Spots news

၃၅ မိနစ်ပဲ ကစားပြီး ဟာလန်း၊ ရက်ဖို့ဒ်တို့ကို ကျော်ဖြတ်ကာ မှတ်တမ်းကောင်းတစ်ရပ် ပိုင်ဆိုင်သွားတဲ့ မူဒရစ်

#Unicode

၃၅ မိနစ်ပဲ ကစားပြီး ဟာလန်း၊ ရက်ဖို့ဒ်တို့ကို ကျော်ဖြတ်ကာ မှတ်တမ်းကောင်းတစ်ရပ် ပိုင်ဆိုင်သွားတဲ့ မူဒရစ်

လီဗာပူးနဲ့ ပွဲစဥ်မှာ ချဲလ်ဆီးအတွက် ပွဲထွက်ခွင့်မရခဲ့ပဲ ၅၅ မိနစ် အရောက်မှသာ လူစားဝင် ကစားခွင့် ရရှိခဲ့တဲ့ ချဲလ်ဆီးတောင်ပံ ကစားသမားသစ် မူဒရစ်ဟာ ၃၅ မိနစ်ခန့်သာ ကစားရသေးပေမယ့် ဒီရာသီအတွက် ပရီးမီးယားလိဂ်ရဲ့ စံချိန်မှတ်တမ်း တစ်ခုကို ချိုးဖြတ် ပြနိုင်ခဲ့ပါတယ်။ ဒါကတော့ ပရီးမီးယားလိဂ်ရဲ့ အမြန်ဆုံး ကစားသမားဆိုတဲ့ စံချိန်မှတ်တမ်းပါပဲ။

မူဒရစ်ဟာ လီဗာပူးနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ပွဲစဥ်မှာ ကစားခွင့်ရခဲ့တဲ့ မိနစ်အနည်းငယ်အတွင်း အမြင့်ဆုံး ပြေးနှုန်းအဖြစ် တစ်နာရီ ၃၆.၆၃ ကီလိုမီတာနှုန်း ပြေးလွှားပြခဲ့တာပါ။ ဒါဟာ ဒီရာသီ ပရီးမီးယားလိဂ်ရဲ့ အမြင့်ဆုံး ပြေးနှုန်းဖြစ်ခဲ့တာကြောင့် မူဒရစ်က အမြန်ဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့တာပါ။ မူဒရစ်မတိုင်ခင် ဒီရာသီ ပရီးမီယားလိဂ် အမြန်ဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်ထားသူကတော့

အဲဗာတန်လူငယ် ကစားသမား အန်တိုနီ ဂေါ်ဒန်ဖြစ်ကာ သူကတော့ တစ်နာရီကို ၃၆.၆၁ ကီလိုမီတာနှုန်း ပြေးလွှားခဲ့တာပါ။ လီဗာပူးတိုက်စစ်မှူး ဒါဝင်နူးနက်ဟာလည်း ဒီစာရင်းမှာ ၃ ယောက်မြောက် ကစားသမားအဖြစ် ပါဝင်နေပြီး တစ်နာရီကို ၃၆.၅၃ ကီလိုမီတာနှုန်း ရှိခဲ့သူပါ။ သူ့ရဲ့နောက်မှာတော့ မန်စီးတီးစတား အာလင်း ဟာလန်းက ၃၆.၂၂ ကီလိုမီတာနှုန်းနဲ့ ရှိနေသလို ချဲလ်ဆီးကွင်းလယ်လူ ဇာကာရီယာကလည်း ၃၆.၀၉ ကီလိုမီတာနှုန်းနဲ့ ထိပ်ဆုံး ၅ ယောက်စာရင်းမှာ ပါဝင်ခဲ့ပါတယ်။

လီဗာပူးနဲ့ ဂိုးမရှိသရေ ကျခဲ့တဲ့ပွဲမှာ ဂိုးမသွင်းနိုင်ခဲ့ပေမယ့် အထင်ကြီးစရာ ခြေစွမ်းမျိုး ပြသနိုင်ခဲ့တဲ့ မူဒရစ်ဟာ ချဲလ်ဆီးရဲ့ icon ကစားသမား ဖြစ်ခဲ့ဖူးတဲ့ အီဒင် ဟာဇတ်နဲ့ နှိုင်းယှဥ်မှုတွေကိုလည်း လက်ခံရရှိခဲ့ပါသေးတယ်။ မူဒရစ်ရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်လို့ ချဲလ်ဆီးနည်းပြ ဂရေဟမ်ပေါ်တာကလည်း ” သူ (မူဒရစ်)က နိုဝင်ဘာကတည်းက ပွဲကစားဖို့ ပြတ်လပ်နေတာကြောင့် သူ့ကို ပွဲထွက်ခွင့်ပေးဖို့ စိုးရိမ်မှုတချို့ ရှိခဲ့ပါတယ်။

ဒါပေမယ့် သူ့ရဲ့စတင်မှုက တကယ်ကို ကောင်းမွန်ခဲ့ပါတယ်။ သူဟာ ကျနော်တို့နဲ့ နှစ်ကြိမ်ပဲ လေ့ကျင့်ခန်း ဆင်းခဲ့ရတာပါ။ သူနဲ့ ကျနော်တို့ကြား အပြန်အလှန် နားလည်မှုရှိလာလေ သူဟာ ပိုကောင်းလာလေ ဖြစ်မှာပါ။ ပရိတ်သတ်တွေကို ထိုင်ခုံကနေ ထချင်လာအောင် စွမ်းဆောင်ပြနိုင်မယ့် သူမျိုးပါ ” လို့ လီဗာပူးနဲ့ ပွဲအပြီးမှာ ချီးကျူးပြောဆိုခဲ့ပါတယ်။

#Zawgyi

၃၅ မိနစ္ပဲ ကစားၿပီး ဟာလန္း၊ ရက္ဖို႔ဒ္တို႔ကို ေက်ာ္ျဖတ္ကာ မွတ္တမ္းေကာင္းတစ္ရပ္ ပိုင္ဆိုင္သြားတဲ့ မူဒရစ္

လီဗာပူးနဲ႕ ပြဲစဥ္မွာ ခ်ဲလ္ဆီးအတြက္ ပြဲထြက္ခြင့္မရခဲ့ပဲ ၅၅ မိနစ္ အေရာက္မွသာ လူစားဝင္ ကစားခြင့္ ရရွိခဲ့တဲ့ ခ်ဲလ္ဆီးေတာင္ပံ ကစားသမားသစ္ မူဒရစ္ဟာ ၃၅ မိနစ္ခန့္သာ ကစားရေသးေပမယ့္ ဒီရာသီအတြက္ ပရီးမီးယားလိဂ္ရဲ႕ စံခ်ိန္မွတ္တမ္း တစ္ခုကို ခ်ိဳးျဖတ္ ျပနိုင္ခဲ့ပါတယ္။ ဒါကေတာ့ ပရီးမီးယားလိဂ္ရဲ႕ အျမန္ဆုံး ကစားသမားဆိုတဲ့ စံခ်ိန္မွတ္တမ္းပါပဲ။

မူဒရစ္ဟာ လီဗာပူးနဲ႕ ရင္ဆိုင္ခဲ့ရတဲ့ ပြဲစဥ္မွာ ကစားခြင့္ရခဲ့တဲ့ မိနစ္အနည္းငယ္အတြင္း အျမင့္ဆုံး ေျပးႏႈန္းအျဖစ္ တစ္နာရီ ၃၆.၆၃ ကီလိုမီတာႏႈန္း ေျပးလႊားျပခဲ့တာပါ။ ဒါဟာ ဒီရာသီ ပရီးမီးယားလိဂ္ရဲ႕ အျမင့္ဆုံး ေျပးႏႈန္းျဖစ္ခဲ့တာေၾကာင့္ မူဒရစ္က အျမန္ဆုံးကစားသမားအျဖစ္ မွတ္တမ္းဝင္ခဲ့တာပါ။ မူဒရစ္မတိုင္ခင္ ဒီရာသီ ပရီးမီယားလိဂ္ အျမန္ဆုံး ကစားသမားအျဖစ္ မွတ္တမ္းဝင္ထားသူကေတာ့

အဲဗာတန္လူငယ္ ကစားသမား အန္တိုနီ ေဂၚဒန္ျဖစ္ကာ သူကေတာ့ တစ္နာရီကို ၃၆.၆၁ ကီလိုမီတာႏႈန္း ေျပးလႊားခဲ့တာပါ။ လီဗာပူးတိုက္စစ္မႉး ဒါဝင္ႏူးနက္ဟာလည္း ဒီစာရင္းမွာ ၃ ေယာက္ေျမာက္ ကစားသမားအျဖစ္ ပါဝင္ေနၿပီး တစ္နာရီကို ၃၆.၅၃ ကီလိုမီတာႏႈန္း ရွိခဲ့သူပါ။ သူ႕ရဲ႕ေနာက္မွာေတာ့ မန္စီးတီးစတား အာလင္း ဟာလန္းက ၃၆.၂၂ ကီလိုမီတာႏႈန္းနဲ႕ ရွိေနသလို ခ်ဲလ္ဆီးကြင္းလယ္လူ ဇာကာရီယာကလည္း ၃၆.၀၉ ကီလိုမီတာႏႈန္းနဲ႕ ထိပ္ဆုံး ၅ ေယာက္စာရင္းမွာ ပါဝင္ခဲ့ပါတယ္။

လီဗာပူးနဲ႕ ဂိုးမရွိသေရ က်ခဲ့တဲ့ပြဲမွာ ဂိုးမသြင္းနိုင္ခဲ့ေပမယ့္ အထင္ႀကီးစရာ ေျခစြမ္းမ်ိဳး ျပသနိုင္ခဲ့တဲ့ မူဒရစ္ဟာ ခ်ဲလ္ဆီးရဲ႕ icon ကစားသမား ျဖစ္ခဲ့ဖူးတဲ့ အီဒင္ ဟာဇတ္နဲ႕ ႏွိုင္းယွဥ္မႈေတြကိုလည္း လက္ခံရရွိခဲ့ပါေသးတယ္။ မူဒရစ္ရဲ႕ စြမ္းေဆာင္ရည္နဲ႕ ပတ္သက္လို႔ ခ်ဲလ္ဆီးနည္းျပ ဂေရဟမ္ေပၚတာကလည္း ” သူ (မူဒရစ္)က နိုဝင္ဘာကတည္းက ပြဲကစားဖို႔ ျပတ္လပ္ေနတာေၾကာင့္ သူ႕ကို ပြဲထြက္ခြင့္ေပးဖို႔ စိုးရိမ္မႈတခ်ိဳ႕ ရွိခဲ့ပါတယ္။

ဒါေပမယ့္ သူ႕ရဲ႕စတင္မႈက တကယ္ကို ေကာင္းမြန္ခဲ့ပါတယ္။ သူဟာ က်ေနာ္တို႔နဲ႕ ႏွစ္ႀကိမ္ပဲ ေလ့က်င့္ခန္း ဆင္းခဲ့ရတာပါ။ သူနဲ႕ က်ေနာ္တို႔ၾကား အျပန္အလွန္ နားလည္မႈရွိလာေလ သူဟာ ပိုေကာင္းလာေလ ျဖစ္မွာပါ။ ပရိတ္သတ္ေတြကို ထိုင္ခုံကေန ထခ်င္လာေအာင္ စြမ္းေဆာင္ျပနိုင္မယ့္ သူမ်ိဳးပါ ” လို႔ လီဗာပူးနဲ႕ ပြဲအၿပီးမွာ ခ်ီးက်ဴးေျပာဆိုခဲ့ပါတယ္။