာ မန္ဒက္နဲ႕ လမ္းခြဲခဲ့ၿပီးေနာက္မွာ Ricky Regufe ရဲ႕ အဆက္အသြယ္နဲ႕ ေဆာ္ဒီကလပ္ အယ္လ္ နာဆာအသင္းထံကို ကမာၻ႔လုပ္ခလစာ အမ်ားဆုံး အားကစားသမားဆိုတဲ့ ဂုဏ္ပုဒ္နဲ႕အတူ ေျပာင္းေ႐ႊ႕ခဲ့ပါတယ္။

ၿပီးခဲ့တဲ့ ၾကာသပေတးေန႕ကပဲ ေရာ္နယ္ဒိုတစ္ေယာက္ ေဆာ္ဒီေျမအတြက္ သူ႕ရဲ႕ ပြဲဦးထြက္ကို PSG အသင္းနဲ႕ ေဆာ္ဒီလိဂ္ all star အသင္းတို႔ရဲ႕ ပြဲစဥ္မွာ အသင္းေခါင္းေဆာင္ အျဖစ္ပါဝင္ရင္း သြင္းဂိုး ၂ ဂိုး သြင္းယူကာ တာထြက္လွခဲ့ပါတယ္။ သူ႕ရဲ႕ကလပ္ အယ္လ္ နာဆာအတြက္ ပြဲဦးထြက္မွာေတာ့ သြင္းဂိုးသြင္းယူ ေပးနိုင္ျခင္း မရွိခဲ့ပါဘူး။