Spots news

လူငယ်နဲ့ စီနီယာကစားသမား အချိုးကျစွာ ပွဲထွက်လာမယ့်မန်ယူ ရီးဒင်းကို ဂိုးပြတ်မှာလား?

Unicode

လူငယ်နဲ့ စီနီယာကစားသမား အချိုးကျစွာ ပွဲထွက်လာမယ့်မန်ယူ ရီးဒင်းကို ဂိုးပြတ်မှာလား?

ပွဲဆက်များပြီး ပွဲကြပ်ကာလာ တစ်ခုကို ဖြတ်သန်းနေရတဲ့ မန်ယူဟာ ဒီညမှာလည်း အက်ဖ်အေဖလား စတုတ္ထအဆင့် ပွဲစဥ်အဖြစ် ချန်ပီယံရှစ်က ရီးဒင်းအသင်းကို မနက်ဖြန်မနက် ၂ နာရီခွဲမှာ အိုးထရပ်ဖို့ဒ်အတွင်း လက်ခံ ယှဥ်ပြိုင်သွားရမှာပါ။ ဒါဟာ နော်တင်ဟမ်နဲ့ ကာရာဘောင်းဖလား ဆီမီးဖိုင်နယ် ပွဲစဥ်ပြီးတဲ့နောက် ၃ ရက်အကြာမှာပဲ နောက်ထပ် ပြည်တွင်းဖလားပွဲ ထပ်မံ ကစားရခြင်းပါ။

နော်တင်ဟမ်နဲ့ ပွဲမှာတော့ ဆီမီးဖိုင်နယ် ဖြစ်သလို နှစ်ကျော့ကစားရမှာ ဖြစ်တာကြောင့် နောက်တဆင့်တက်ဖို့ သေချာစေဖို့ နည်းပြ အဲရစ် တန်ဟတ်က အဓိက ကစားသမား အစုံအလင်နဲ့ ပွဲထွက်ခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။ ဒါပေမယ့် ဒီနေ့ ပွဲစဥ်မှာတော့ အဓိက ကစားသမားတွေကို အနားပေးဖို့နဲ့ အချို့သော ကစားသမားတွေကို ပွဲကစားချိန် ပေးဖို့အတွက် တန်ဟတ်တစ်ယောက် အပြောင်းအလဲ အမြောက်အမြား ပြုလုပ်လာနိုင်ပါတယ်။

နောက်တန်းမှာ မက်ဂွိုင်းယားနဲ့ လင်ဒီလော့ အတွဲကို ပြန်​မြင်ရဖို့ ရှိနေပြီး မာတီးနက်ဇ်နဲ့ ဗာရန်းတို့ကိုတော့ အနားပေးထား နိုင်တာပါ။ ကျန် နောက်ခံ အစွန်လူတွေ နေရာမှာတော့ ဘစ်ဆာကာက ညာအစွန်၊ လူငယ်လေး ဘရန်ဒန် ဝီလီယမ်က ဘယ်အစွန်လူအဖြစ် ပွဲထွက်လာနိုင်ပါတယ်။ ဒါ့အပြင် တန်ဟတ်အနေနဲ့ အခြား​ လူငယ်ကစားသမားလေးဖြစ်တဲ့ ပယ်လီစထရီကိုလည်း တိုက်စစ်ပိုင်းမှာ နေရာပေး လာနိုင်ပါတယ်။ ဥရုဂွေးစတားလေးရဲ့ နော်တင်ဟမ်နဲ့ ပွဲက လူစားဝင် ခြေစွမ်းကို တန်ဟတ်တစ်ယောက် သဘောကျခဲ့တာပါ။

အဲဒိပွဲမှာ ပယ်လီစထရီဟာ တိုက်စစ်မှူး ဝက်ဂ်ဟော့အတွက် ဂိုးကန်သွင်းခွင့် တစ်ကြိမ်ကို ဖန်တီး ပေးနိုင်ခဲ့ပါတယ်။ ဒါကြောင့် အန်တိုနီရဲ့ ညာတောင်ပံ နေရာမှာ ဒဏ်ရာက ပြန်လည် သက်သာလာခါစ ဖြစ်တဲ့ ဂျေဒန် ဆန်ချိုကို ပွဲမထွက်စေချင်သေးရင် ပယ်လီစထရီက အခြားသော ရွေးချယ်စရာ တစ်ခုပါ။ ကျန်တဲ့ တိုက်စစ်ပိုင်း နေရာတွေမှာတော့ နော်တင်ဟမ်နဲ့ ပွဲမှာ သွင်းဂိုးကိုယ်စီ ရယူထားနိုင်ခဲ့တဲ့ ရက်ဖို့ဒ်နဲ့ ဝက်ဂ်ဟော့တို့ပဲ ပွဲထွက် လာနိုင်ပါတယ်။

ကွင်းလယ်ပိုင်းမှာလည်း တန်ဟတ်အတွက် ရွေးချယ်စရာတွေ ရှိနေပြီး ဖရက်ဒ်ကတော့ သေချာပေါက် ပွဲထွက်လာနိုင်ပါတယ်။ သူနဲ့အတူ တွန်မီနေးကို တွဲမြင်ရဖို့များပြီး ကတ်ဆီမဲရိုး၊ အဲရစ်ဆင်တို့ထဲက တစ်ယောက်ယောက်နဲ့လည်း တွဲဖက်လာနိုင်ပါတယ်။ ဒါကြောင့် လူငယ်နဲ့ စီနီယာ ကစားသမား အချိုးကျစွာ ပွဲထွက်လာမယ့် မန်ယူတို့ ချန်ပီယံရှစ်က ရီဒင်းကို ဂိုးပြတ် အောင်ပွဲဆင်နိုင်မလား စောင့်ကြည့်ရတော့မှာပါ။

Zawgyi

လူငယ္နဲ႕ စီနီယာကစားသမား အခ်ိဳးက်စြာ ပြဲထြက္လာမယ့္မန္ယူ ရီးဒင္းကို ဂိုးျပတ္မွာလား?

ပြဲဆက္မ်ားၿပီး ပြဲၾကပ္ကာလာ တစ္ခုကို ျဖတ္သန္းေနရတဲ့ မန္ယူဟာ ဒီညမွာလည္း အက္ဖ္ေအဖလား စတုတၳအဆင့္ ပြဲစဥ္အျဖစ္ ခ်န္ပီယံရွစ္က ရီးဒင္းအသင္းကို မနက္ျဖန္မနက္ ၂ နာရီခြဲမွာ အိုးထရပ္ဖို႔ဒ္အတြင္း လက္ခံ ယွဥ္ၿပိဳင္သြားရမွာပါ။ ဒါဟာ ေနာ္တင္ဟမ္နဲ႕ ကာရာေဘာင္းဖလား ဆီမီးဖိုင္နယ္ ပြဲစဥ္ၿပီးတဲ့ေနာက္ ၃ ရက္အၾကာမွာပဲ ေနာက္ထပ္ ျပည္တြင္းဖလားပြဲ ထပ္မံ ကစားရျခင္းပါ။

ေနာ္တင္ဟမ္နဲ႕ ပြဲမွာေတာ့ ဆီမီးဖိုင္နယ္ ျဖစ္သလို ႏွစ္ေက်ာ့ကစားရမွာ ျဖစ္တာေၾကာင့္ ေနာက္တဆင့္တက္ဖို႔ ေသခ်ာေစဖို႔ နည္းျပ အဲရစ္ တန္ဟတ္က အဓိက ကစားသမား အစုံအလင္နဲ႕ ပြဲထြက္ခဲ့တာကို ျမင္ေတြ႕ခဲ့ရပါတယ္။ ဒါေပမယ့္ ဒီေန႕ ပြဲစဥ္မွာေတာ့ အဓိက ကစားသမားေတြကို အနားေပးဖို႔နဲ႕ အခ်ိဳ႕ေသာ ကစားသမားေတြကို ပြဲကစားခ်ိန္ ေပးဖို႔အတြက္ တန္ဟတ္တစ္ေယာက္ အေျပာင္းအလဲ အေျမာက္အျမား ျပဳလုပ္လာနိုင္ပါတယ္။

ေနာက္တန္းမွာ မက္ဂြိုင္းယားနဲ႕ လင္ဒီေလာ့ အတြဲကို ျပန္​ျမင္ရဖို႔ ရွိေနၿပီး မာတီးနက္ဇ္နဲ႕ ဗာရန္းတို႔ကိုေတာ့ အနားေပးထား နိုင္တာပါ။ က်န္ ေနာက္ခံ အစြန္လူေတြ ေနရာမွာေတာ့ ဘစ္ဆာကာက ညာအစြန္၊ လူငယ္ေလး ဘရန္ဒန္ ဝီလီယမ္က ဘယ္အစြန္လူအျဖစ္ ပြဲထြက္လာနိုင္ပါတယ္။ ဒါ့အျပင္ တန္ဟတ္အေနနဲ႕ အျခား​ လူငယ္ကစားသမားေလးျဖစ္တဲ့ ပယ္လီစထရီကိုလည္း တိုက္စစ္ပိုင္းမွာ ေနရာေပး လာနိုင္ပါတယ္။ ဥ႐ုေဂြးစတားေလးရဲ႕ ေနာ္တင္ဟမ္နဲ႕ ပြဲက လူစားဝင္ ေျခစြမ္းကို တန္ဟတ္တစ္ေယာက္ သေဘာက်ခဲ့တာပါ။

အဲဒိပြဲမွာ ပယ္လီစထရီဟာ တိုက္စစ္မႉး ဝက္ဂ္ေဟာ့အတြက္ ဂိုးကန္သြင္းခြင့္ တစ္ႀကိမ္ကို ဖန္တီး ေပးနိုင္ခဲ့ပါတယ္။ ဒါေၾကာင့္ အန္တိုနီရဲ႕ ညာေတာင္ပံ ေနရာမွာ ဒဏ္ရာက ျပန္လည္ သက္သာလာခါစ ျဖစ္တဲ့ ေဂ်ဒန္ ဆန္ခ်ိဳကို ပြဲမထြက္ေစခ်င္ေသးရင္ ပယ္လီစထရီက အျခားေသာ ေ႐ြးခ်ယ္စရာ တစ္ခုပါ။ က်န္တဲ့ တိုက္စစ္ပိုင္း ေနရာေတြမွာေတာ့ ေနာ္တင္ဟမ္နဲ႕ ပြဲမွာ သြင္းဂိုးကိုယ္စီ ရယူထားနိုင္ခဲ့တဲ့ ရက္ဖို႔ဒ္နဲ႕ ဝက္ဂ္ေဟာ့တို႔ပဲ ပြဲထြက္ လာနိုင္ပါတယ္။

ကြင္းလယ္ပိုင္းမွာလည္း တန္ဟတ္အတြက္ ေ႐ြးခ်ယ္စရာေတြ ရွိေနၿပီး ဖရက္ဒ္ကေတာ့ ေသခ်ာေပါက္ ပြဲထြက္လာနိုင္ပါတယ္။ သူနဲ႕အတူ တြန္မီေနးကို တြဲျမင္ရဖို႔မ်ားၿပီး ကတ္ဆီမဲရိုး၊ အဲရစ္ဆင္တို႔ထဲက တစ္ေယာက္ေယာက္နဲ႕လည္း တြဲဖက္လာနိုင္ပါတယ္။ ဒါေၾကာင့္ လူငယ္နဲ႕ စီနီယာ ကစားသမား အခ်ိဳးက်စြာ ပြဲထြက္လာမယ့္ မန္ယူတို႔ ခ်န္ပီယံရွစ္က ရီဒင္းကို ဂိုးျပတ္ ေအာင္ပြဲဆင္နိုင္မလား ေစာင့္ၾကည့္ရေတာ့မွာပါ။