Spots news

မက်ဆီကို ကျော်ပြီး အမ်ဘက်ပီကို ဒုတိယအသင်းခေါင်းဆောင် ခန့်အပ်ခဲ့တဲ့ ပီအက်စ်ဂျီ

Unicode

မက်ဆီကို ကျော်ပြီး အမ်ဘက်ပီကို ဒုတိယ အသင်းခေါင်းဆောင် ခန့်လိုက်တဲ့ PSGနည်းပြ ဂယ်တီယာ

မကြာသေးခင်ကပဲ ပီအက်စ်ဂျီ မန်နေဂျာ ခရစ္စတိုဖာ ဂယ်တီယာက အသင်းရဲ့ ဒုတိယ အသင်းခေါင်းဆောင် ရာထူးကို ထုတ်ဖော် ပြောကြားခဲ့ပြီး ဒီရာထူးကို ရရှိသွားသူကတော့ လိပ်နင်ဂျာလေး အမ်ဘက်ပီပဲ ဖြစ်ခဲ့ပါတယ်။ မက်ဆီ မဟုတ်ခဲ့သလို နေမာလည်း မဖြစ်ခဲ့ပါဘူး။ ဒါကြောင့် အာဂျင်တီးနားစတား မက်ဆီရဲ့ ပီအက်စ်ဂျီအသင်းမှာ အရေးပေးခံရမှု အပေါ် မေးခွန်းထုတ်မှုတွေက ဆက်လက် မြင့်တက်လာခဲ့ပါတယ်။

မက်ဆီအနေနဲ့ ပီအက်စ်ဂျီရဲ့ စာချုပ်သစ်ကို လက်ခံဖို့ စဥ်းစားနေဆဲ အချိန်မှာ နည်းပြ ဂယ်တီယာရဲ့ ဒီထုတ်ပြန်ချက်က အချိန်ကိုက် ထွက်ပေါ်လာခဲ့တာပါ။ ဒါပေမယ့် မီဒီယာတွေနဲ့ တွေ့ဆုံရာမှာတော့ နည်းပြ ဂယ်တီယာက အမ်ဘက်ပီကို ခုလို ဒုတိယ အသင်းခေါင်းဆောင် ရာထူးပေးဖို့ကို ရာသီအစကတည်းက ဆုံးဖြတ်ထားတာဖြစ်ကြောင်း ရှင်းလင်းပြောဆိုခဲ့ပါတယ်။

ပီအက်စ်ဂျီဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့မနက်က ​ပြင်သစ်ကိုပါဖလား ၃၂ အဆင့် ပွဲစဥ်အဖြစ် အသင်းငယ်လေး ကက်စ်ဆယ်နဲ့ ရင်ဆိုင်ခဲ့ရပြီး ၇ ဂိုး ပြတ်နဲ့ အနိုင်ရခဲ့ပါတယ်။ ဒီပွဲစဥ်မှာ အမ်ဘက်ပီဟာ ပီအက်စ်ဂျီအတွက် တစ်ဦးတည်း ၅ ဂိုး သွင်းယူ ပေးနိုင်ခဲ့ပါတယ်။ ဒါဟာ ပီအက်စ်ဂျီ သမိုင်းတလျှောက် ကစားသမားတစ်ဦးတည်းက ပွဲစဥ်တစ်ခုအတွင်း ၅ ဂိုး သွင်းယူပေးနိုင်တဲ့ ပထမဆုံးအကြိမ်ဆိုတဲ့ မှတ်တမ်းကိုလည်း ဖြစ်ပေါ်စေခဲ့တာပါ။

အဲဒိ ပွဲစဥ်အပြီး အမ်ဘက်ပီကို ဒုတိယ အသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ခဲ့တဲ့ နည်းပြဂယ်တီယာက သူ့ရဲ့ ဆုံးဖြတ်ချက်အပေါ် ” သူ (အမ်ဘက်ပီ) ကို ခုလို ဒုတိယ အသင်းခေါင်းဆောင်ခန့်ဖို့ ရာသီအစကတည်းက ဆုံးဖြတ်ထားတာပါ။ သူ ဒီအသင်းနဲ့ စာချုပ်သက်တမ်းဖို့ ဆုံးဖြတ်လိုက်ချိန်ကပေါ့၊ ကွင်းထဲမှာ မာကွင်းဟို့စ် မရှိတော့ချိန်မှာ အမ်ဘက်ပီက ဒီလက်ပတ်နဲ့ ထိုက်တန်သူပါပဲ။ သူဟာ ပြက္ခဒိန် နှစ်တစ်နှစ်အတွင်း ၅၆ ဂိုးအထိ သွင်းယူပြထားပါတယ်၊

ပြီးတော့ ကမ္ဘာ့အဆင့် တိုက်စစ်မှူး တစ်ဦးပါ။ ကမ္ဘာ့အကောင်းဆုံး ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ် ” လို့ ရှင်းပြသွားခဲ့ပါတယ်။ ပီအက်စ်ဂျီရဲ့ ပထမ အသင်းခေါင်းဆောင် အဖြစ်တော့ ဘရာဇီး နောက်ခံလူ မာကွင်းဟို့စ်က ဆက်လက်ရယူထားဆဲ ဖြစ်ပါတယ်။ ဒီလို ဖြစ်ပျက်မှုတွေ အပြီးမှာ ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးဖို့ နီးကပ်လာတဲ့ မက်ဆီအနေနဲ့ရော စာချုပ်သစ်ကို လက်ခံသွားမလား စောင့်ကြည့်သွားရတော့မှာပါ။

Zawgyi

မက္ဆီကို ေက်ာ္ၿပီး အမ္ဘက္ပီကို ဒုတိယ အသင္းေခါင္းေဆာင္ ခန့္လိုက္တဲ့ PSGနည္းျပ ဂယ္တီယာ

မၾကာေသးခင္ကပဲ ပီအက္စ္ဂ်ီ မန္ေနဂ်ာ ခရစၥတိုဖာ ဂယ္တီယာက အသင္းရဲ႕ ဒုတိယ အသင္းေခါင္းေဆာင္ ရာထူးကို ထုတ္ေဖာ္ ေျပာၾကားခဲ့ၿပီး ဒီရာထူးကို ရရွိသြားသူကေတာ့ လိပ္နင္ဂ်ာေလး အမ္ဘက္ပီပဲ ျဖစ္ခဲ့ပါတယ္။ မက္ဆီ မဟုတ္ခဲ့သလို ေနမာလည္း မျဖစ္ခဲ့ပါဘူး။ ဒါေၾကာင့္ အာဂ်င္တီးနားစတား မက္ဆီရဲ႕ ပီအက္စ္ဂ်ီအသင္းမွာ အေရးေပးခံရမႈ အေပၚ ေမးခြန္းထုတ္မႈေတြက ဆက္လက္ ျမင့္တက္လာခဲ့ပါတယ္။

မက္ဆီအေနနဲ႕ ပီအက္စ္ဂ်ီရဲ႕ စာခ်ဳပ္သစ္ကို လက္ခံဖို႔ စဥ္းစားေနဆဲ အခ်ိန္မွာ နည္းျပ ဂယ္တီယာရဲ႕ ဒီထုတ္ျပန္ခ်က္က အခ်ိန္ကိုက္ ထြက္ေပၚလာခဲ့တာပါ။ ဒါေပမယ့္ မီဒီယာေတြနဲ႕ ေတြ႕ဆုံရာမွာေတာ့ နည္းျပ ဂယ္တီယာက အမ္ဘက္ပီကို ခုလို ဒုတိယ အသင္းေခါင္းေဆာင္ ရာထူးေပးဖို႔ကို ရာသီအစကတည္းက ဆုံးျဖတ္ထားတာျဖစ္ေၾကာင္း ရွင္းလင္းေျပာဆိုခဲ့ပါတယ္။

ပီအက္စ္ဂ်ီဟာ ၿပီးခဲ့တဲ့ အဂၤါေန႕မနက္က ​ျပင္သစ္ကိုပါဖလား ၃၂ အဆင့္ ပြဲစဥ္အျဖစ္ အသင္းငယ္ေလး ကက္စ္ဆယ္နဲ႕ ရင္ဆိုင္ခဲ့ရၿပီး ၇ ဂိုး ျပတ္နဲ႕ အနိုင္ရခဲ့ပါတယ္။ ဒီပြဲစဥ္မွာ အမ္ဘက္ပီဟာ ပီအက္စ္ဂ်ီအတြက္ တစ္ဦးတည္း ၅ ဂိုး သြင္းယူ ေပးနိုင္ခဲ့ပါတယ္။ ဒါဟာ ပီအက္စ္ဂ်ီ သမိုင္းတေလွ်ာက္ ကစားသမားတစ္ဦးတည္းက ပြဲစဥ္တစ္ခုအတြင္း ၅ ဂိုး သြင္းယူေပးနိုင္တဲ့ ပထမဆုံးအႀကိမ္ဆိုတဲ့ မွတ္တမ္းကိုလည္း ျဖစ္ေပၚေစခဲ့တာပါ။

အဲဒိ ပြဲစဥ္အၿပီး အမ္ဘက္ပီကို ဒုတိယ အသင္းေခါင္းေဆာင္အျဖစ္ ခန့္အပ္ခဲ့တဲ့ နည္းျပဂယ္တီယာက သူ႕ရဲ႕ ဆုံးျဖတ္ခ်က္အေပၚ ” သူ (အမ္ဘက္ပီ) ကို ခုလို ဒုတိယ အသင္းေခါင္းေဆာင္ခန့္ဖို႔ ရာသီအစကတည္းက ဆုံးျဖတ္ထားတာပါ။ သူ ဒီအသင္းနဲ႕ စာခ်ဳပ္သက္တမ္းဖို႔ ဆုံးျဖတ္လိုက္ခ်ိန္ကေပါ့၊ ကြင္းထဲမွာ မာကြင္းဟို႔စ္ မရွိေတာ့ခ်ိန္မွာ အမ္ဘက္ပီက ဒီလက္ပတ္နဲ႕ ထိုက္တန္သူပါပဲ။ သူဟာ ျပကၡဒိန္ ႏွစ္တစ္ႏွစ္အတြင္း ၅၆ ဂိုးအထိ သြင္းယူျပထားပါတယ္၊

ၿပီးေတာ့ ကမာၻ႔အဆင့္ တိုက္စစ္မႉး တစ္ဦးပါ။ ကမာၻ႔အေကာင္းဆုံး ကစားသမားတစ္ဦးလည္း ျဖစ္ပါတယ္ ” လို႔ ရွင္းျပသြားခဲ့ပါတယ္။ ပီအက္စ္ဂ်ီရဲ႕ ပထမ အသင္းေခါင္းေဆာင္ အျဖစ္ေတာ့ ဘရာဇီး ေနာက္ခံလူ မာကြင္းဟို႔စ္က ဆက္လက္ရယူထားဆဲ ျဖစ္ပါတယ္။ ဒီလို ျဖစ္ပ်က္မႈေတြ အၿပီးမွာ ပီအက္စ္ဂ်ီနဲ႕ စာခ်ဳပ္သက္တမ္း ကုန္ဆုံးဖို႔ နီးကပ္လာတဲ့ မက္ဆီအေနနဲ႕ေရာ စာခ်ဳပ္သစ္ကို လက္ခံသြားမလား ေစာင့္ၾကည့္သြားရေတာ့မွာပါ။