Spots news

ဝေဖန်မှုတွေခံနေရတဲ့ တပည့်ကျော် အန်တိုနီကို ကာကွယ်ပြောကြားလာတဲ့ အဲရစ် တန်ဟတ်

Unicode

ဝေဖန်မှုတွေခံနေရတဲ့ တပည့်ကျော် အန်တိုနီကို ကာကွယ်ပြောကြားလာတဲ့ အဲရစ် တန်ဟတ်

နောက်ပိုင်း ပွဲစဥ်တွေမှာ မန်ယူအတွက် သွင်းဂိုးရော၊ ဂိုးဖန်တီးမှုပါ ပြုလုပ် မပေးနိုင်ခဲ့လို့ ဝေဖန်မှုတွေအောက် ရောက်ရှိနေခဲ့ရတဲ့ တပည့်ကျော် အန်တိုနီကို နည်းပြကြီး အဲရစ် တန်ဟတ်တစ်ယောက် ကာကွယ်ပြောကြားလာပြီ ဖြစ်ပါတယ်။ ဂယ်ရီ နဗီးလ်နဲ့ ဖာဒီနန်တို့က အာဆင်နယ်ကို ၃-၂ နဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဥ်အပြီးမှာ လူစားလဲ ခံခဲ့ရတဲ့ အန်တိုနီကို အသင်းအတွက် ဘာအထောက်အကူမှ မဖြစ်စေသူဆိုပြီး ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြတာပါ။

ဒါ့အပြင် ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း တိုက်စစ်မှူးဟောင်း ဒါးရင်းဘန့်က အန်တိုနီဟာ Youtube Player လိုပဲလို့ အမည်ပေးပြီး ထပ်မံ ဝေဖန်ခဲ့သေးတာပါ။ ခုတော့ ကြာသပတေးနေ့ မနက်မှာ ကာရာဘောင်းဖလား ဆီမီးဖိုင်နယ် ပ-အကျော့ ပွဲစဥ်အဖြစ် နော်တင်ဟမ်နဲ့ ကစားရမယ့် အဝေးကွင်း ပွဲစဥ်မတိုင်ခင် သတင်းစာ ရှင်းလင်းပွဲမှာ တန်ဟတ်က အန်တိုနီဘက်ကနေ ” သူ ပါဝင်ကစားတဲ့အခါ ကျွန်တော်တို့ အသင်း အနိုင်ရပါတယ်။

ဒါက သူ ဘယ်လောက် ကောင်းကောင်း ကစားနိုင်တယ်ဆိုတာ သတင်းပေးထားသလို ဖြစ်နေပါတယ်။ သူ ဒိထက် ပိုကောင်းအောင် ကစားပြနိုင်ပါသေးတယ်၊ သူကြောင့် အခြားကစားသမားတွေ နေရာလွတ်တွေ ရရှိခဲ့တာကို ကျွန်တော် မြင်တွေ့ခဲ့ရပါတယ်။ ဒါကို ခင်ဗျားတို့လည်း သတိထားမိမယ် ထင်ပါတယ်။ ကျွန်တော်တို့က သူ့ရဲ့ အတိုးအလှုပ်တွေကို ပိုပြီး မျှော်လင့်နေကြလို့ ဒီအချက်က မှေးမှိန် သွားရတာပါ။

ဒါပေမယ့် ကျွန်တော် ပြောခဲ့သလိုပဲ သူ ကွင်းထဲမှာရှိနေရင် အသင်းက စွမ်းဆောင်ရည် ပိုမို ကောင်းမွန်ပါတယ်။ ဒါက ကောင်းတဲ့အချက်ပါ၊ အဲဒါက နောက်တစ်ဆင့်ကို ထပ်မံတက်ရောက်နိုင်ဖို့ အခြေခံကောင်းပါပဲ။ သူ တိုးတက် လာနေပြီလို့ ကျွန်တော် မြင်ပါတယ်။ နောက်ပြီး သူ့ရဲ့ ပထမဆုံး ပရီးမီးယားလိဂ် ၃ ပွဲမှာ ၃ ဂိုးထိ သွင်းယူနိုင်ခဲ့သူပါ။ FA Cup မှာ အဲဗာတန်ဘက်ကို ဂိုးသွင်းထားသလို ချာလ်တန်အသင်းနဲ့ ကာရာဘောင်း ပွဲမှာလည်း သွင်းဂိုး ရယူထားသူပါ။

ဒါကြောင့် သူက ကျွန်တော်တို့ အသင်းအတွက် သွင်းဂိုး ပါဝင်ပတ်သက်မှုတွေ ရှိထားသူ တစ်ယောက်ပါ။ ဒါပေမယ့် သူ့ရဲ့ အရည်အချင်းတွေ၊ စွမ်းဆောင်ရည်တွေကြောင့် သူ ဒိထက် ပို လုပ်ပြနိုင်အုံးမှာပါ။ ဒါ့အပြင် ကျွန်တော် ပြောခဲ့​သလို ခု လက်ရှိမှာလည်း သူက အသင်းအတွက် ကောင်းမွန်တဲ့ အထောက်အပံ့ကောင်းတွေ ပြုလုပ်ပြနိုင်ခဲ့သူပါ။ ” လို့ ကာကွယ် ပြောဆိုသွားခဲ့တာပါ။ အန်တိုနီ တစ်ယောက်ရော ဆရာတန်ဟတ်ရဲ့ ယုံကြည်မှုကို သွင်းဂိုးတွေနဲ့ သက်သေပြနိုင်မလား နော်တင်ဟမ်နဲ့ပွဲက စတင်ပြီး အကဲခတ် သွားရတော့မှာပါ။

Zawgyi

ေဝဖန္မႈေတြခံေနရတဲ့ တပည့္ေက်ာ္ အန္တိုနီကို ကာကြယ္ေျပာၾကားလာတဲ့ အဲရစ္ တန္ဟတ္

ေနာက္ပိုင္း ပြဲစဥ္ေတြမွာ မန္ယူအတြက္ သြင္းဂိုးေရာ၊ ဂိုးဖန္တီးမႈပါ ျပဳလုပ္ မေပးနိုင္ခဲ့လို႔ ေဝဖန္မႈေတြေအာက္ ေရာက္ရွိေနခဲ့ရတဲ့ တပည့္ေက်ာ္ အန္တိုနီကို နည္းျပႀကီး အဲရစ္ တန္ဟတ္တစ္ေယာက္ ကာကြယ္ေျပာၾကားလာၿပီ ျဖစ္ပါတယ္။ ဂယ္ရီ နဗီးလ္နဲ႕ ဖာဒီနန္တို႔က အာဆင္နယ္ကို ၃-၂ နဲ႕ ရႈံးနိမ့္ခဲ့တဲ့ ပြဲစဥ္အၿပီးမွာ လူစားလဲ ခံခဲ့ရတဲ့ အန္တိုနီကို အသင္းအတြက္ ဘာအေထာက္အကူမွ မျဖစ္ေစသူဆိုၿပီး ျပင္းျပင္းထန္ထန္ ေဝဖန္ခဲ့ၾကတာပါ။

ဒါ့အျပင္ ၿပီးခဲ့တဲ့ ရက္ပိုင္းကလည္း တိုက္စစ္မႉးေဟာင္း ဒါးရင္းဘန့္က အန္တိုနီဟာ Youtube Player လိုပဲလို႔ အမည္ေပးၿပီး ထပ္မံ ေဝဖန္ခဲ့ေသးတာပါ။ ခုေတာ့ ၾကာသပေတးေန႕ မနက္မွာ ကာရာေဘာင္းဖလား ဆီမီးဖိုင္နယ္ ပ-အေက်ာ့ ပြဲစဥ္အျဖစ္ ေနာ္တင္ဟမ္နဲ႕ ကစားရမယ့္ အေဝးကြင္း ပြဲစဥ္မတိုင္ခင္ သတင္းစာ ရွင္းလင္းပြဲမွာ တန္ဟတ္က အန္တိုနီဘက္ကေန ” သူ ပါဝင္ကစားတဲ့အခါ ကြၽန္ေတာ္တို႔ အသင္း အနိုင္ရပါတယ္။

ဒါက သူ ဘယ္ေလာက္ ေကာင္းေကာင္း ကစားနိုင္တယ္ဆိုတာ သတင္းေပးထားသလို ျဖစ္ေနပါတယ္။ သူ ဒိထက္ ပိုေကာင္းေအာင္ ကစားျပနိုင္ပါေသးတယ္၊ သူေၾကာင့္ အျခားကစားသမားေတြ ေနရာလြတ္ေတြ ရရွိခဲ့တာကို ကြၽန္ေတာ္ ျမင္ေတြ႕ခဲ့ရပါတယ္။ ဒါကို ခင္ဗ်ားတို႔လည္း သတိထားမိမယ္ ထင္ပါတယ္။ ကြၽန္ေတာ္တို႔က သူ႕ရဲ႕ အတိုးအလႈပ္ေတြကို ပိုၿပီး ေမွ်ာ္လင့္ေနၾကလို႔ ဒီအခ်က္က ေမွးမွိန္ သြားရတာပါ။

ဒါေပမယ့္ ကြၽန္ေတာ္ ေျပာခဲ့သလိုပဲ သူ ကြင္းထဲမွာရွိေနရင္ အသင္းက စြမ္းေဆာင္ရည္ ပိုမို ေကာင္းမြန္ပါတယ္။ ဒါက ေကာင္းတဲ့အခ်က္ပါ၊ အဲဒါက ေနာက္တစ္ဆင့္ကို ထပ္မံတက္ေရာက္နိုင္ဖို႔ အေျခခံေကာင္းပါပဲ။ သူ တိုးတက္ လာေနၿပီလို႔ ကြၽန္ေတာ္ ျမင္ပါတယ္။ ေနာက္ၿပီး သူ႕ရဲ႕ ပထမဆုံး ပရီးမီးယားလိဂ္ ၃ ပြဲမွာ ၃ ဂိုးထိ သြင္းယူနိုင္ခဲ့သူပါ။ FA Cup မွာ အဲဗာတန္ဘက္ကို ဂိုးသြင္းထားသလို ခ်ာလ္တန္အသင္းနဲ႕ ကာရာေဘာင္း ပြဲမွာလည္း သြင္းဂိုး ရယူထားသူပါ။

ဒါေၾကာင့္ သူက ကြၽန္ေတာ္တို႔ အသင္းအတြက္ သြင္းဂိုး ပါဝင္ပတ္သက္မႈေတြ ရွိထားသူ တစ္ေယာက္ပါ။ ဒါေပမယ့္ သူ႕ရဲ႕ အရည္အခ်င္းေတြ၊ စြမ္းေဆာင္ရည္ေတြေၾကာင့္ သူ ဒိထက္ ပို လုပ္ျပနိုင္အုံးမွာပါ။ ဒါ့အျပင္ ကြၽန္ေတာ္ ေျပာခဲ့​သလို ခု လက္ရွိမွာလည္း သူက အသင္းအတြက္ ေကာင္းမြန္တဲ့ အေထာက္အပံ့ေကာင္းေတြ ျပဳလုပ္ျပနိုင္ခဲ့သူပါ။ ” လို႔ ကာကြယ္ ေျပာဆိုသြားခဲ့တာပါ။ အန္တိုနီ တစ္ေယာက္ေရာ ဆရာတန္ဟတ္ရဲ႕ ယုံၾကည္မႈကို သြင္းဂိုးေတြနဲ႕ သက္ေသျပနိုင္မလား ေနာ္တင္ဟမ္နဲ႕ပြဲက စတင္ၿပီး အကဲခတ္ သြားရေတာ့မွာပါ။