Spots news

အဲဗာတန်နည်းပြသစ် ဖြစ်လာဖို့ လိဒ်မန်နေဂျာဟောင်း ဘီယဲလ်ဆာ ထိပ်ဆုံးက ရေပန်းစားနေ

#Unicode

အဲဗာတန်နည်းပြသစ် ဖြစ်လာဖို့ လိဒ်မန်နေဂျာဟောင်း ဘီယဲလ်ဆာ ထိပ်ဆုံးက ရေပန်းစားနေ

ရလဒ်တွေ ဆက်တိုက်ဆိုးရွားနေတဲ့ အဲဗာတန်က ယမန်နေ့ကပဲ နည်းပြ လမ်းပတ်ကို ရာထူးကနေ ထုတ်ပယ်ခဲ့ပါတယ်။ လက်ရှိ ဘောလုံးရာသီမှာ ရုန်းကန်နေရတဲ့ ဘုန်းမောက်ကို သီတင်းပတ်တစ်ခုအတွင်း နှစ်ပွဲဆက် ရှုံးနိမ့်ခဲ့မှု အပါအဝင် ပရီးမီးယားလိဂ်နောက်ဆုံး သုံးပွဲဆက် ဘရိုက်တန်၊ ဆောက်သမ်တန်၊ ဝက်စ်ဟမ်းတို့ကို ရှုံးနိမ့်ခဲ့မှုတွေက အဲဗာတန်နည်းပြ လမ်းပတ်ကို ရာထူးက ထုတ်ပယ်ဖို့ လုံလောက်စေခဲ့ပါတယ်။

Daily Mail ဖော်ပြချက်အရ နည်းပြဟောင်း လမ်းပတ်ရဲ့နေရာအတွက် ဝါရင့်နည်းပြ​ကြီး ဘီယဲလ်ဆာကို တာဝန်ပေးအပ်သွားဖို့ အဲဗာတန် တာဝန်ရှိသူတွေ အဓိကထား ကြိုးပမ်းနေတယ်လို့ သိရပါတယ်။ ဘီယဲလ်ဆာရဲ့ အားပါပြင်းထန်တဲ့ကစားပုံက အဲဗာတန် ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်မှာ သေချာနေပါတယ်။

အာဂျင်တီးနားလူမျိုး နည်းပြကြီး ဘီယဲလ်ဆာက ကစားသမားတွေဆီကနေ တောင်းဆိုမှုတွေ များပြားလေ့ရှိပြီး လက်ရှိ အဲဗာတန်အသင်းရဲ့ စွမ်းဆောင်ရည်ပိုင်းကလည်း ညံ့ဖျင်းနေတာကို မြင်တွေ့ထားရပါတယ်။ ဘီယဲလ်ဆာရဲ့တောင်းဆိုမှုတွေအပေါ် အဲဗာတန် ကစားသမားတွေ ဖြည့်ဆည်းပေးနိုင်မလားဆိုတာ သီးခြားကဏ္ဍတစ်ခုဖြစ်ပြီး

လက်ရှိအဲဗာတန်အသင်း လူစာရင်းက ဘီယဲလ်ဆာရဲ့ တောင်းဆိုမှုတွေနဲ့ လိုက်လျောညီထွေ ဖြစ်ပါ့မလားဆိုတဲ့ သံသယတွေလည်း ရှိနေပါတယ်။ ကယ်လ်ဗတ်လီဝင်၊ မီနာတို့လို ကစားသမားတွေမှာ ဒဏ်ရာမှတ်တမ်းဆိုးရှိနေတာကြောင့် ဘီယဲလ်ဆာရဲ့ ပြင်းထန်တဲ့ လေ့ကျင့်ရေးအစီအစဉ်တွေက ဒီလိုကစားသမားတွေအတွက် အခက်အခဲ ဖြစ်လာနိုင်ပါတယ်။

ဒါကြောင့် အကယ်၍များ ဘီယဲလ်ဆာတစ်ယောက် အဲဗာတန်ကို ရောက်ရှိလာခဲ့ရင် လက်ရှိ အဲဗာတန်ကစားသမားတွေကို ဘယ်လို မောင်းနှင်မလဲဆိုတာနဲ့ အသင်းကိုရော ဘယ်လောက်ထိ ဆွဲတင်ပေးနိုင်မလဲ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။ အဲဗာတန်ဟာ ဘီယဲလ်ဆာအပြင် ပိုချက်တီနို၊ ဝိန်းရွန်းနီ လက်ထောက်နည်းပြ ဖာဂူဆန်နဲ့ ဘန်လေနည်းပြဟောင်း ရှောင်ဒိုက်တို့ကိုလည်း နည်းပြလောင်းစာရင်းမှာ ထည့်သွင်းထားတယ်လို့ သိရပါတယ်။

#Zawgyi

အဲဗာတန္နည္းျပသစ္ ျဖစ္လာဖို႔ လိဒ္မန္ေနဂ်ာေဟာင္း ဘီယဲလ္ဆာ ထိပ္ဆုံးက ေရပန္းစားေန

ရလဒ္ေတြ ဆက္တိုက္ဆိုး႐ြားေနတဲ့ အဲဗာတန္က ယမန္ေန႕ကပဲ နည္းျပ လမ္းပတ္ကို ရာထူးကေန ထုတ္ပယ္ခဲ့ပါတယ္။ လက္ရွိ ေဘာလုံးရာသီမွာ ႐ုန္းကန္ေနရတဲ့ ဘုန္းေမာက္ကို သီတင္းပတ္တစ္ခုအတြင္း ႏွစ္ပြဲဆက္ ရႈံးနိမ့္ခဲ့မႈ အပါအဝင္ ပရီးမီးယားလိဂ္ေနာက္ဆုံး သုံးပြဲဆက္ ဘရိုက္တန္၊ ေဆာက္သမ္တန္၊ ဝက္စ္ဟမ္းတို႔ကို ရႈံးနိမ့္ခဲ့မႈေတြက အဲဗာတန္နည္းျပ လမ္းပတ္ကို ရာထူးက ထုတ္ပယ္ဖို႔ လုံေလာက္ေစခဲ့ပါတယ္။

Daily Mail ေဖာ္ျပခ်က္အရ နည္းျပေဟာင္း လမ္းပတ္ရဲ႕ေနရာအတြက္ ဝါရင့္နည္းျပ​ႀကီး ဘီယဲလ္ဆာကို တာဝန္ေပးအပ္သြားဖို႔ အဲဗာတန္ တာဝန္ရွိသူေတြ အဓိကထား ႀကိဳးပမ္းေနတယ္လို႔ သိရပါတယ္။ ဘီယဲလ္ဆာရဲ႕ အားပါျပင္းထန္တဲ့ကစားပုံက အဲဗာတန္ ကစားသမားေတြရဲ႕ စြမ္းေဆာင္ရည္ကို ျမႇင့္တင္ေပးနိုင္မွာ ေသခ်ာေနပါတယ္။

အာဂ်င္တီးနားလူမ်ိဳး နည္းျပႀကီး ဘီယဲလ္ဆာက ကစားသမားေတြဆီကေန ေတာင္းဆိုမႈေတြ မ်ားျပားေလ့ရွိၿပီး လက္ရွိ အဲဗာတန္အသင္းရဲ႕ စြမ္းေဆာင္ရည္ပိုင္းကလည္း ညံ့ဖ်င္းေနတာကို ျမင္ေတြ႕ထားရပါတယ္။ ဘီယဲလ္ဆာရဲ႕ေတာင္းဆိုမႈေတြအေပၚ အဲဗာတန္ ကစားသမားေတြ ျဖည့္ဆည္းေပးနိုင္မလားဆိုတာ သီးျခားက႑တစ္ခုျဖစ္ၿပီး

လက္ရွိအဲဗာတန္အသင္း လူစာရင္းက ဘီယဲလ္ဆာရဲ႕ ေတာင္းဆိုမႈေတြနဲ႕ လိုက္ေလ်ာညီေထြ ျဖစ္ပါ့မလားဆိုတဲ့ သံသယေတြလည္း ရွိေနပါတယ္။ ကယ္လ္ဗတ္လီဝင္၊ မီနာတို႔လို ကစားသမားေတြမွာ ဒဏ္ရာမွတ္တမ္းဆိုးရွိေနတာေၾကာင့္ ဘီယဲလ္ဆာရဲ႕ ျပင္းထန္တဲ့ ေလ့က်င့္ေရးအစီအစဥ္ေတြက ဒီလိုကစားသမားေတြအတြက္ အခက္အခဲ ျဖစ္လာနိုင္ပါတယ္။

ဒါေၾကာင့္ အကယ္၍မ်ား ဘီယဲလ္ဆာတစ္ေယာက္ အဲဗာတန္ကို ေရာက္ရွိလာခဲ့ရင္ လက္ရွိ အဲဗာတန္ကစားသမားေတြကို ဘယ္လို ေမာင္းႏွင္မလဲဆိုတာနဲ႕ အသင္းကိုေရာ ဘယ္ေလာက္ထိ ဆြဲတင္ေပးနိုင္မလဲ စိတ္ဝင္စားဖို႔ ေကာင္းေနပါတယ္။ အဲဗာတန္ဟာ ဘီယဲလ္ဆာအျပင္ ပိုခ်က္တီနို၊ ဝိန္း႐ြန္းနီ လက္ေထာက္နည္းျပ ဖာဂူဆန္နဲ႕ ဘန္ေလနည္းျပေဟာင္း ေရွာင္ဒိုက္တို႔ကိုလည္း နည္းျပေလာင္းစာရင္းမွာ ထည့္သြင္းထားတယ္လို႔ သိရပါတယ္။