Spots news

၂၀၂၄ ကိုပါအမေရိက ဖလားမှာ အာဂျင်အတွက် ကစားပေးအုံးမယ့် ကမ္ဘာ့ချန်ပီယံ မက်ဆီ

Unicode

၂၀၂၄ ကိုပါအမေရိက ဖလားမှာ အာဂျင်အတွက် ကစားပေးအုံးမယ့် ကမ္ဘာ့ချန်ပီယံ မက်ဆီ

လက်ရှိ ကမ္ဘာ့ဖလား ချန်ပီယံ အာဂျင်တီးနားအသင်းရဲ့ အသင်းခေါင်းဆောင် လီယိုနယ်မက်ဆီ အနေနဲ့ နိုင်ငံ့လက်ရွေးစင် အဖြစ်ကနေ အနားယူဖို့ စိတ်ကူးမရှိသေးပဲ လာမယ့် လာမယ့် ၂၀၂၄ ကိုပါ အမေရိကဖလားကို ပါဝင်ဆင်နွှဲသွားဖို့ စိတ်ကူးရှိနေတယ်လို့ သိရပါတယ်။ ဒါ့အပြင် ပြင်သစ် သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ မက်ဆီဟာ ၂၀၂၆ ကမ္ဘာ့ဖလားကိုတောင် ဝင်ရောက် ကစားနိုင်တယ်လို့ ဆိုထားတာပါ။

လက်ရှိမှာ အသက် ၃၅ နှစ်အရွယ် ရှိပြီဖြစ်တဲ့ ဘော်လွန်းဒီအော် ၇ ဆုရှင်ဟာ ၂၀၂၂ ကမ္ဘာ့ဖလားကို အာဂျင်နဲ့အတူ သိမ်းပိုက်ပြီးနောက် တစ်ဦးချင်း ဆုတံဆိပ်တွေအပြင် အဓိက ဆုဖလားအားလုံးနီးပါးကို ဆုခူးထားနိုင်သူပါ။ မက်ဆီဟာ လက်ရှိ ဘောလုံးရာသီမှာလည်း ပီအက်စ်ဂျီနဲ့အတူ အကောင်းဆုံး ခြေစွမ်းတွေ ဆက်လက်ပြသနေဆဲ ဖြစ်ကာ ပြင်သစ်လီဂူးဝမ်း ပွဲစဥ် ၁၅ ပွဲ ပါဝင်ကစားပေးထားရာ ၈ ဂိုးသွင်းယူပြီး ၁၀ ဂိုး ဖန်တီး ပေးထားပါတယ်။

ဒါကြောင့် မက်ဆီရဲ့ သွင်းဂိုးပါဝင် ပတ်သက်မှုက ၁၅ ပွဲမှာ ၁၈ ဂိုးထိတောင် ရှိထားတာပါ။ ချန်ပီယံလိဂ်မှာ ဆိုရင်လည်း ပီအက်စ်ဂျီအတွက် ၄ ဂိုးသွင်းပြီး ၄ ဂိုး ဖန်တီးပေးထားပါသေးတယ်။ ဒီလို ခြေစွမ်းထက်နေတဲ့ မက်ဆီဟာ ကမ္ဘ့ာဖလားကို ပူပူနွေးနွေး သိမ်းပိုက်ထားနိုင်တာကြောင့် ဖီဖာက ပေးအပ်ချီးမြှင့်မယ့် The Best Player ဆုကို ရရှိဖို့လည်း ရေပန်းစားလျက် ရှိနေပါတယ်။

အာဂျင်တီးနားရဲ့ ကမ္ဘာ့ဖလား အောင်ပွဲမှာ အခရာကျခဲ့တဲ့ မက်ဆီဟာ ထိုင်ပြိုင်ပွဲ အတွင်းတုန်းကလည်း man of the match (၅) ကြိမ်ထိ ရရှိခဲ့သလို ပြိုင်ပွဲရဲ့ အကောင်းဆုံးကစားသမား ဆုကိုလည်း သိမ်းပိုက်နိုင်ခဲ့သူပါ။ ဒီလို ကစားသမားတစ်ယောက် နိုင်ငံအတွက် ဆက်ကစားပေးမယ် ဆိုတဲ့သတင်းက အာဂျင်တီးနားအတွက်တော့ တကယ်ကို မင်္ဂလာရှိတဲ့ သတင်းကောင်း ဖြစ်သလို ဘောလုံးပရိတ်သတ်တွေ အတွက်လည်း ဝမ်းသာစရာပဲ ဖြစ်ပါတယ်။

မက်ဆီဟာ လက်ရှိအချိန်ထိ ဘောလွန်းဒီအော် ၇ ကြိမ်၊ ဥရောပ ရွှေဖိနပ်ဆု ၆ ကြိမ်၊ ကမ္ဘာ့ဖလား ၁ ကြိမ်၊ ကိုပါ အမေရိက ၁ ကြိမ်၊ ချန်ပီယံလိဂ် ၄ ကြိမ်နဲ့အတူ စုစုပေါင်း ဆုဖလား အောင်မြင်မှု ၄၂ ခုထိ ရှိခဲ့ပါပြီ။ ကစားသမား ဘဝတလျှောက်မှာဆိုရင် မက်ဆီဟာ ၇၉၄ ဂိုး သွင်းယူပြီး ဂိုး ၃၅၀ ဖန်တီးပေးထားကာ စုစုပေါင်း သွင်းဂိုးပါဝင် ပတ်သက်မှု ၁၁၄၄ ဂိုးအထိ ရှိခဲ့ပါပြီ။ မက်ဆီအနေနဲ့ ၂၀၂၄ ကိုပါ အမေရိက ဖလားနဲ့ ၂၀၂၆ ကမ္ဘာ့ဖလားတို့မှာ ပါဝင် ကစားဖြစ်မယ်ဆိုရင်ရော ဘယ်လောက်ထိ ခြေစွမ်းပြဆော့ကစားနိုင်မလဲ ဆိုတာကတော့…

Zawgyi

၂၀၂၄ ကိုပါအေမရိက ဖလားမွာ အာဂ်င္အတြက္ ကစားေပးအုံးမယ့္ ကမာၻ႔ခ်န္ပီယံ မက္ဆီ

လက္ရွိ ကမာၻ႔ဖလား ခ်န္ပီယံ အာဂ်င္တီးနားအသင္းရဲ႕ အသင္းေခါင္းေဆာင္ လီယိုနယ္မက္ဆီ အေနနဲ႕ နိုင္ငံ့လက္ေ႐ြးစင္ အျဖစ္ကေန အနားယူဖို႔ စိတ္ကူးမရွိေသးပဲ လာမယ့္ လာမယ့္ ၂၀၂၄ ကိုပါ အေမရိကဖလားကို ပါဝင္ဆင္ႏႊဲသြားဖို႔ စိတ္ကူးရွိေနတယ္လို႔ သိရပါတယ္။ ဒါ့အျပင္ ျပင္သစ္ သတင္းဌာနေတြရဲ႕ ေဖာ္ျပခ်က္အရ မက္ဆီဟာ ၂၀၂၆ ကမာၻ႔ဖလားကိုေတာင္ ဝင္ေရာက္ ကစားနိုင္တယ္လို႔ ဆိုထားတာပါ။

လက္ရွိမွာ အသက္ ၃၅ ႏွစ္အ႐ြယ္ ရွိၿပီျဖစ္တဲ့ ေဘာ္လြန္းဒီေအာ္ ၇ ဆုရွင္ဟာ ၂၀၂၂ ကမာၻ႔ဖလားကို အာဂ်င္နဲ႕အတူ သိမ္းပိုက္ၿပီးေနာက္ တစ္ဦးခ်င္း ဆုတံဆိပ္ေတြအျပင္ အဓိက ဆုဖလားအားလုံးနီးပါးကို ဆုခူးထားနိုင္သူပါ။ မက္ဆီဟာ လက္ရွိ ေဘာလုံးရာသီမွာလည္း ပီအက္စ္ဂ်ီနဲ႕အတူ အေကာင္းဆုံး ေျခစြမ္းေတြ ဆက္လက္ျပသေနဆဲ ျဖစ္ကာ ျပင္သစ္လီဂူးဝမ္း ပြဲစဥ္ ၁၅ ပြဲ ပါဝင္ကစားေပးထားရာ ၈ ဂိုးသြင္းယူၿပီး ၁၀ ဂိုး ဖန္တီး ေပးထားပါတယ္။

ဒါေၾကာင့္ မက္ဆီရဲ႕ သြင္းဂိုးပါဝင္ ပတ္သက္မႈက ၁၅ ပြဲမွာ ၁၈ ဂိုးထိေတာင္ ရွိထားတာပါ။ ခ်န္ပီယံလိဂ္မွာ ဆိုရင္လည္း ပီအက္စ္ဂ်ီအတြက္ ၄ ဂိုးသြင္းၿပီး ၄ ဂိုး ဖန္တီးေပးထားပါေသးတယ္။ ဒီလို ေျခစြမ္းထက္ေနတဲ့ မက္ဆီဟာ ကမၻ့ာဖလားကို ပူပူေႏြးေႏြး သိမ္းပိုက္ထားနိုင္တာေၾကာင့္ ဖီဖာက ေပးအပ္ခ်ီးျမႇင့္မယ့္ The Best Player ဆုကို ရရွိဖို႔လည္း ေရပန္းစားလ်က္ ရွိေနပါတယ္။

အာဂ်င္တီးနားရဲ႕ ကမာၻ႔ဖလား ေအာင္ပြဲမွာ အခရာက်ခဲ့တဲ့ မက္ဆီဟာ ထိုင္ၿပိဳင္ပြဲ အတြင္းတုန္းကလည္း man of the match (၅) ႀကိမ္ထိ ရရွိခဲ့သလို ၿပိဳင္ပြဲရဲ႕ အေကာင္းဆုံးကစားသမား ဆုကိုလည္း သိမ္းပိုက္နိုင္ခဲ့သူပါ။ ဒီလို ကစားသမားတစ္ေယာက္ နိုင္ငံအတြက္ ဆက္ကစားေပးမယ္ ဆိုတဲ့သတင္းက အာဂ်င္တီးနားအတြက္ေတာ့ တကယ္ကို မဂၤလာရွိတဲ့ သတင္းေကာင္း ျဖစ္သလို ေဘာလုံးပရိတ္သတ္ေတြ အတြက္လည္း ဝမ္းသာစရာပဲ ျဖစ္ပါတယ္။

မက္ဆီဟာ လက္ရွိအခ်ိန္ထိ ေဘာလြန္းဒီေအာ္ ၇ ႀကိမ္၊ ဥေရာပ ေ႐ႊဖိနပ္ဆု ၆ ႀကိမ္၊ ကမာၻ႔ဖလား ၁ ႀကိမ္၊ ကိုပါ အေမရိက ၁ ႀကိမ္၊ ခ်န္ပီယံလိဂ္ ၄ ႀကိမ္နဲ႕အတူ စုစုေပါင္း ဆုဖလား ေအာင္ျမင္မႈ ၄၂ ခုထိ ရွိခဲ့ပါၿပီ။ ကစားသမား ဘဝတေလွ်ာက္မွာဆိုရင္ မက္ဆီဟာ ၇၉၄ ဂိုး သြင္းယူၿပီး ဂိုး ၃၅၀ ဖန္တီးေပးထားကာ စုစုေပါင္း သြင္းဂိုးပါဝင္ ပတ္သက္မႈ ၁၁၄၄ ဂိုးအထိ ရွိခဲ့ပါၿပီ။ မက္ဆီအေနနဲ႕ ၂၀၂၄ ကိုပါ အေမရိက ဖလားနဲ႕ ၂၀၂၆ ကမာၻ႔ဖလားတို႔မွာ ပါဝင္ ကစားျဖစ္မယ္ဆိုရင္ေရာ ဘယ္ေလာက္ထိ ေျခစြမ္းျပေဆာ့ကစားနိုင္မလဲ ဆိုတာကေတာ့…