Spots news

လာဇီယိုကို ၄ ဂိုးပြတ်နဲ့ အရှက်တကွဲ ရှုံးနိမ့်တဲ့ အေစီမီလန်

#Unicode

လာဇီယိုကို ၄ ဂိုးပြတ်နဲ့ အရှက်တကွဲ ရှုံးနိမ့်တဲ့ အေစီမီလန်

စီးရီးအေပွဲစဥ် ၁၉ ရဲ့ လက်ကျန်ပွဲစဥ်အဖြစ် လာဇီယိုနဲ့ အေစီမီလန်တို့ဟာ ယနေ့ မနက်အစောပိုင်းက လာဇီယိုရဲ့ အိမ်ကွင်းဖြစ်တဲ့ အိုလံပီကို အားကစားကွင်းကြီးထဲမှာ ယှဥ်ပြိုင်ကစားခဲ့ကြပါတယ်။ ဒီပွဲမှာတော့ အိမ်ရှင် လာဇီယိုက ၄ ဂိုးပြတ် အနိုင်ကစားခဲ့ပြီး အေစီမီလန်အတွက်တော့ အရှက်ရစရာ ရှုံးပွဲတစ်ပွဲ ဖြစ်ခဲ့ပါတယ်။ ပွဲအစ ၄ မိနစ်တည်းက လာဇီယိုတို့ အဖွင့်ဂိုး စရခဲ့ပြီး ဒီဂိုးကိုတော့ ကွင်းလယ်လူ ဆာဗစ်က ဧရိယာအတွင်းကနေ အပိုင်ကန်သွင်းပြီး ရယူခဲ့တာပါ။

ဦးဆောင်ခံလိုက်ရတဲ့ မီလန်တို့ ချေပဂိုး ပြန်ရဖို့ ကြိုးစားခဲ့ပေမယ့် တကယ်တမ်း ဂိုးရရှိသွားတာကတော့ လာဇီယိုပဲ ဖြစ်နေပြန်ပါတယ်။ ဒီဂိုးကိုတော့ ပွဲကစားချိန် ၃၈ မိနစ်အရောက်မှာ တောင်ပံကစားသမား ဇာကာနီက သွင်းယူပေးခဲ့တာပါ။ ဒုတိယပိုင်းမှာလည်း အေစီမီလန်တို့ ပြန်မလာနိုင်ခဲ့ပဲ ၆၇ မိနစ်မှာ ပက်ဒရိုအပေါ် နောက်ခံလူ Kalulu က ဧရိယာအတွင်း ပစ်ဒဏ်ကျူးလွန်ခဲ့တာ​ကြောင့် အယ်ဘာတိုရဲ့ ပင်နယ်တီသွင်းဂိုးကို ခွင့်ပြုပေးခဲ့ရသလို ၇၅ မိနစ်မှာလည်း အန်ဒါဆန်ရဲ့ သွင်းဂိုးကို ထပ်မံခွင့်ပြုခဲ့ရကာ ၄ ဂိုးပြတ်ရှုံးပွဲကို ကြုံတွေ့ခဲ့ရပါတယ်။

ဒီပွဲမှာ အေစီမီလန်တို့ ကစားပုံ မဆိုးရွားခဲ့ပေမယ့် ခံစစ်အမှားတွေက ခုလို ဂိုးပြတ်ရှုံးပွဲကို ဖြစ်ပေါ်စေခဲ့တာပါ။ လာဇီယိုကတော့ ဂိုးပေါက်တည့်ကန်ချက် ၅ ကြိမ်ကို ၄ ဂိုးအထိ ပြောင်းလဲပြီး အခွင့်အရေးတွေကို ကောင်းကောင်းအသုံးချ ပြခဲ့ပါတယ်။ အေစီမီလန်ဟာ ယခု ဇန်နဝါရီလအတွင်း ပြိုင်ပွဲစုံ ၆ ပွဲ ယှဥ်ပြိုင်ကစားထားရာမှာ ဆလာနီတာနာ တစ်သင်းတည်းကိုသာ နိုင်ပွဲ ရယူနိုင်ခဲ့ပြီး ရိုးမား၊ လက်ချီတို့ကို သရေ၊ အင်တာနဲ့ လာဇီယိုတို့ကို ဂိုးပြ​တ် အရှုံးပေးခဲ့ရတာပါ။

လာဇီယိုကတော့ စီးရီးအေ ၂ ပွဲဆက် အနိုင်ရရှိမှုနဲ့အတူ အဆင့် ၃ နေရာထိ တက်လှမ်းလာနိုင်ခဲ့ပါပြီ။ အေစီမီလန်တို့ ရှုံးနိမ့်ခဲ့တာကြောင့် အမှတ်ပေးဇယားကို ဦးဆောင်ထားတဲ့ နာပိုလီအနေနဲ့ ၁၂ မှတ်ထိ ဖြတ်တောက်နိုင်ခဲ့ကာ ရာသီဝက်ကို လှလှပပ အဆုံးသတ်နိုင်ခဲ့ပါတယ်။ မီလန်နည်းပြ ပီအိုလီ အနေနဲ့တော့ ချန်ပီယံဆုအတွက် အမှားခံလို့ မဖြစ်တော့တာကြောင့် လက်ကျန်ပွဲစဥ်တွေကို သတိထား ချဥ်းကပ်ရတော့မှာပါ။

လက်ရှိ ဘောလုံးရာသီမှာ စီးရီးအေရဲ့ ချန်ပီယံလိဂ်ဝင်ခွင့် တိုက်ပွဲက အပြင်းထန်ဆုံးလို့ ဆိုလို့ရနိုင်ပြီး အဆင့် ၂ က အေစီမီလန်က ၃၈ မှတ် စုဆောင်းရရှိထားကာ လာဇီယို၊ အင်တာ၊ ရိုးမားတို့က ၃၇ မှတ်စီနဲ့ အတ္တလန္တာအသင်းကလည်း ၃၅ မှတ်ရရှိထားကာ ဝင်ခွင့် တစ်နေရာစာအတွက် စိန်ခေါ်နိုင်စွမ်း ရှိနေပါတယ်။

#Zawgyi

လာဇီယိုကို ၄ ဂိုးျပတ္နဲ႕ အရွက္တကြဲ ရႈံးနိမ့္တဲ့ ေအစီမီလန္

စီးရီးေအပြဲစဥ္ ၁၉ ရဲ႕ လက္က်န္ပြဲစဥ္အျဖစ္ လာဇီယိုနဲ႕ ေအစီမီလန္တို႔ဟာ ယေန႕ မနက္အေစာပိုင္းက လာဇီယိုရဲ႕ အိမ္ကြင္းျဖစ္တဲ့ အိုလံပီကို အားကစားကြင္းႀကီးထဲမွာ ယွဥ္ၿပိဳင္ကစားခဲ့ၾကပါတယ္။ ဒီပြဲမွာေတာ့ အိမ္ရွင္ လာဇီယိုက ၄ ဂိုးျပတ္ အနိုင္ကစားခဲ့ၿပီး ေအစီမီလန္အတြက္ေတာ့ အရွက္ရစရာ ရႈံးပြဲတစ္ပြဲ ျဖစ္ခဲ့ပါတယ္။ ပြဲအစ ၄ မိနစ္တည္းက လာဇီယိုတို႔ အဖြင့္ဂိုး စရခဲ့ၿပီး ဒီဂိုးကိုေတာ့ ကြင္းလယ္လူ ဆာဗစ္က ဧရိယာအတြင္းကေန အပိုင္ကန္သြင္းၿပီး ရယူခဲ့တာပါ။

ဦးေဆာင္ခံလိုက္ရတဲ့ မီလန္တို႔ ေခ်ပဂိုး ျပန္ရဖို႔ ႀကိဳးစားခဲ့ေပမယ့္ တကယ္တမ္း ဂိုးရရွိသြားတာကေတာ့ လာဇီယိုပဲ ျဖစ္ေနျပန္ပါတယ္။ ဒီဂိုးကိုေတာ့ ပြဲကစားခ်ိန္ ၃၈ မိနစ္အေရာက္မွာ ေတာင္ပံကစားသမား ဇာကာနီက သြင္းယူေပးခဲ့တာပါ။ ဒုတိယပိုင္းမွာလည္း ေအစီမီလန္တို႔ ျပန္မလာနိုင္ခဲ့ပဲ ၆၇ မိနစ္မွာ ပက္ဒရိုအေပၚ ေနာက္ခံလူ Kalulu က ဧရိယာအတြင္း ပစ္ဒဏ္က်ဴးလြန္ခဲ့တာ​ေၾကာင့္ အယ္ဘာတိုရဲ႕ ပင္နယ္တီသြင္းဂိုးကို ခြင့္ျပဳေပးခဲ့ရသလို ၇၅ မိနစ္မွာလည္း အန္ဒါဆန္ရဲ႕ သြင္းဂိုးကို ထပ္မံခြင့္ျပဳခဲ့ရကာ ၄ ဂိုးျပတ္ရႈံးပြဲကို ႀကဳံေတြ႕ခဲ့ရပါတယ္။

ဒီပြဲမွာ ေအစီမီလန္တို႔ ကစားပုံ မဆိုး႐ြားခဲ့ေပမယ့္ ခံစစ္အမွားေတြက ခုလို ဂိုးျပတ္ရႈံးပြဲကို ျဖစ္ေပၚေစခဲ့တာပါ။ လာဇီယိုကေတာ့ ဂိုးေပါက္တည့္ကန္ခ်က္ ၅ ႀကိမ္ကို ၄ ဂိုးအထိ ေျပာင္းလဲၿပီး အခြင့္အေရးေတြကို ေကာင္းေကာင္းအသုံးခ် ျပခဲ့ပါတယ္။ ေအစီမီလန္ဟာ ယခု ဇန္နဝါရီလအတြင္း ၿပိဳင္ပြဲစုံ ၆ ပြဲ ယွဥ္ၿပိဳင္ကစားထားရာမွာ ဆလာနီတာနာ တစ္သင္းတည္းကိုသာ နိုင္ပြဲ ရယူနိုင္ခဲ့ၿပီး ရိုးမား၊ လက္ခ်ီတို႔ကို သေရ၊ အင္တာနဲ႕ လာဇီယိုတို႔ကို ဂိုးျပ​တ္ အရႈံးေပးခဲ့ရတာပါ။

လာဇီယိုကေတာ့ စီးရီးေအ ၂ ပြဲဆက္ အနိုင္ရရွိမႈနဲ႕အတူ အဆင့္ ၃ ေနရာထိ တက္လွမ္းလာနိုင္ခဲ့ပါၿပီ။ ေအစီမီလန္တို႔ ရႈံးနိမ့္ခဲ့တာေၾကာင့္ အမွတ္ေပးဇယားကို ဦးေဆာင္ထားတဲ့ နာပိုလီအေနနဲ႕ ၁၂ မွတ္ထိ ျဖတ္ေတာက္နိုင္ခဲ့ကာ ရာသီဝက္ကို လွလွပပ အဆုံးသတ္နိုင္ခဲ့ပါတယ္။ မီလန္နည္းျပ ပီအိုလီ အေနနဲ႕ေတာ့ ခ်န္ပီယံဆုအတြက္ အမွားခံလို႔ မျဖစ္ေတာ့တာေၾကာင့္ လက္က်န္ပြဲစဥ္ေတြကို သတိထား ခ်ဥ္းကပ္ရေတာ့မွာပါ။

လက္ရွိ ေဘာလုံးရာသီမွာ စီးရီးေအရဲ႕ ခ်န္ပီယံလိဂ္ဝင္ခြင့္ တိုက္ပြဲက အျပင္းထန္ဆုံးလို႔ ဆိုလို႔ရနိုင္ၿပီး အဆင့္ ၂ က ေအစီမီလန္က ၃၈ မွတ္ စုေဆာင္းရရွိထားကာ လာဇီယို၊ အင္တာ၊ ရိုးမားတို႔က ၃၇ မွတ္စီနဲ႕ အတၱလႏၲာအသင္းကလည္း ၃၅ မွတ္ရရွိထားကာ ဝင္ခြင့္ တစ္ေနရာစာအတြက္ စိန္ေခၚနိုင္စြမ္း ရွိေနပါတယ္။