Spots news

ဘာစီလိုနာ ဥက္ကဌဟောင်း ဘာတိုမြူ ဖမ်းဆီးထိန်းသိမ်းခံရ

Unicode Version

ဘာစီလိုနာ ဥက္ကဌဟောင်း ဘာတိုမြူဟာ ရဲတပ်ဖွဲ့ရဲ့ဖမ်းဆီးခြင်းကို ခံခဲ့ရပါတယ်လို့ စပိန်မီဒီယာတွေက ဖော်ပြထားပါတယ်။ ကတ္တလန်ရဲတွေဟာ တနင်္လာနေ့က ရှာဖွေသိမ်းဆီးခြင်းများ လုပ်ဆောင်ရန်အတွက် ကလပ်သို့ရောက်လာခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်က ဘာစီလိုနာရဲ့အရှုပ်တော်ပုံကြောင့် အသင်းရဲ့ တာဝန်ရှိသူတွေဟာ ကစားသမားတွေ၊ နည်းပြတွေရဲ့ စွပ်စွဲခြင်းကိုခံခဲ့ရတာဖြစ်ပါတယ်။ ဒီပြဿနာကတော့ ဘာစီလိုနာ အသင်းရဲ့ ဥက္ကဌဟောင်း ဘာတိုမြူကို အသင်းရှိ ကစားသမားများနှင့် နည်းပြတွေက အပြစ်ရှာဝေဖန်ခဲ့ကြတာပါ။

အောက်တိုဘာလက အသင်းရဲ့ဥက္ကဌအဖြစ်မှ နှုတ်ထွက်ခဲ့တဲ့ ဘာတိုမြူဟာ ရဲတပ်ဖွဲ့ရဲ့ဖမ်းဆီးခြင်းကိုခံခဲ့ရတာဖြစ်ပါတယ်လို့ RAC1 နဲ့ Cadena SER က ဖော်ပြထားပါတယ်။အဖမ်းခံရတာက သူတစ်ဦးတည်းတော့မဟုတ်ပါဘူး။

ဘာတိုမြူရဲ့ ဘုတ်အဖွဲ့မှာ စီအီးအိုအဖြစ်ဆောင်ရွက်ခဲ့တဲ့ အော်စကာဂရာအူနှင့် ဥပဒေပိုင်းဆိုင်ရာ ဒါရိုက်တာဖြစ်သူ ရိုမာဂိုးမက်ဇ်ပွန်တီ တို့ကလည်း ဖမ်းခံခဲ့ရပါတယ်။

သတင်းတွေပေါက်ကြားခဲ့တဲ့အတွက် ဆီဗီလာနှင့်ကစားမည့် ကိုပါဒဲရေးဆီမီးဖိုင်နယ်ပွဲမတိုင်ခင် ၂ရက် အလိုမှာ ဘာတိုမြူရဲ့နေရာကို အစားထိုးဖို့ အခြားသော အဖွဲ့ဝင်တွေက တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။