Spots news

နေရာမရနေတဲ့ အေဘရာဟမ်ကို ခေါ်ယူရန် ပရီးမီးယားလိဂ်ကလပ်များ စိတ်ဝင်စား

Unicode Version

ချဲလ်ဆီး တိုက်စစ်မှူး အေဘရာဟမ်ဟာ ယူနိုက်တက်နဲ့ ပွဲမှာ ချန်လှပ်ခံခဲ့ရ ပြီးနောက် ပရီးမီးယားလိဂ် ကလပ်တွေက အခြေအနေ စောင့်ကြည့် နေကြကြောင်း

သိရပါတယ်။ ၂၃နှစ် သားဟာ ယူနိုက်တက် နဲ့ ဂိုးမရှိ သရေကျ ခဲ့တဲ့ ပွဲစဉ်မှာ ဒဏ်ရာ ပြဿနာ မရှိပါပဲနဲ့ ချန်လှပ် ခံခဲ့ရတာပါ။

အင်္ဂလန်သား ဟာ နည်းပြသစ် တူချယ်လက်ထက် ၃ပွဲသာ ပွဲထွက်ခွင့် ရခဲ့ပြီး ၃ပွဲစလုံး လူစားလဲ ခံခဲ့ ရပါတယ်။ Telegraphရဲ့ ဖော်ပြချက်အရ

ချဲလ်ဆီးသာ လာမယ့်ဘနွေရာသီ အေဘရာဟမ် ကို ရောင်းချခဲ့မယ် ဆိုရင်တော့ အသင်း အများစုက ခေါ်ယူဖို့ စောင့်ဆိုင်း နေကြကြောင်း သိရပါတယ်။

တူချယ်က ချဲလ်ဆီးနဲ့ ၂နှစ်သက်တမ်း ကျန်သေးတဲ့ အေဘရာဟမ်ရဲ့ စွမ်းဆောင်ရည်နဲ့  လေ့ကျင့်ခန်း အစီအစဉ်တွေ အကြောင်း လူသိရှင်ကြား ပြောထားခဲ့ ပါတယ်။

အေဘရာဟမ် ဟာ ယခုနှစ်ရာသီ ချဲလ်ဆီးရဲ့ အရန် ကစားသမား အဖြစ်သာ ကစားခဲ့ရ ပေမဲ့ ပွဲ၃၀ ကစားရမှာ ၁၂ဂိုး သွင်းထားခဲ့ပြီး အသင်းရဲ့ ဂိုးသွင်း အများဆုံး ကစားသမား ဖြစ်နေခဲ့ပါတယ်။

လက်ရှိ ချဲလ်ဆီးမှာ ၂၃နှစ်သားဟာ နွေရာသီက ပေါင် ၄၇.၅သန်းနဲ့ ရောက်လာတဲ ဝါနာ၊ ဝါရင့်တိုက်စစ်မှူး ဂျီရော့ဒ် တို့နဲ့ တိုက်စစ်မှူး နေရာအတွက် ပြိုင်ဆိုင် နေခဲ့ပါတယ်။

တူချယ် လက်ထက်မှာ ဂျီရော့ဒ်က အထောင်တိုက်စစ်မှူး နေရာမှာ ကစားနေပြီး ယူနိုက်တက်နဲ့ ပွဲမှာလည်း မေဆင်မောင့်နဲ့ ဇီယက်ချ်တို့က ပြင်သစ်သားကို ဝန်းရံ ပေးခဲ့ပါတယ်။