Unicode
၂၀၂၂ ရဲ့ အကောင်းဆုံး ဘောလုံးသမားအဖြစ် မက်ဆီသတ်မှတ်ခံရ.. ထိပ်ဆုံးအယောက် ၅၀ မှာတောင် မပါဝင်တဲ့ ရော်နယ်ဒို
ကမ္ဘာ့ဖလားဆုရှင် အာဂျင်တီးနားစတား မက်ဆီဟာ
ဗြိတိန် နာမည်ကျော်သတင်းစာ The Guardian က ထုတ်ပြန်တဲ့ ၂၀၂၂ ရဲ့ အကောင်းဆုံး ကစားသမားအဖြစ် မဲပေး ရွေးချယ်ခံခဲ့ရပြီး သူ့ရဲ့ အဓိကပြိုင်ဘက် ဖြစ်ခဲ့ဖူးတဲ့ ပေါ်တူဂီစတား စီရော်နယ်ဒိုကတော့ ထိပ်ဆုံးအယောက် (၅၀) စာရင်းမှာတောင် မပါဝင်ခဲ့ပါဘူး။ အသက်(၃၅)နှစ်အရွယ် ရှိပြီဖြစ်တဲ့ မက်ဆီဟာ ၂၀၂၂ ခုနှစ်အတွင်း လက်ရွေးစင်အသင်းနဲ့အတူ သမိုင်းဝင် အောင်မြင်မှုအဖြစ်
ကမ္ဘာ့ဖလား ချန်ပီယံဆုကို ပထမဆုံးအကြိမ် ဆွတ်ခူးခဲ့ပါတယ်။ ဒါ့အပြင် ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံး ကစားသမားဆုကိုပါ ရရှိခဲ့တာပါ။ ဒါ့အပြင် ကလပ်အသင်း PSG နဲ့လည်း ပြင်သစ်လီဂူး ချန်ပီယံဆု ရရှိခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်က မက်ဆီအတွက် ကောင်းခြင်းတွေ ဆုံစည်းခဲ့တဲ့နှစ် ဖြစ်ခဲ့ပေမယ့် ပေါ်တူဂီ နာမည်ကျော် ကစားသမား စီရော်နယ်ဒိုအတွက်တော့ စိတ်ပျက်စရာတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
စီရော်နယ်ဒိုနဲ့ ပီယာ့စ်မော်ဂန်တို့ရဲ့ အင်တာဗျူးကိစ္စကြောင့် မန်ချက်စတာ ယူနိုက်တက်အသင်းက သူ့ကို နှစ်ဦးသဘောတူ စာချုပ် ဖျက်သိမ်းခဲ့သလို ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း စီရော်နယ်ဒိုဟာ ရှုံးထွက် (၁၆) သင်းအဆင့်၊ ကွာတားဖိုင်နယ်တွေမှာ အရန်ခုံထိုင်ခဲ့ရသလို မော်ရိုကိုအသင်းကို ရှုံးနိမ့်ခဲ့တဲ့အတွက် ကွာတားဖိုင်နယ်ကနေ ထွက်ခဲ့ရပါတယ်။ ဒါကြောင့်ပဲ စီရော်နယ်ဒိုဟာ The Guardian ရဲ့ ၂၀၂၂ ခုနှစ်အတွက် အကောင်းဆုံး ကစားသမားစာရင်းမှာ ထိပ်ဆုံးအယောက် (၅၀)မှာတောင် မပါဝင်ဘဲ အဆင့်(၅၁) သာ ရရှိခဲ့တာဖြစ်ပါတယ်။
ထိပ်ဆုံး (၃)နေရာမှာတော့ မက်ဆီနဲ့အတူ ၂၀၂၂ ကမ္ဘာ့ဖလား ဗိုလ်လုပွဲတုန်းက ဟက်ထရစ်သွင်းခဲ့တဲ့ အမ်ဘက်ပီ၊ ရီးရဲနာမည်ကျော် တိုက်စစ်မှူး ဘန်ဇီမာတို့က ရပ်တည်နိုင်ခဲ့ကြပါတယ်။ ဘန်ဇီမာဟာ ၂၀၂၂ ခုနှစ်အတွင်း ရီးရဲမက်ဒရစ်အတွက် လာလီဂါ၊ ချန်ပီယံလိဂ် ဆုဖလားတွေ ရယူပေးခဲ့သလို ကစားသမားဘဝတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် Ballon d’Or ဆုကိုပါ ဆွတ်ခူးနိုင်ခဲ့ပါတယ်။
The Guardian က ထုတ်ပြန်တဲ့ ၂၀၂၂ ခုနှစ်အတွက် အကောင်းဆုံးကစားသမား အယောက်(၁၀၀)ရဲ့ ထိပ်ဆုံး(၁၀)ဦးမှာ နာမည်ကျော်ကစားသမားတွေဖြစ်တဲ့ ဟာလန်း(၄)၊ မိုဒရစ်(၅)၊ ဒီဘရိုင်း(၆)၊ လီဝန်ဒေါစကီး(၇)၊ ဗင်နီစီယက်စ်(၈)၊ ကော်တိုရစ်(၉)၊ ဆာလက်(၁၀) တို့လည်း အစဥ်အတိုင်း ရပ်တည်နေပါတယ်။ ဒါကြောင့် မက်ဆီအတွက်တော့ လက်ရှိအချိန်မှာ ရော်နယ်ဒိုဟာ ပြိုင်ဘက်ကောင်း မဟုတ်တော့ဘူးလို့ပဲ ဆိုရတော့မှာပါ။
Zawgyi
၂၀၂၂ ရဲ႕ အေကာင္းဆုံး ေဘာလုံးသမားအျဖစ္ မက္ဆီသတ္မွတ္ခံရ.. ထိပ္ဆုံးအေယာက္ ၅၀ မွာေတာင္ မပါဝင္တဲ့ ေရာ္နယ္ဒို
ကမာၻ႔ဖလားဆုရွင္ အာဂ်င္တီးနားစတား မက္ဆီဟာ
ၿဗိတိန္ နာမည္ေက်ာ္သတင္းစာ The Guardian က ထုတ္ျပန္တဲ့ ၂၀၂၂ ရဲ႕ အေကာင္းဆုံး ကစားသမားအျဖစ္ မဲေပး ေ႐ြးခ်ယ္ခံခဲ့ရၿပီး သူ႕ရဲ႕ အဓိကၿပိဳင္ဘက္ ျဖစ္ခဲ့ဖူးတဲ့ ေပၚတူဂီစတား စီေရာ္နယ္ဒိုကေတာ့ ထိပ္ဆုံးအေယာက္ (၅၀) စာရင္းမွာေတာင္ မပါဝင္ခဲ့ပါဘူး။ အသက္(၃၅)ႏွစ္အ႐ြယ္ ရွိၿပီျဖစ္တဲ့ မက္ဆီဟာ ၂၀၂၂ ခုႏွစ္အတြင္း လက္ေ႐ြးစင္အသင္းနဲ႕အတူ သမိုင္းဝင္ ေအာင္ျမင္မႈအျဖစ္
ကမာၻ႔ဖလား ခ်န္ပီယံဆုကို ပထမဆုံးအႀကိမ္ ဆြတ္ခူးခဲ့ပါတယ္။ ဒါ့အျပင္ ၿပိဳင္ပြဲတစ္ေလွ်ာက္ အေကာင္းဆုံး ကစားသမားဆုကိုပါ ရရွိခဲ့တာပါ။ ဒါ့အျပင္ ကလပ္အသင္း PSG နဲ႕လည္း ျပင္သစ္လီဂူး ခ်န္ပီယံဆု ရရွိခဲ့ပါတယ္။ ၂၀၂၂ ခုႏွစ္က မက္ဆီအတြက္ ေကာင္းျခင္းေတြ ဆုံစည္းခဲ့တဲ့ႏွစ္ ျဖစ္ခဲ့ေပမယ့္ ေပၚတူဂီ နာမည္ေက်ာ္ ကစားသမား စီေရာ္နယ္ဒိုအတြက္ေတာ့ စိတ္ပ်က္စရာေတြနဲ႕ ရင္ဆိုင္ခဲ့ရပါတယ္။
စီေရာ္နယ္ဒိုနဲ႕ ပီယာ့စ္ေမာ္ဂန္တို႔ရဲ႕ အင္တာဗ်ဴးကိစၥေၾကာင့္ မန္ခ်က္စတာ ယူနိုက္တက္အသင္းက သူ႕ကို ႏွစ္ဦးသေဘာတူ စာခ်ဳပ္ ဖ်က္သိမ္းခဲ့သလို ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲမွာလည္း စီေရာ္နယ္ဒိုဟာ ရႈံးထြက္ (၁၆) သင္းအဆင့္၊ ကြာတားဖိုင္နယ္ေတြမွာ အရန္ခုံထိုင္ခဲ့ရသလို ေမာ္ရိုကိုအသင္းကို ရႈံးနိမ့္ခဲ့တဲ့အတြက္ ကြာတားဖိုင္နယ္ကေန ထြက္ခဲ့ရပါတယ္။ ဒါေၾကာင့္ပဲ စီေရာ္နယ္ဒိုဟာ The Guardian ရဲ႕ ၂၀၂၂ ခုႏွစ္အတြက္ အေကာင္းဆုံး ကစားသမားစာရင္းမွာ ထိပ္ဆုံးအေယာက္ (၅၀)မွာေတာင္ မပါဝင္ဘဲ အဆင့္(၅၁) သာ ရရွိခဲ့တာျဖစ္ပါတယ္။
ထိပ္ဆုံး (၃)ေနရာမွာေတာ့ မက္ဆီနဲ႕အတူ ၂၀၂၂ ကမာၻ႔ဖလား ဗိုလ္လုပြဲတုန္းက ဟက္ထရစ္သြင္းခဲ့တဲ့ အမ္ဘက္ပီ၊ ရီးရဲနာမည္ေက်ာ္ တိုက္စစ္မႉး ဘန္ဇီမာတို႔က ရပ္တည္နိုင္ခဲ့ၾကပါတယ္။ ဘန္ဇီမာဟာ ၂၀၂၂ ခုႏွစ္အတြင္း ရီးရဲမက္ဒရစ္အတြက္ လာလီဂါ၊ ခ်န္ပီယံလိဂ္ ဆုဖလားေတြ ရယူေပးခဲ့သလို ကစားသမားဘဝတစ္ေလွ်ာက္ ပထမဆုံးအႀကိမ္အျဖစ္ Ballon d’Or ဆုကိုပါ ဆြတ္ခူးနိုင္ခဲ့ပါတယ္။
The Guardian က ထုတ္ျပန္တဲ့ ၂၀၂၂ ခုႏွစ္အတြက္ အေကာင္းဆုံးကစားသမား အေယာက္(၁၀၀)ရဲ႕ ထိပ္ဆုံး(၁၀)ဦးမွာ နာမည္ေက်ာ္ကစားသမားေတြျဖစ္တဲ့ ဟာလန္း(၄)၊ မိုဒရစ္(၅)၊ ဒီဘရိုင္း(၆)၊ လီဝန္ေဒါစကီး(၇)၊ ဗင္နီစီယက္စ္(၈)၊ ေကာ္တိုရစ္(၉)၊ ဆာလက္(၁၀) တို႔လည္း အစဥ္အတိုင္း ရပ္တည္ေနပါတယ္။ ဒါေၾကာင့္ မက္ဆီအတြက္ေတာ့ လက္ရွိအခ်ိန္မွာ ေရာ္နယ္ဒိုဟာ ၿပိဳင္ဘက္ေကာင္း မဟုတ္ေတာ့ဘူးလို႔ပဲ ဆိုရေတာ့မွာပါ။