Spots news

ဘရန့်ဖို့ဒ် ဂိုးသမား ရာယာကို မန်ယူအပါအဝင် ထိပ်သီး ၃ သင်း အပြိုင်စိတ်ဝင်စားနေ

Unicode

ဘရန့်ဖို့ဒ် ဂိုးသမား ရာယာကို မန်ယူအပါအဝင် ထိပ်သီး ၃ သင်း အပြိုင်စိတ်ဝင်စားနေ

မန်ချက်စတာ ယူနိုက်တက်၊ ချဲလ်ဆီးနဲ့ စပါးတို့ဟာ ဘရန့်ဖို့ဒ်ဂိုးသမား ဒေးဗစ်ရာယာကို ခေါ်ယူဖို့ ချိတ်ဆက်နေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။ ရာယာဟာ ဒီရာသီ ဘရန့်ဖို့ဒ်ရဲ့ အကောင်းဆုံး ကစားသမားတစ်ဦးဖြစ်ပြီး လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ ချဲလ်ဆီးနဲ့ လီဗာပူးရဲ့အထက် အဆင့် ၈ နေရာမှာ ရပ်တည်နိုင်ဖို့ ဘရန့်ဖို့ဒ်ကို ကူညီပေးခဲ့တဲ့ အဓိကအကျဆုံး ကစားသမားလည်း ဖြစ်ပါတယ်။

၂၇ နှစ်အရွယ် စပိန်လက်ရွေးစင်ဟာ ၂၀၁၉ မှာ ဘလက်ဘန်းကနေ ဘရန့်ဖို့ဒ်ကို ရောက်ရှိလာခဲ့ပြီးနောက် ပွဲပေါင်း ၁၄၃ ပွဲထိ ကစားခဲ့ပြီး ဖြစ်ပါတယ်။ အကောင်းဆုံး လက်စွမ်းတွေနဲ့အတူ နည်းပြသောမတ်စ်ဖရန့်ခ်ရဲ့ အသင်းကို ၂၀၂၁ ချန်ပီယံရှစ် ပလေးအော့ဖ်မှာ အနိုင်ရရှိစေပြီး ပရီးမီးယားလိဂ်ကို တန်းတက်စေခဲ့သူလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ရာယာရဲ့ လက်ရှိ စာချုပ်သက်တမ်းက ၂၀၂၄ ဆိုရင် သက်တမ်းကုန်ဆုံး တော့မှာပါ။

ပြီးခဲ့တဲ့အပတ်က အသင်းက ကမ်းလှမ်းခဲ့တဲ့ သက်တမ်းတိုး စာချုပ်သစ်ကိုလည်း ငြင်းပယ်ခဲ့ပါတယ်။ အခုဆိုရင် စပိန်ကလာတဲ့ သတင်းတွေအရတော့ ယူနိုက်တက်၊ ချဲလ်ဆီးနဲ့ စပါးအသင်းတို့ဟာ ရာယာကို ဆက်တိုက် ချိတ်ဆက်လျက် ရှိနေတယ်လို့ သိရပါတယ်။ ဘရန့်ဖို့ဒ်အနေနဲ့ ရာယာကို စာချုပ်သက်တမ်း မတိုးနိုင်ဘူးဆိုရင်တော့ ဈေးအများဆုံးရနိုင်မယ့် လာမယ့် နွေအပြောင်းအရွှေ့မှာ သေချာပေါက် ရောင်းချနိုင်တာပါ။

မန်ယူဟာ လက်ရှိ အဓိက ဂိုးသမား ဒေးဗစ်ဒီဂီယာနဲ့ စာချုပ်ရဲ့ နောက်ဆုံး ၆ လထဲကို ရောက်ရှိနေပါပြီ။ စပါးအသင်းကလည်း လက်ရှိ အသင်းခေါင်းဆောင်ဖြစ်တဲ့ အသက် ၃၆ နှစ်အရွယ် ပြင်သစ်လက်ရွေးစင် ဂိုးသမား ဟူဂိုလိုရစ်ရဲ့နေရာကို ဆက်ခံနိုင်မယ့် ဂိုးသမားသစ်ကို ရှာဖွေနေတာပါ။

ချဲလ်ဆီးကတော့ လက်စွမ်းကျဆင်းလာတဲ့ ဂိုးသမား အက်ဒွာမန်ဒီနဲ့ လက်စွမ်း မတည်ငြိမ်တဲ့ ကီပါတို့ကို အကြိုက်မတွေ့ပဲ အစားထိုးဖို့ ဆန္ဒရှိနေပါတယ်။ ယူနိုက်တက်နဲ့ တော့တင်ဟမ်ဟော့ စပါးကတော့ နေရာရဖို့ ပိုဖြစ်နိုင်တာကြောင့် ရာယာကို ပိုပြီးဆွဲဆောင်နိုင်တဲ့ အသင်းတွေဖြစ်နေပြီး ချဲလ်ဆီးကတော့ ဘရန့်ဖို့ဒ်ရဲ့အောက် လက်ရှိအဆင့် ၁၀ ကို ရောက်နေသလို ထိပ်ဆုံး ၄ သင်းနဲ့လည်း ၁၀ မှတ်ထိ ကွာဟနေပါတယ်။

Zawgyi

ဘရန့္ဖို႔ဒ္ ဂိုးသမား ရာယာကို မန္ယူအပါအဝင္ ထိပ္သီး ၃ သင္း အၿပိဳင္စိတ္ဝင္စားေန

မန္ခ်က္စတာ ယူနိုက္တက္၊ ခ်ဲလ္ဆီးနဲ႕ စပါးတို႔ဟာ ဘရန႔္ဖို႔ဒ္ဂိုးသမား ေဒးဗစ္ရာယာကို ေခၚယူဖို႔ ခ်ိတ္ဆက္ေနတယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။ ရာယာဟာ ဒီရာသီ ဘရန႔္ဖို႔ဒ္ရဲ႕ အေကာင္းဆုံး ကစားသမားတစ္ဦးျဖစ္ၿပီး လက္ရွိ ပရီးမီးယားလိဂ္ အမွတ္ေပးဇယားမွာ ခ်ဲလ္ဆီးနဲ႕ လီဗာပူးရဲ႕အထက္ အဆင့္ ၈ ေနရာမွာ ရပ္တည္နိုင္ဖို႔ ဘရန့္ဖို႔ဒ္ကို ကူညီေပးခဲ့တဲ့ အဓိကအက်ဆဳံး ကစားသမားလည္း ျဖစ္ပါတယ္။

၂၇ ႏွစ္အ႐ြယ္ စပိန္လက္ေ႐ြးစင္ဟာ ၂၀၁၉ မွာ ဘလက္ဘန္းကေန ဘရန႔္ဖို႔ဒ္ကို ေရာက္ရွိလာခဲ့ၿပီးေနာက္ ပြဲေပါင္း ၁၄၃ ပြဲထိ ကစားခဲ့ၿပီး ျဖစ္ပါတယ္။ အေကာင္းဆုံး လက္စြမ္းေတြနဲ႕အတူ နည္းျပေသာမတ္စ္ဖရန႔္ခ္ရဲ႕ အသင္းကို ၂၀၂၁ ခ်န္ပီယံရွစ္ ပေလးေအာ့ဖ္မွာ အနိုင္ရရွိေစၿပီး ပရီးမီးယားလိဂ္ကို တန္းတက္ေစခဲ့သူလည္း ျဖစ္ပါတယ္။ ဒါေပမယ့္ ရာယာရဲ႕ လက္ရွိ စာခ်ဳပ္သက္တမ္းက ၂၀၂၄ ဆိုရင္ သက္တမ္းကုန္ဆုံး ေတာ့မွာပါ။

ၿပီးခဲ့တဲ့အပတ္က အသင္းက ကမ္းလွမ္းခဲ့တဲ့ သက္တမ္းတိုး စာခ်ဳပ္သစ္ကိုလည္း ျငင္းပယ္ခဲ့ပါတယ္။ အခုဆိုရင္ စပိန္ကလာတဲ့ သတင္းေတြအရေတာ့ ယူနိုက္တက္၊ ခ်ဲလ္ဆီးနဲ႕ စပါးအသင္းတို႔ဟာ ရာယာကို ဆက္တိုက္ ခ်ိတ္ဆက္လ်က္ ရွိေနတယ္လို႔ သိရပါတယ္။ ဘရန႔္ဖို႔ဒ္အေနနဲ႕ ရာယာကို စာခ်ဳပ္သက္တမ္း မတိုးနိုင္ဘူးဆိုရင္ေတာ့ ေဈးအမ်ားဆုံးရနိုင္မယ့္ လာမယ့္ ေႏြအေျပာင္းအေ႐ႊ႕မွာ ေသခ်ာေပါက္ ေရာင္းခ်နိဳင္တာပါ။

မန္ယူဟာ လက္ရွိ အဓိက ဂိုးသမား ေဒးဗစ္ဒီဂီယာနဲ႕ စာခ်ဳပ္ရဲ႕ ေနာက္ဆုံး ၆ လထဲကို ေရာက္ရွိေနပါၿပီ။ စပါးအသင္းကလည္း လက္ရွိ အသင္းေခါင္းေဆာင္ျဖစ္တဲ့ အသက္ ၃၆ ႏွစ္အ႐ြယ္ ျပင္သစ္လက္ေ႐ြးစင္ ဂိုးသမား ဟူဂိုလိုရစ္ရဲ႕ေနရာကို ဆက္ခံနိုင္မယ့္ ဂိုးသမားသစ္ကို ရွာေဖြေနတာပါ။

ခ်ဲလ္ဆီးကေတာ့ လက္စြမ္းက်ဆင္းလာတဲ့ ဂိုးသမား အက္ဒြာမန္ဒီနဲ႕ လက္စြမ္း မတည္ၿငိမ္တဲ့ ကီပါတို႔ကို အႀကိဳက္မေတြ႕ပဲ အစားထိုးဖို႔ ဆႏၵရွိေနပါတယ္။ ယူနိုက္တက္နဲ႕ ေတာ့တင္ဟမ္ေဟာ့ စပါးကေတာ့ ေနရာရဖို႔ ပိုျဖစ္နိုင္တာေၾကာင့္ ရာယာကို ပိုၿပီးဆြဲေဆာင္နိုင္တဲ့ အသင္းေတြျဖစ္ေနၿပီး ခ်ဲလ္ဆီးကေတာ့ ဘရန႔္ဖို႔ဒ္ရဲ႕ေအာက္ လက္ရွိအဆင့္ ၁၀ ကို ေရာက္ေနသလို ထိပ္ဆုံး ၄ သင္းနဲ႕လည္း ၁၀ မွတ္ထိ ကြာဟေနပါတယ္။