Spots news

ဒီရာသီမှာ မန်ယူ ဖလားတစ်လုံးရဖို့ အစွမ်းကုန် ကြိုးစားသွားမယ်ဆိုတဲ့ အဲရစ် တန်ဟတ်

Unicode

ဒီရာသီမှာ မန်ယူ ဖလားတစ်လုံးရဖို့ အစွမ်းကုန် ကြိုးစားသွားမယ်ဆိုတဲ့ အဲရစ် တန်ဟတ်

နှစ်ပေါင်း ၄၀ အတွင်းမှာ ဆုဖလား မရတဲ့ အရှည်ကြာဆုံး ကာလတစ်ခုကို ဖြတ်သန်းနေရတဲ့ မန်ယူကို အစွမ်းရှိသရွေ့ ကူညီမှာဖြစ်ပြီး ဒီရာသီမှာ ဆုဖလားတွေရအောင် လုပ်ပေးမှာဖြစ်တယ်လို့ မန်ယူနည်းပြ အဲရစ် တန်ဟတ်က နော်တင်ဟမ်ဖောရက်စ်နဲ့ ကစားမယ့် ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်ပါတယ်။ မန်ယူဟာ ဂန္ထဝင်နည်းပြကြီး ဖာဂူဆန် လက်ထက်မှာ အတိုင်းထက်အလွန် အောင်မြင်မှုရခဲ့တဲ့ အသင်းဖြစ်ပြီး သူအနားယူသွားခဲ့တဲ့ နောက်မှာတော့ ဆုဖလားရဖို့အတွက် ရုန်းကန်ခဲ့ရတဲ့ အသင်းဖြစ်ပါတယ်။

ဒါ့အပြင် ယူနိုက်တက်ဟာ မော်ရင်ဟိုလက်ထပ် ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က ယူရိုပါလိဂ် ဖလားကို ရယူခဲ့ပြီးတဲ့နောက်ပိုင်း လက်ရှိအချိန်အထိ အဓိက ဆုဖလားရအောင် ထပ်ပြီး လုပ်မပြနိုင်တော့တာပါ။ အခုလိုမျိုး ၆ နှစ်လောက် ဖလားလက်မဲ့ ဖြစ်နေတာဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ က ဖြစ်တည်ခဲ့တဲ့ ၁၉၇၇ ခုနှစ်ကနေပြီး ၁၉၈၃ ခုနှစ် ကြား ကာလပြီးတဲ့နောက် အရှည်ကြာဆုံး အခိုက်အတန့် ဖြစ်နေပါတယ်။

ယူနိုက်တက်ဟာ ၁၉၇၇ ခုနှစ်မှာ အက်ဖ်အေဖလားကို ရခဲ့ပြီးတဲ့နောက် ၁၉၈၃ ခုနှစ်အထိ ဘာဖလားမှ မရခဲ့တဲ့အသင်းပါ။ ဒါကြောင့် မန်ယူ အနေနဲ့ ဖလားတစ်ခုမဟုတ် တစ်ခုတော့ ရဖို့ အချိန်တန်နေပြီဖြစ်လို့ အစွမ်းကုန် ကြိုးစားသွားမယ်လို့ အေဂျက်ဇ် နည်းပြဟောင်းက ကြွေးကြော်ခဲ့တာပါ။ ‘’ဖလားတစ်လုံးရတယ်ဆိုရင် အရမ်းကို သဘောကျစရာ ဖြစ်ရတာပေါ့ဗျာ။

ဖလားတချို့ ဆွတ်ခူးနိုင်ခဲ့တာကြောင့် ကျွန်တော့်ရဲ့ နည်းပြဘဝက ကံ ကောင်းတယ်လို့ ဆိုရပါမယ်။ အထူးသဖြင့် ပရိသတ်တွေအတွက် ခမ်းနား ထည်ဝါတာပေါ့။ ဒီမှာရှိတဲ့ ပရိသတ်တချို့ကလည်း ဒီအတွေ့အကြုံမျိုးတော့ ရှိပြီးသားလို့ ထင်ပါတယ်။ အထူးသဖြင့် သက်ကြီးပိုင်းတွေပေါ့။ ဒါပေမဲ့ မန်ယူအသင်း ဖလားမရတာဟာ နည်းနည်းလေးတော့ ကြာသွားပါပြီ။ ဒါကို ကျွန်တော်တို့ သိတာပေါ့။

ဖလားတစ်လုံးရဖို့တော့ ကျွန်တော်တို့ အစွမ်းကုန် လုပ်ပြရပါမယ်’’ လို့ တန်ဟတ်က နော်တင်ဟမ်ဖောရက်စ်နဲ့ ကစားမယ့် ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုသွားခဲ့တာပါ။ မန်ယူဟာ ကာရာဘောင်ဖလား ဆီမီးဖိုင်နယ် ပထမအကျော့ကို နော်တင်ဟမ်အိမ်ကွင်းမှာ သွားရောက်ယှဥ်ပြိုင် ရတော့မှာပါ။ ဒီပွဲစဥ်ကတော့ ယနေ့ည၊ မနက်ဖြန်မနက် ၂ နာရီခွဲ အချိန်မှာ ဖြစ်ပါတယ်။

Zawgyi

ဒီရာသီမွာ မန္ယူ ဖလားတစ္လုံးရဖို႔ အစြမ္းကုန္ ႀကိဳးစားသြားမယ္ဆိုတဲ့ အဲရစ္ တန္ဟတ္

ႏွစ္ေပါင္း ၄၀ အတြင္းမွာ ဆုဖလား မရတဲ့ အရွည္ၾကာဆုံး ကာလတစ္ခုကို ျဖတ္သန္းေနရတဲ့ မန္ယူကို အစြမ္းရွိသေ႐ြ႕ ကူညီမွာျဖစ္ၿပီး ဒီရာသီမွာ ဆုဖလားေတြရေအာင္ လုပ္ေပးမွာျဖစ္တယ္လို႔ မန္ယူနည္းျပ အဲရစ္ တန္ဟတ္က ေနာ္တင္ဟမ္ေဖာရက္စ္နဲ႕ ကစားမယ့္ ပြဲႀကိဳသတင္းစာရွင္းလင္းပြဲမွာ ေျပာဆိုလိုက္ပါတယ္။ မန္ယူဟာ ဂႏၳဝင္နည္းျပႀကီး ဖာဂူဆန္ လက္ထက္မွာ အတိုင္းထက္အလြန္ ေအာင္ျမင္မႈရခဲ့တဲ့ အသင္းျဖစ္ၿပီး သူအနားယူသြားခဲ့တဲ့ ေနာက္မွာေတာ့ ဆုဖလားရဖို႔အတြက္ ႐ုန္းကန္ခဲ့ရတဲ့ အသင္းျဖစ္ပါတယ္။

ဒါ့အျပင္ ယူနိုက္တက္ဟာ ေမာ္ရင္ဟိုလက္ထပ္ ၿပီးခဲ့တဲ့ ၂၀၁၇ ခုႏွစ္က ယူရိုပါလိဂ္ ဖလားကို ရယူခဲ့ၿပီးတဲ့ေနာက္ပိုင္း လက္ရွိအခ်ိန္အထိ အဓိက ဆုဖလားရေအာင္ ထပ္ၿပီး လုပ္မျပနိုင္ေတာ့တာပါ။ အခုလိုမ်ိဳး ၆ ႏွစ္ေလာက္ ဖလားလက္မဲ့ ျဖစ္ေနတာဟာ လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၄၀ က ျဖစ္တည္ခဲ့တဲ့ ၁၉၇၇ ခုႏွစ္ကေနၿပီး ၁၉၈၃ ခုႏွစ္ ၾကား ကာလၿပီးတဲ့ေနာက္ အရွည္ၾကာဆုံး အခိုက္အတန႔္ ျဖစ္ေနပါတယ္။

ယူနိုက္တက္ဟာ ၁၉၇၇ ခုႏွစ္မွာ အက္ဖ္ေအဖလားကို ရခဲ့ၿပီးတဲ့ေနာက္ ၁၉၈၃ ခုႏွစ္အထိ ဘာဖလားမွ မရခဲ့တဲ့အသင္းပါ။ ဒါေၾကာင့္ မန္ယူ အေနနဲ႕ ဖလားတစ္ခုမဟုတ္ တစ္ခုေတာ့ ရဖို႔ အခ်ိန္တန္ေနၿပီျဖစ္လို႔ အစြမ္းကုန္ ႀကိဳးစားသြားမယ္လို႔ ေအဂ်က္ဇ္ နည္းျပေဟာင္းက ေႂကြးေၾကာ္ခဲ့တာပါ။ ‘’ဖလားတစ္လုံးရတယ္ဆိုရင္ အရမ္းကို သေဘာက်စရာ ျဖစ္ရတာေပါ့ဗ်ာ။

ဖလားတခ်ိဳ႕ ဆြတ္ခူးနိုင္ခဲ့တာေၾကာင့္ ကြၽန္ေတာ့္ရဲ႕ နည္းျပဘဝက ကံ ေကာင္းတယ္လို႔ ဆိုရပါမယ္။ အထူးသျဖင့္ ပရိသတ္ေတြအတြက္ ခမ္းနား ထည္ဝါတာေပါ့။ ဒီမွာရွိတဲ့ ပရိသတ္တခ်ိဳ႕ကလည္း ဒီအေတြ႕အႀကဳံမ်ိဳးေတာ့ ရွိၿပီးသားလို႔ ထင္ပါတယ္။ အထူးသျဖင့္ သက္ႀကီးပိုင္းေတြေပါ့။ ဒါေပမဲ့ မန္ယူအသင္း ဖလားမရတာဟာ နည္းနည္းေလးေတာ့ ၾကာသြားပါၿပီ။ ဒါကို ကြၽန္ေတာ္တို႔ သိတာေပါ့။

ဖလားတစ္လုံးရဖို႔ေတာ့ ကြၽန္ေတာ္တို႔ အစြမ္းကုန္ လုပ္ျပရပါမယ္’’ လို႔ တန္ဟတ္က ေနာ္တင္ဟမ္ေဖာရက္စ္နဲ႕ ကစားမယ့္ ပြဲႀကိဳ သတင္းစာ ရွင္းလင္းပြဲမွာ ေျပာဆိုသြားခဲ့တာပါ။ မန္ယူဟာ ကာရာေဘာင္ဖလား ဆီမီးဖိုင္နယ္ ပထမအေက်ာ့ကို ေနာ္တင္ဟမ္အိမ္ကြင္းမွာ သြားေရာက္ယွဥ္ၿပိဳင္ ရေတာ့မွာပါ။ ဒီပြဲစဥ္ကေတာ့ ယေန႕ည၊ မနက္ျဖန္မနက္ ၂ နာရီခြဲ အခ်ိန္မွာ ျဖစ္ပါတယ္။