Spots news

အာဆင်နယ်နဲ့ပွဲမှာ ခြေစွမ်းမပြနိုင်ခဲ့တဲ့ အန်တိုနီကို Youtube Player လို့ အမည်ပေးလိုက်တဲ့ ဒါးရင်းဘန့်

#Unicode

အာဆင်နယ်နဲ့ပွဲမှာ ခြေစွမ်းမပြနိုင်ခဲ့တဲ့ အန်တိုနီကို Youtube Player လို့ အမည်ပေးလိုက်တဲ့ ဒါးရင်းဘန့်

အာဆင်နယ်နဲ့ပွဲမှာ ထင်သလောက် ခြေစွမ်းမပြနိုင်ခဲ့တဲ့ အန်တိုနီကို ပရီးမီးယားလိဂ် တိုက်စစ်မှူးဟောင်း တစ်ဦးဖြစ်တဲ့ ဒါးရင်းဘန့်က ” Youtube Player ” လို့ နာမည်ပေးလိုက်ပါတယ်။ တောင်ပံကစားသမား အန်တိုနီဟာ ဂန်းနားတို့နဲ့ ပွဲစဥ်မှာ အဝါကဒ် ပြသခံခဲ့ရသလို ဂိုးပေါက်ကန်သွင်းမှု တစ်ကြိမ်သာ ပြုလုပ်နိုင်ပြီးနောက် မိနစ် ၇၀ အရောက်မှာ လူစားလဲ ခံခဲ့ရတာပါ။

အဆိုပါ ပွဲစဥ်အတွင်း အန်တိုနီတစ်ယောက် dribble attempts ၅ ကြိမ် လုပ်ဆောင်ခဲ့ရာမှာ ၃ ကြိမ်ထိ အောင်မြင်ခဲ့ပေမယ့် သရဲနီတို့ရဲ့ တိုက်စစ်ပုံဖော်မှုကို မကြာခဏ နှေးကွေးစေခဲ့ပါတယ်။ ဒါ့အပြင် ၎င်းရှိနေတဲ့ ညာခြမ်းကတဆင့် ဘူကာယို ဆာကာရဲ့ ကျော်ဖြတ်မှုတွေကို မကြာခဏခံခဲ့ရပြီး ယှဥ်ကစားနိုင်ခြင်း မရှိခဲ့ပါဘူး။ ဒီလို ပုံစံကောင်းတွေ ပျောက်ဆုံးနေတဲ့ အန်တိုနီကို ” သူ (အန်တိုနီ) က လုပ်နိုင်တာတွေ အကုန်လုပ်နေပေမယ့် ဘယ်သူ့ကိုမှ မကျော်ဖြတ်နိုင်ပါဘူး။

သူလုပ်နေတဲ့ ပုံစံက တစ်စုံတစ်ယောက်ကို ကျော်ဖြတ်ဖို့၊ လှည့်စားမှုတွေ လုပ်ပြဖို့ ပြုမူနေတာမျိုး မဟုတ်ပါဘူး။ သူ့အတွက် သူ လုပ်နေသလိုပါပဲ။ သူလုပ်ပြနေတာတွေက အသင်းအတွက် ဘာအကျိုးမှ မရှိပါဘူး ” လို့ ဒါးရင်းဘန့်က ဝေဖန်ထောက်ပြခဲ့တာပါ။ ဆက်လက်ပြီး အန်တိုနီကို တချို့က Youtube Player လို့ ခေါ်ဆိုနေကြတဲ့အပေါ် သူ့အမြင်ကို မေးမြန်းရာမှာ ဒါးရင်းဘန့်က

” ဒါက နည်းနည်းတော့ မှန်နေတယ်လေ။ မင်း​က ဘောလုံးသမားတစ်ယောက်ရဲ့ အကောင်းဆုံးအပိုင်းတွေကို clip လုပ်ပြီး Youtube မှာ တင်ထားကို ကြည့်လိုက်ရတယ်။ ဒါကို ” ဝိုး ၊ ငါတို့ သူ့ကို ခေါ်ယူထားနိုင်တာ မယုံနိုင်ဘူး ” လို့ အံ့အားသင့်လိမ့်မယ်၊ ဒါပေမယ့် clip လုပ်မထားတဲ့ ကြားထဲကအရာတွေက ဘယ်မှာလဲ? သူ မန်ယူကို ရောက်စက ကောင်းမွန်ခဲ့တာကို ငါ သိပါတယ်။

ကောင်းမွန်တဲ့ သွင်းဂိုး ၂ ဂိုး သွင်းယူပြီး စတင်ခဲ့တယ်။ ဒါပေမယ့် အဆုံးမှာ သူက ယူနိုက်တက်အတွက် ဘာလုပ်ပေးမှာလဲ?” လို့ မေးခွန်းထုတ်ရင်း Youtube Player ဆိုတဲ့ အဆိုကို ထောက်ခံဝေဖန်သွားခဲ့တာပါ။ အန်တိုနီဟာ ပေါင် ၈၆ သန်းဆိုတဲ့ မြင့်မားတဲ့ ပြောင်းရွှေ့ကြေးနဲ့ သရဲနီတို့ထံ ရောက်ရှိလာခဲ့တာ ဖြစ်ပေမယ့် လက်ရှိမှာ ထင်သလောက် ခြေစွမ်းမပြနိုင်တာကြောင့် ဝေဖန်မှုတွေ ခံနေရပါတယ်။

#Zawgyi

အာဆင္နယ္နဲ႕ပြဲမွာ ေျခစြမ္းမျပနိုင္ခဲ့တဲ့ အန္တိုနီကို Youtube Player လို႔ အမည္ေပးလိုက္တဲ့ ဒါးရင္းဘန့္

အာဆင္နယ္နဲ႕ပြဲမွာ ထင္သေလာက္ ေျခစြမ္းမျပနိုင္ခဲ့တဲ့ အန္တိုနီကို ပရီးမီးယားလိဂ္ တိုက္စစ္မႉးေဟာင္း တစ္ဦးျဖစ္တဲ့ ဒါးရင္းဘန့္က ” Youtube Player ” လို႔ နာမည္ေပးလိုက္ပါတယ္။ ေတာင္ပံကစားသမား အန္တိုနီဟာ ဂန္းနားတို႔နဲ႕ ပြဲစဥ္မွာ အဝါကဒ္ ျပသခံခဲ့ရသလို ဂိုးေပါက္ကန္သြင္းမႈ တစ္ႀကိမ္သာ ျပဳလုပ္နိုင္ၿပီးေနာက္ မိနစ္ ၇၀ အေရာက္မွာ လူစားလဲ ခံခဲ့ရတာပါ။

အဆိုပါ ပြဲစဥ္အတြင္း အန္တိုနီတစ္ေယာက္ dribble attempts ၅ ႀကိမ္ လုပ္ေဆာင္ခဲ့ရာမွာ ၃ ႀကိမ္ထိ ေအာင္ျမင္ခဲ့ေပမယ့္ သရဲနီတို႔ရဲ႕ တိုက္စစ္ပုံေဖာ္မႈကို မၾကာခဏ ေႏွးေကြးေစခဲ့ပါတယ္။ ဒါ့အျပင္ ၎ရွိေနတဲ့ ညာျခမ္းကတဆင့္ ဘူကာယို ဆာကာရဲ႕ ေက်ာ္ျဖတ္မႈေတြကို မၾကာခဏခံခဲ့ရၿပီး ယွဥ္ကစားနိုင္ျခင္း မရွိခဲ့ပါဘူး။ ဒီလို ပုံစံေကာင္းေတြ ေပ်ာက္ဆုံးေနတဲ့ အန္တိုနီကို ” သူ (အန္တိုနီ) က လုပ္နိုင္တာေတြ အကုန္လုပ္ေနေပမယ့္ ဘယ္သူ႕ကိုမွ မေက်ာ္ျဖတ္နိုင္ပါဘူး။

သူလုပ္ေနတဲ့ ပုံစံက တစ္စုံတစ္ေယာက္ကို ေက်ာ္ျဖတ္ဖို႔၊ လွည့္စားမႈေတြ လုပ္ျပဖို႔ ျပဳမူေနတာမ်ိဳး မဟုတ္ပါဘူး။ သူ႕အတြက္ သူ လုပ္ေနသလိုပါပဲ။ သူလုပ္ျပေနတာေတြက အသင္းအတြက္ ဘာအက်ိဳးမွ မရွိပါဘူး ” လို႔ ဒါးရင္းဘန့္က ေဝဖန္ေထာက္ျပခဲ့တာပါ။ ဆက္လက္ၿပီး အန္တိုနီကို တခ်ိဳ႕က Youtube Player လို႔ ေခၚဆိုေနၾကတဲ့အေပၚ သူ႕အျမင္ကို ေမးျမန္းရာမွာ ဒါးရင္းဘန့္က

” ဒါက နည္းနည္းေတာ့ မွန္ေနတယ္ေလ။ မင္း​က ေဘာလုံးသမားတစ္ေယာက္ရဲ႕ အေကာင္းဆုံးအပိုင္းေတြကို clip လုပ္ၿပီး Youtube မွာ တင္ထားကို ၾကည့္လိုက္ရတယ္။ ဒါကို ” ဝိုး ၊ ငါတို႔ သူ႕ကို ေခၚယူထားနိုင္တာ မယုံနိုင္ဘူး ” လို႔ အံ့အားသင့္လိမ့္မယ္၊ ဒါေပမယ့္ clip လုပ္မထားတဲ့ ၾကားထဲကအရာေတြက ဘယ္မွာလဲ? သူ မန္ယူကို ေရာက္စက ေကာင္းမြန္ခဲ့တာကို ငါ သိပါတယ္။

ေကာင္းမြန္တဲ့ သြင္းဂိုး ၂ ဂိုး သြင္းယူၿပီး စတင္ခဲ့တယ္။ ဒါေပမယ့္ အဆုံးမွာ သူက ယူနိုက္တက္အတြက္ ဘာလုပ္ေပးမွာလဲ?” လို႔ ေမးခြန္းထုတ္ရင္း Youtube Player ဆိုတဲ့ အဆိုကို ေထာက္ခံေဝဖန္သြားခဲ့တာပါ။ အန္တိုနီဟာ ေပါင္ ၈၆ သန္းဆိုတဲ့ ျမင့္မားတဲ့ ေျပာင္းေ႐ႊ႕ေၾကးနဲ႕ သရဲနီတို႔ထံ ေရာက္ရွိလာခဲ့ျဖစ္ေပမယ့္ လက္ရွိမွာ ထင္သေလာက္ ေျခစြမ္းမျပနိုင္တာေၾကာင့္ ေဝဖန္မႈေတြ ခံေနရပါတယ္။