Spots news

တွန်မီနေးကိုခေါ်ယူဖို့ မန်ယူနဲ့ ဆွေးနွေးနေတဲ့ နယူးကာဆယ်

Unicode

တွန်မီနေးကိုခေါ်ယူဖို့ မန်ယူနဲ့ ဆွေးနွေးနေတဲ့ နယူးကာဆယ်

နယူးကာဆယ်အသင်းဟာ မန်ချက်စတာယူနိုက်တက် ကွင်းလယ်လူ စကော့မက် တွန်မီနေးကို ခေါ်ယူဖို့ ယူနိုက်တက်နဲ့ ဆွေးနွေးမှုတွေ စတင်ပြုလုပ်နေပြီလို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။ စကော့တလန် လက်ရွေးစင်ဟာ ဒီရာသီ ယူနိုက်တက်မှာ အကောင်းဆုံးပုံစံ ရရှိဖို့ ရုန်းကန်နေရပြီး ရလဒ်အနေနဲ့တော့ သူ့ရဲ့ အိုးလ်ထရက်ဖို့ဒ် အနာဂတ်က မရေမရာဖြစ်လာခဲ့ပါတယ်။ မက်တွန်မီနေးအနေနဲ့ လက်ရှိယူနိုက်တက်ရဲ့ ကွင်းလယ်မှာ ဘရူနိုဖာနန်ဒက်စ်၊ ခရစ္စတီယန်အဲရစ်ဆင်၊ ကတ်စ်မဲရိုး၊ ဖရက်ဒ်တို့နဲ့အပြိုင် နေရာရဖို့ ရုန်းကန်နေရပါတယ်။

၂၆ နှစ်အရွယ် ကစားသမားဟာ ဒီရာသီ ယူနိုက်တက်ရဲ့ ပွဲစဉ် ၂၄ ပွဲမှာ ၁၁ ပွဲသာ ပွဲထွက်ခွင့် ရရှိခဲ့ပါတယ်။ အာဆင်နယ်နဲ့ပွဲမှာ တွန်မီနေးကို ပွဲထွက်ခွင့် ပေးခဲ့မှုအပေါ် တန်ဟတ်က “ ဒါက မှန်ကန်တဲ့ ဆုံးဖြတ်ချက်လို့ ယုံကြည်ပါတယ်။ ကျွန်တော်တို့ လူစာရင်းမှာ သူက အကောင်းဆုံး ကစားသမားတစ်ယောက်ပါ။ ဒီအသင်းအတွက်လည်း အရေးပါတဲ့ ကစားသမား တစ်ယောက်ဖြစ်သလို တိုးတက်မှုတွေလည်း ကောင်းနေတဲ့သူပါ။

ကျွန်တော် စဉ်းစားတာက ဖရက်ဒ်ရော ဘယ်နေရာမှာ ကစားနိုင်သလဲဆိုတာပါ၊ ပြီးခဲ့တဲ့အပတ်က စီးတီးနဲ့ပွဲတုန်းကလို နေရာမျိုးပေါ့၊ ဒါပေမယ့် လိုအပ်ရင် ပြောင်းလဲလို့ရတဲ့ နေရာမျိုးလည်း ဖြစ်ဖို့လိုပါတယ် ” လို့ ပြောခဲ့ပါတယ်။The Athletic ရဲ့ အဆိုအရ နယူးကာဆယ်ဟာ ဒီလထဲမှာပဲ အပြောင်းအရွှေ့ ဖြစ်မြောက်ဖို့ ဖြစ်နိုင်မဖြစ်နိုင်ဆိုတာကို ယူနိုက်တက်နဲ့ ဆွေးနွေးလျက်ရှိတယ်လို့ ဆိုပါတယ်။

ငှက်ကြားအသင်းဟာ ပြီးခဲ့တဲ့နွေရာသီကတည်းက မက်တွန်မီးနေးကို စိတ်ဝင်စားခဲ့တာဖြစ်ပြီး လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ ကြိုးစားနေတဲ့ နည်းပြအက်ဒီဟိုဝီရဲ့အသင်းမှာ အဓိကပစ်မှတ်အဖြစ် ရှိနေဆဲပဲ ဖြစ်ပါတယ်။ ဒါပေမယ့် မက်တွန်မီနေးအတွက်တော့ ဇန်နဝါရီမှာအသင်းကနေ ထွက်ခွာဖို့ ခဲ့ယဉ်းသလို ယူနိုက်တက်ကလည်း ဒီလထဲမှာ ရောင်းချဖို့ ဆန္ဒမရှိပါဘူး။

လက်ရှိကာလမှာ အပြောင်းအရွှေ့ဖြစ်မြောက်ဖို့ ခဲယဉ်းပေမယ့် နယူးကာဆယ်အနေနဲ့ နွေရာသီအပြောင်းအရွှေ့ကျရင်တော့ ဆက်ပြီးကြိုးစားဖွယ် ရှိပါတယ်။ မက်တွန်မီနေးဟာ လက်ရှိ ယူနိုက်တက်အတွက် ပွဲပေါင်း ၁၉၄ ပွဲထိ ကစားပေးခဲ့ပြီး သွင်းဂိုး ၁၈ ဂိုး ဂိုးဖန်တီးမှု ၅ ကြိမ် ပြုလုပ်ထားပြီး ဖြစ်ပါတယ်။ စာချုပ်သက်တမ်းကလည်း ၂၀၂၅ ထိ ကျန်သေးသလို ယူနိုက်တက်ဘက်က ဆန္ဒရှိရင် ၁ နှစ်သက်တမ်း တိုးခွင့်ရှိနေပါတယ်။

Zawgyi

တြန္မီေနးကိုေခၚယူဖို႔ မန္ယူနဲ႕ ေဆြးေႏြးေနတဲ့ နယူးကာဆယ္

နယူးကာဆယ္အသင္းဟာ မန္ခ်က္စတာယူနိုက္တက္ ကြင္းလယ္လူ စေကာ့မက္ တြန္မီေနးကို ေခၚယူဖို႔ ယူနိုက္တက္နဲ႕ ေဆြးေႏြးမႈေတြ စတင္ျပဳလုပ္ေနၿပီလို႔ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။ စေကာ့တလန္ လက္ေ႐ြးစင္ဟာ ဒီရာသီ ယူနိုက္တက္မွာ အေကာင္းဆုံးပုံစံ ရရွိဖို႔ ႐ုန္းကန္ေနရၿပီး ရလဒ္အေနနဲ႕ေတာ့ သူ႕ရဲ႕ အိုးလ္ထရက္ဖို႔ဒ္ အနာဂတ္က မေရမရာျဖစ္လာခဲ့ပါတယ္။ မက္တြန္မီေနးအေနနဲ႕ လက္ရွိယူနိုက္တက္ရဲ႕ ကြင္းလယ္မွာ ဘ႐ူနိုဖာနန္ဒက္စ္၊ ခရစၥတီယန္အဲရစ္ဆင္၊ ကတ္စ္မဲရိုး၊ ဖရက္ဒ္တို႔နဲ႕အၿပိဳင္ ေနရာရဖို႔ ႐ုန္းကန္ေနရပါတယ္။

၂၆ ႏွစ္အ႐ြယ္ ကစားသမားဟာ ဒီရာသီ ယူနိုက္တက္ရဲ႕ ပြဲစဥ္ ၂၄ ပြဲမွာ ၁၁ ပြဲသာ ပြဲထြက္ခြင့္ ရရွိခဲ့ပါတယ္။ အာဆင္နယ္နဲ႕ပြဲမွာ တြန္မီေနးကို ပြဲထြက္ခြင့္ ေပးခဲ့မႈအေပၚ တန္ဟတ္က “ ဒါက မွန္ကန္တဲ့ ဆုံးျဖတ္ခ်က္လို႔ ယုံၾကည္ပါတယ္။ ကြၽန္ေတာ္တို႔ လူစာရင္းမွာ သူက အေကာင္းဆုံး ကစားသမားတစ္ေယာက္ပါ။ ဒီအသင္းအတြက္လည္း အေရးပါတဲ့ ကစားသမား တစ္ေယာက္ျဖစ္သလို တိုးတက္မႈေတြလည္း ေကာင္းေနတဲ့သူပါ။

ကြၽန္ေတာ္ စဥ္းစားတာက ဖရက္ဒ္ေရာ ဘယ္ေနရာမွာ ကစားနိုင္သလဲဆိုတာပါ၊ ၿပီးခဲ့တဲ့အပတ္က စီးတီးနဲ႕ပြဲတုန္းကလို ေနရာမ်ိဳးေပါ့၊ ဒါေပမယ့္ လိုအပ္ရင္ ေျပာင္းလဲလို႔ရတဲ့ ေနရာမ်ိဳးလည္း ျဖစ္ဖို႔လိုပါတယ္ ” လို႔ ေျပာခဲ့ပါတယ္။The Athletic ရဲ႕ အဆိုအရ နယူးကာဆယ္ဟာ ဒီလထဲမွာပဲ အေျပာင္းအေ႐ႊ႕ ျဖစ္ေျမာက္ဖို႔ ျဖစ္နိုင္မျဖစ္နိုင္ဆိုတာကို ယူနိုက္တက္နဲ႕ ေဆြးေႏြးလ်က္ရွိတယ္လို႔ ဆိုပါတယ္။

ငွက္ၾကားအသင္းဟာ ၿပီးခဲ့တဲ့ေႏြရာသီကတည္းက မက္တြန္မီးေနးကို စိတ္ဝင္စားခဲ့တာျဖစ္ၿပီး လာမယ့္ရာသီ ခ်န္ပီယံလိဂ္ဝင္ခြင့္ရဖို႔ ႀကိဳးစားေနတဲ့ နည္းျပအက္ဒီဟိုဝီရဲ႕အသင္းမွာ အဓိကပစ္မွတ္အျဖစ္ ရွိေနဆဲပဲ ျဖစ္ပါတယ္။ ဒါေပမယ့္ မက္တြန္မီေနးအတြက္ေတာ့ ဇန္နဝါရီမွာအသင္းကေန ထြက္ခြာဖို႔ ခဲ့ယဥ္းသလို ယူနိုက္တက္ကလည္း ဒီလထဲမွာ ေရာင္းခ်ဖိဳ႕ ဆႏၵမရွိပါဘူး။

လက္ရွိကာလမွာ အေျပာင္းအေ႐ႊ႕ျဖစ္ေျမာက္ဖို႔ ခဲယဥ္းေပမယ့္ နယူးကာဆယ္အေနနဲ႕ ေႏြရာသီအေျပာင္းအေ႐ႊ႕က်ရင္ေတာ့ ဆက္ၿပီးႀကိဳးစားဖြယ္ ရွိပါတယ္။ မက္တြန္မီေနးဟာ လက္ရွိ ယူနိုက္တက္အတြက္ ပြဲေပါင္း ၁၉၄ ပြဲထိ ကစားေပးခဲ့ၿပီး သြင္းဂိုး ၁၈ ဂိုး ဂိုးဖန္တီးမႈ ၅ ႀကိမ္ ျပဳလုပ္ထားၿပီး ျဖစ္ပါတယ္။ စာခ်ဳပ္သက္တမ္းကလည္း ၂၀၂၅ ထိ က်န္ေသးသလို ယူနိုက္တက္ဘက္က ဆႏၵရွိရင္ ၁ ႏွစ္သက္တမ္း တိုးခြင့္ရွိေနပါတယ္။