Spots news

ဟာဇက်နဲ့ ဘန်ဇီမာတို့ ဒဏ်ရာက သက်သာလာပါပြီဆိုတဲ့ နည်းပြဇီဒန်း

Unicode Version

ရီးယဲလ် မက်ဒရစ် အသင်းနည်း ပြဇီဒန်းက အသင်း၏ အဓိက ကစားသမား (၂)ဦးဖြစ်သော တိုက်စစ်မှူး ဘန်ဇီမာ နှင့် တောင်ပံ ကစားသမားဟာဇက်တို့ အနေဖြင့်

ဒဏ်ရာ ပြဿနာများမှ ပြန်လည် ကောင်းမွန်သက်သာလာပြီ ဖြစ်သော်လည်း ပွဲကစား နိုင်မည့်အချိန်ကို အတိအကျ မပြောနိုင်သေးကြောင်း ဆိုခဲ့ပါတယ်။

ရီးယဲလ် အသင်းဟာ လာမည့် ရက်သတ္တပတ်အတွင်း မက်ဒရစ်ဒါဘီ အပါအဝင်၊ ချန်ပီယံလိဂ်ပွဲစဉ်များနှင့် ပွဲကျပ် ကာလကို ဖြတ်သန်း ရမည်ဖြစ်ရာ

အဓိက တိုက်စစ်မှူး ဖြစ်သည့် ဘန်ဇီမာနှင့် တောင်ပံ ကစားသမား ဟာဇက်တို့ အသင်းတွင်ပြန်လည် ကစားနိုင် စေရန် ပရိသတ်များက ဆန္ဒရှိနေခြင်း ဖြစ်ပါတယ်။

ယင်း ကစားသမား များ၏ ဒဏ်ရာ အခြေအနေနှင့် ပတ်သက်ပြီး မီဒီယာများ၏ မေးမြန်းမှုကို ဇီဒန်းက ၎င်းကစားသမား (၂)ဦးအနေဖြင့် ဒဏ်ရာ အခြေအနေ များမှ ကောင်းမွန်လာ ပြီဖြစ်သော်လည်း ပွဲကစားရန် အသင့်မဖြစ်သေးကြောင်း ပြောကြားခဲ့ပါတယ်။

ဇီဒန်းက “ဘန်ဇီမာနဲ့ ဟာဇက်က အခြေအနေအကောင်းမွန် လာပါပြီ။ ဒါပေမဲ့ ပွဲကစားဖို့အသင့်ဖြစ်တယ်လို့ ကျွန်တော် မထင်ပါဘူး။ ကျွန်တော် ဘယ်နေ့မှာ သူတို့ ပြန်ကစားနိုင်မယ်

ဆိုတာ အတိအကျ မပြောနိုင်ပါဘူး။ သူတို့ (၂)ဦးစလုံး ပြန်လည် သက်သာ ဖို့အချိန် ကြာကြာအနားယူခဲ့ရလို့ ဘယ်သူပြန်လည် ဖို့အသင့်ဖြစ်ပြီလဲ ဆိုတာ မသိနိုင်ပါဘူး” ဟုပြောကြားခဲ့ပါတယ်။

ဘန်ဇီမာဟာ လက်ရှိ ရာသီမှာ ရီးယဲလ် အသင်းအတွက် လာလီဂါ သွင်းဂိုး (၁၂)ဂိုးအပါအဝင်ပြိုင်ပွဲစုံ (၁၇)ဂိုး သွင်းယူ ပေးထားသူ ဖြစ်ပြီး ဟာဇက်မှာလည်း ပါဝင် ကစားခွင့် ရသည့် ပွဲများတွင် ခြေစွမ်းပြ နေသူ ဖြစ်ပါတယ်။