Spots news

” အာဆင်နယ်ကို ကြည့်ပြီး အူဘားမီယန်း နောင်တရနေလောက်ပြီ ” ပီတစ်

Unicode

” အာဆင်နယ်ကို ကြည့်ပြီး အူဘားမီယန်း နောင်တရနေလောက်ပြီ ” ပီတစ်

အီမန်နျူရယ် ပီတစ်ကတော့ ချဲလ်ဆီးမှာ ရုန်းကန် နေရတဲ့ အူဘာမီယန်းတစ်ယောက် ဒီရာသီ ချန်ပီယံဆုအတွက် အားကောင်းနေတဲ့ အာဆင်နယ် အသင်းမှာ ကစားခွင့်ရရင် သိပ်ကောင်းမှာပဲလို့ မျှော်လင့် ဆုတောင်း နေလိမ့်မယ်လို့ သရော် သွားခဲ့ပါတယ်။ အူဘာမီယန်းဟာ အာဆင်နယ်အသင်း နောက်ဆုံး ရရှိခဲ့တဲ့ အက်ဖ်အေ ဖလား အောင်မြင်မှုမှာ အဓိက ကျခဲ့သူ ဖြစ်ပြီး ချန်ပီယံဖြစ်အောင် သူ့ရဲ့ သွင်းဂိုးတွေနဲ့ ကူညီ ပေးခဲ့သူပါ။

ဂန်းနားတို့အတွက် ဟီးရိုး ဖြစ်ခဲ့ပြီးနောက် အူဘာမီယန်းဟာ အာဆင်နယ်နဲ့ ကာလရှည် စာချုပ် ချုပ်ဆိုခဲ့ပါတယ်။ ဒါပေမယ့်လည်း အူဘာမီယန်းဟာ စာချုပ်သစ် ချုပ်ဆိုပြီး နောက်ပိုင်း ခြေစွမ်းပိုင်းရော ဂိုးသွင်းနှုန်းပါ ကျဆင်းလာတဲ့ အပြင် စည်းကမ်း ချိုးဖောက်မှုတွေအထိ ရှိလာခဲ့တာကြောင့် အာဆင်နယ် နည်းပြ အာတီတာက ပွဲထွက်လူစာရင်းကနေ ဖယ်ရှားကာ အသင်း ခေါင်းဆောင်လက်ပတ်ကိုပါ ပြန်လည် ရုတ်သိမ်းခဲ့ပါတယ်။

အဲ့ဒီနောက် အာဆင်နယ်နဲ့ အူဘာမီယန်း တို့ဟာ နှစ်ဦး သဘောတူ စာချုပ် ဖျက်သိမ်းခဲ့ကြပြီး ဂါဘွန်သားဟာ ဘာစီလိုနာ အသင်းကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ သွားခဲ့ပါတယ်။ အူဘာမီယန်းဟာ ဘာစီလိုနာမှာ ခြောက်လ ကစားပြီးနောက် ပြီးခဲ့တဲ့နှစ် နွေရာသီမှာ ချဲလ်ဆီး အသင်းဆီကို​ ပြောင်းရွှေ့ လာခဲ့တာပါ။ အူဘာမီယန်း ဟာ ချဲလ်ဆီး အသင်းမှာ ၁၇ ပွဲ ကစားထားပြီး ၃ ဂိုး သွင်းယူထားပါတယ်။

ဒါပေမယ့် အူဘာမီယန်း ရဲ့ ၃ ဂိုးစလုံးဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလတုန်းက သွင်းယူ ခဲ့တာ ဖြစ်ပါတယ်။ ပီတစ်ကတော့ အူဘာမီယန်း တစ်ယောက် အသင်းဖော်ဟောင်းတွေကို မနာလို ဖြစ်နေလောက် တယ်လို့ Sporting postနဲ့ အင်တာဗျူးမှာ ပြောကြား သွားခဲ့ပါတယ်။ “အူဘာမီယန်းက အရည်အသွေးရှိတဲ့ တိုက်စစ်မှူး ဖြစ်နေသေးပေမယ့်လည်း အရင်တုန်းကလိုမျိုး မဟုတ်တော့ပါဘူး။

သူ့ရဲ့ စိတ်အားထက်သန်မှုတွေကို ဆုံးရှုံးခဲ့တယ်လို့ ကျွန်တော် ထင်ပြီးတော့ ဘာစီလိုနာက အချိန်တွေအပြီးမှာ သူ မရှိဘဲ အာဆင်နယ် ဆက်လုပ်နိုင်နေတာတွေကို သူ မြင်နိုင်တယ်လို့ ကျွန်တော် ထင်တယ်။ ဂျီးဆပ်နဲ့ အန်ကီးတီးယားတို့ လုပ်နေတာတွေပေါ့၊ သူက အခု အာဆင်နယ်မှာ ဖြစ်နေတာတွေရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ရင်ကောင်းမယ်လို့ တွေးကောင်း တွေးနေမှာပါ။”လို့ ပီတစ်က ပြောကြားသွားခဲ့တာပါ။

Zawgyi

” အာဆင္နယ္ကို ၾကည့္ၿပီး အူဘားမီယန္း ေနာင္တရေနေလာက္ၿပီ ” ပီတစ္

အီမန္န်ဴရယ္ ပီတစ္ကေတာ့ ခ်ဲလ္ဆီးမွာ ႐ုန္းကန္ ေနရတဲ့ အူဘာမီယန္းတစ္ေယာက္ ဒီရာသီ ခ်န္ပီယံဆုအတြက္ အားေကာင္းေနတဲ့ အာဆင္နယ္ အသင္းမွာ ကစားခြင့္ရရင္ သိပ္ေကာင္းမွာပဲလို႔ ေမွ်ာ္လင့္ ဆုေတာင္း ေနလိမ့္မယ္လို႔ သေရာ္ သြားခဲ့ပါတယ္။ အူဘာမီယန္းဟာ အာဆင္နယ္အသင္း ေနာက္ဆုံး ရရွိခဲ့တဲ့ အက္ဖ္ေအ ဖလား ေအာင္ျမင္မႈမွာ အဓိက က်ခဲ့သူ ျဖစ္ၿပီး ခ်န္ပီယံျဖစ္ေအာင္ သူ႕ရဲ႕ သြင္းဂိုးေတြနဲ႕ ကူညီ ေပးခဲ့သူပါ။

ဂန္းနားတို႔အတြက္ ဟီးရိုး ျဖစ္ခဲ့ၿပီးေနာက္ အူဘာမီယန္းဟာ အာဆင္နယ္နဲ႕ ကာလရွည္ စာခ်ဳပ္ ခ်ဳပ္ဆိုခဲ့ပါတယ္။ ဒါေပမယ့္လည္း အူဘာမီယန္းဟာ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုၿပီး ေနာက္ပိုင္း ေျခစြမ္းပိုင္းေရာ ဂိုးသြင္းႏႈန္းပါ က်ဆင္းလာတဲ့ အျပင္ စည္းကမ္း ခ်ိဳးေဖာက္မႈေတြအထိ ရွိလာခဲ့တာေၾကာင့္ အာဆင္နယ္ နည္းျပ အာတီတာက ပြဲထြက္လူစာရင္းကေန ဖယ္ရွားကာ အသင္း ေခါင္းေဆာင္လက္ပတ္ကိုပါ ျပန္လည္ ႐ုတ္သိမ္းခဲ့ပါတယ္။

အဲ့ဒီေနာက္ အာဆင္နယ္နဲ႕ အူဘာမီယန္း တို႔ဟာ ႏွစ္ဦး သေဘာတူ စာခ်ဳပ္ ဖ်က္သိမ္းခဲ့ၾကၿပီး ဂါဘြန္သားဟာ ဘာစီလိုနာ အသင္းကို အလြတ္ ေျပာင္းေ႐ႊ႕ေၾကးနဲ႕ ေျပာင္းေ႐ႊ႕ သြားခဲ့ပါတယ္။ အူဘာမီယန္းဟာ ဘာစီလိုနာမွာ ေျခာက္လ ကစားၿပီးေနာက္ ၿပီးခဲ့တဲ့ႏွစ္ ေႏြရာသီမွာ ခ်ဲလ္ဆီး အသင္းဆီကို​ ေျပာင္းေ႐ႊ႕ လာခဲ့တာပါ။ အူဘာမီယန္း ဟာ ခ်ဲလ္ဆီး အသင္းမွာ ၁၇ ပြဲ ကစားထားၿပီး ၃ ဂိုး သြင္းယူထားပါတယ္။

ဒါေပမယ့္ အူဘာမီယန္း ရဲ႕ ၃ ဂိုးစလုံးဟာ ၿပီးခဲ့တဲ့ႏွစ္ ေအာက္တိုဘာလတုန္းက သြင္းယူ ခဲ့တာ ျဖစ္ပါတယ္။ ပီတစ္ကေတာ့ အူဘာမီယန္း တစ္ေယာက္ အသင္းေဖာ္ေဟာင္းေတြကို မနာလို ျဖစ္ေနေလာက္ တယ္လို႔ Sporting postနဲ႕ အင္တာဗ်ဴးမွာ ေျပာၾကား သြားခဲ့ပါတယ္။ “အူဘာမီယန္းက အရည္အေသြးရွိတဲ့ တိုက္စစ္မႉး ျဖစ္ေနေသးေပမယ့္လည္း အရင္တုန္းကလိုမ်ိဳး မဟုတ္ေတာ့ပါဘူး။

သူ႕ရဲ႕ စိတ္အားထက္သန္မႈေတြကို ဆုံးရႈံးခဲ့တယ္လို႔ ကြၽန္ေတာ္ ထင္ၿပီးေတာ့ ဘာစီလိုနာက အခ်ိန္ေတြအၿပီးမွာ သူ မရွိဘဲ အာဆင္နယ္ ဆက္လုပ္နိုင္ေနတာေတြကို သူ ျမင္နိုင္တယ္လို႔ ကြၽန္ေတာ္ ထင္တယ္။ ဂ်ီးဆပ္နဲ႕ အန္ကီးတီးယားတို႔ လုပ္ေနတာေတြေပါ့၊ သူက အခု အာဆင္နယ္မွာ ျဖစ္ေနတာေတြရဲ႕ အစိတ္အပိုင္းတစ္ခု ျဖစ္ရင္ေကာင္းမယ္လို႔ ေတြးေကာင္း ေတြးေနမွာပါ။”လို႔ ပီတစ္က ေျပာၾကားသြားခဲ့တာပါ။