Spots news

အိုဒီဂတ်က ပေါင်သန်း ၂၀၀ ထိ တန်ဖိုးမြင့်တက်ပြီး ဘော်လွန်းဒီအော်ဆုကိုပါ စိန်ခေါ်လိမ့်မယ်

Unicode

အိုဒီဂတ်က ပေါင်သန်း ၂၀၀ ထိ တန်ဖိုးမြင့်တက်ပြီး ဘော်လွန်းဒီအော်ဆုကိုပါ စိန်ခေါ်လိမ့်မယ်

အာဆင်နယ် နောက်ခံလူဟောင်း Lauren က လက်ရှိ ဂန်းနား အသင်းခေါင်းဆောင် မာတင် အိုဒီဂတ်ဟာ လာမယ့် နှစ်အနည်းငယ် အတွင်းမှာပဲ ကမ္ဘာ့အကောင်းဆုံး ကစားသမားတစ်ယောက် ဖြစ်လာနိုင်တယ်လို့ ယုံကြည်နေတာပါ။ ဒါ့အပြင် အိုဒီဂတ်အနေနဲ့ မကြာခင်မှာပဲ ပေါင်သန်း ၂၀၀ လောက်ထိ တန်ဖိုး မြင့်တက်လာနိုင်ပြီး ဘော်လွန်းဒီအော်ဆု အတွက်ပါ ယှဥ်ပြိုင် လာနိုင်မယ်လို့လည်း ထုတ်ဖော် ပြောဆိုခဲ့တာပါ။

အိုဒီဂတ်ဟာ ရီးရဲမက်ဒရစ်ကနေ အာဆင်နယ် အသင်းဆီကို အငှားနဲ့ ကနဦး ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ နွေရာသီ အပြောင်းအရွှေ့အတွင်းမှာ အပြီးသတ် စာချုပ် ချုပ်ဆိုခဲ့တာပါ။ ဒါကြောင့် ၂ နှစ်မပြည့်ခင် အချိန်အတွင်းမှာပဲ အိုဒီဂတ်တစ်ယောက် အာဆင်နယ်ရဲ့ အသင်းခေါင်းဆောင် ဖြစ်လာခဲ့တာလို့ ဆိုနိုင်ပါတယ်။

ဒီရာသီမှာ ဆိုရင်လည်း အာဆင်နယ်အတွက် ပြိုင်ပွဲစုံ ၂၅ ပွဲ ပါဝင်ကစားပေးထားပြီး သွင်းဂိုးပါဝင် ပတ်သက်မှု ၁၄ ဂိုး ရှိတဲ့အထိ ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ ခုတော့ အာဆင်နယ်နဲ့အတူ ပရီးမီးယားလိဂ်ဖလား နှစ်ကြိမ်အထိ ဆုခူးနိုင်ခဲ့တဲ့ နောက်ခံကစားသမားဟောင်း Lauren က အိုဒီဂတ်နဲ့ ပတ်သက်လို့ အထူးချီးမွမ်းခန်း ဖွင့်သွားခဲ့တာပါ။

” အိုဒီဂတ်ဟာ စျေးပေါတဲ့ ကစားသမားတစ်ယောက် မဟုတ်ပါဘူး၊ ဒါကို ခု လက်တွေ့ မြင်တွေ့ နေရသလို ဒိထက်လည်း သူက ပို တိုးတက်လာအုံးမှာပါ။ အဲလို တိုးတက်လာရင်းနဲ့ပဲ သူ့ တန်ဖိုးက ပေါင်သန်း ၁၀၀၊ ဒါမှမဟုတ် ၂၀၀ လောက်ထိ ဖြစ်လာမှာပါ။ ဒါ့အပြင် သူဟာ မြင့်မားတဲ့ တစ်ဦးချင်း ဆုတံဆိပ်တွေအတွက်ပါ အနာဂတ်မှာ ယှဥ်ပြိုင်နိုင်လာပါလိမ့်မယ်။

ဥပမာ ဘော်လွန်းဒီအော်လို ဆုမျိုးပေါ့။ ဒီအတွက် အာဆင်နယ်ရဲ့ တိုးတက်လာမှုကလည်း အကူအညီ ပေးပါလိမ့်မယ်။ တကယ်လို့ မကြာခင် နှစ်အနည်းငယ်အတွင်း အာဆင်နယ်ဟာ ပရီးမီးယားလိဂ် ဆုဖလားကို ရရှိပြီး ချန်ပီယံလိဂ်မှာလည်း ကောင်းကောင်း စွမ်းဆောင်နိုင်ခဲ့မယ်ဆိုရင် အိုဒီဂတ်တစ်ယောက် ကမ္ဘာ့အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခံရမှာ အသေအချာပါပဲ။ ” လို့ Lauren က ပြောဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။

Zawgyi

အိုဒီဂတ္က ေပါင္သန္း ၂၀၀ ထိ တန္ဖိုးျမင့္တက္ၿပီး ေဘာ္လြန္းဒီေအာ္ဆုကိုပါ စိန္ေခၚလိမ့္မယ္

အာဆင္နယ္ ေနာက္ခံလူေဟာင္း Lauren က လက္ရွိ ဂန္းနား အသင္းေခါင္းေဆာင္ မာတင္ အိုဒီဂတ္ဟာ လာမယ့္ ႏွစ္အနည္းငယ္ အတြင္းမွာပဲ ကမာၻ႔အေကာင္းဆုံး ကစားသမားတစ္ေယာက္ ျဖစ္လာနိုင္တယ္လို႔ ယုံၾကည္ေနတာပါ။ ဒါ့အျပင္ အိုဒီဂတ္အေနနဲ႕ မၾကာခင္မွာပဲ ေပါင္သန္း ၂၀၀ ေလာက္ထိ တန္ဖိုး ျမင့္တက္လာနိုင္ၿပီး ေဘာ္လြန္းဒီေအာ္ဆု အတြက္ပါ ယွဥ္ၿပိဳင္ လာနိုင္မယ္လို႔လည္း ထုတ္ေဖာ္ ေျပာဆိုခဲ့တာပါ။

အိုဒီဂတ္ဟာ ရီးရဲမက္ဒရစ္ကေန အာဆင္နယ္ အသင္းဆီကို အငွားနဲ႕ ကနဦး ေျပာင္းေ႐ႊ႕လာခဲ့သူ ျဖစ္ၿပီး ၿပီးခဲ့တဲ့ ၂၀၂၁ ခုႏွစ္၊ ေႏြရာသီ အေျပာင္းအေ႐ႊ႕အတြင္းမွာ အၿပီးသတ္ စာခ်ဳပ္ ခ်ဳပ္ဆိုခဲ့တာပါ။ ဒါေၾကာင့္ ၂ ႏွစ္မျပည့္ခင္ အခ်ိန္အတြင္းမွာပဲ အိုဒီဂတ္တစ္ေယာက္ အာဆင္နယ္ရဲ႕ အသင္းေခါင္းေဆာင္ ျဖစ္လာခဲ့တာလို႔ ဆိုနိုင္ပါတယ္။

ဒီရာသီမွာ ဆိုရင္လည္း အာဆင္နယ္အတြက္ ၿပိဳင္ပြဲစုံ ၂၅ ပြဲ ပါဝင္ကစားေပးထားၿပီး သြင္းဂိုးပါဝင္ ပတ္သက္မႈ ၁၄ ဂိုး ရွိတဲ့အထိ ေျခစြမ္းျပနိုင္ခဲ့ပါတယ္။ ခုေတာ့ အာဆင္နယ္နဲ႕အတူ ပရီးမီးယားလိဂ္ဖလား ႏွစ္ႀကိမ္အထိ ဆုခူးနိုင္ခဲ့တဲ့ ေနာက္ခံကစားသမားေဟာင္း Lauren က အိုဒီဂတ္နဲ႕ ပတ္သက္လို႔ အထူးခ်ီးမြမ္းခန္း ဖြင့္သြားခဲ့တာပါ။

” အိုဒီဂတ္ဟာ ေစ်းေပါတဲ့ ကစားသမားတစ္ေယာက္ မဟုတ္ပါဘူး၊ ဒါကို ခု လက္ေတြ႕ ျမင္ေတြ႕ ေနရသလို ဒိထက္လည္း သူက ပို တိုးတက္လာအုံးမွာပါ။ အဲလို တိုးတက္လာရင္းနဲ႕ပဲ သူ႕ တန္ဖိုးက ေပါင္သန္း ၁၀၀၊ ဒါမွမဟုတ္ ၂၀၀ ေလာက္ထိ ျဖစ္လာမွာပါ။ ဒါ့အျပင္ သူဟာ ျမင့္မားတဲ့ တစ္ဦးခ်င္း ဆုတံဆိပ္ေတြအတြက္ပါ အနာဂတ္မွာ ယွဥ္ၿပိဳင္နိုင္လာပါလိမ့္မယ္။

ဥပမာ ေဘာ္လြန္းဒီေအာ္လို ဆုမ်ိဳးေပါ့။ ဒီအတြက္ အာဆင္နယ္ရဲ႕ တိုးတက္လာမႈကလည္း အကူအညီ ေပးပါလိမ့္မယ္။ တကယ္လို႔ မၾကာခင္ ႏွစ္အနည္းငယ္အတြင္း အာဆင္နယ္ဟာ ပရီးမီးယားလိဂ္ ဆုဖလားကို ရရွိၿပီး ခ်န္ပီယံလိဂ္မွာလည္း ေကာင္းေကာင္း စြမ္းေဆာင္နိုင္ခဲ့မယ္ဆိုရင္ အိုဒီဂတ္တစ္ေယာက္ ကမာၻ႔အေကာင္းဆုံး ကစားသမားအျဖစ္ သတ္မွတ္ခံရမွာ အေသအခ်ာပါပဲ။ ” လို႔ Lauren က ေျပာဆိုသြားခဲ့တာပဲ ျဖစ္ပါတယ္။