Unicode
ရီးဒင်းနဲ့ ပွဲရဲ့ဟီးရိုး ကတ်ဆီမဲရိုးကို ခမ်းနားတဲ့ ကစားသမားလို့ ဆိုလိုက်တဲ့ အဲရစ် တန်ဟတ်
ယနေ့ မနက်အစောပိုင်းက ယှဥ်ပြိုင်ကစားခဲ့တဲ့ အက်ဖ်အေဖလား စတုတ္ထအဆင့် ပွဲစဥ်မှာ မန်ယူတို့ ရီးဒင်းကို ၃-၁ ဂိုးနဲ့ အနိုင်ရပြီး နောက်တဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။ ဒီနိုင်ပွဲမှာ မန်ယူအတွက် ဟီးရိုးဖြစ်ခဲ့သူကတော့ ကွင်းလယ်ခံစစ် ကစားသမား ကတ်ဆီမဲရိုးပါပဲ။ ပထမပိုင်းမှာ ရက်ဖို့ဒ်ရဲ့ သွင်းဂိုးကို VAR ပြန်ကြည့်ပြီး ပံ့ပိုးပေးခဲ့တဲ့ တိုက်စစ်မှူး ဝက်ဂ်ဟော့က လူကျွံခဲ့တယ်လို့ သတ်မှတ်ခဲ့တာကြောင့် ပယ်ဖျက်ခံခဲ့ ရပါတယ်။ ဒါကြောင့် လူစုံထုတ်လာတဲ့ မန်ယူတို့ ပြိုင်ဘက်ကို စိုးမိုးကစားပြီး
ဂိုးကန်သွင်းခွင့်တွေ အကြိမ်ကြိမ် ရရှိခဲ့ပေမယ့် ပထမပိုင်း ပြီးဆုံးချိန်မှာတော့ ဂိုးမရှိ သရေသာ ဖြစ်ခဲ့ရပါတယ်။ ဒီလို မန်ယူတို့ ဂိုးရဖို့ ခက်နေတာကို ဖြေရှင်းပေးလိုက်တာကတော့ တိုက်စစ်ကစားသမားတွေ မဟုတ်ပဲ ကတ်ဆီမဲရိုး ဖြစ်နေခဲ့တာပါ။ ဒုတိယပိုင်း စလို့ ပွဲချိန် ၅၄ မိနစ် အရောက်မှာပဲ သရဲနီတို့ ဦးဆောင်ဂိုး ရခဲ့ပါတယ်။ အန်တိုနီရဲ့ အလိုက်သင့် ချပေးမှုကို ကတ်ဆီမဲရိုးက ဧရိယာအတွင်း ပြေးဝင်ပြီး တိုက်စစ်မှူးတစ်ဦးလို အဆုံးသတ်ကာ အဖွင့်ဂိုး ဖြစ်စေခဲ့ပါတယ်။ ဒါဟာ ဘရာဇီးသား နှစ်ဦးရဲ့ လှပတဲ့ အတွဲအဖက်လည်း ဖြစ်ခဲ့တာပါ။
ဆက်တိုက်ဆိုသလို ၅၈ မိနစ် အရောက်မှာလည်း ဖရက်ဒ်ရဲ့ ချပေးမှုကို ဧရိယာအပြင်ကနေ ကတ်ဆီမဲရိုးကပဲ သေသပ်စွာ အပြင်းကန်သွင်းရင်း ဒုတိယ ဦးဆောင်ဂိုး ရရှိစေခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ဖာနန်ဒက်ရဲ့ ပေးပို့မှုကို ဖရက်ဒ်က နောက်ပေါက်နဲ့ ပိတ်သွင်းရင်း တတိယ ဦးဆောင်ဂိုးကို သွင်းယူခဲ့ပါတယ်။ ဧည့်သည် ရီးဒင်းအတွက် တစ်လုံးတည်းသော ချေပသွင်းဂိုးကိုတော့ ပွဲချိန် ၇၂ မိနစ်မှာ နောက်ခံလူ Mbengue က သွင်းယူခဲ့တာပါ။
ဒီပွဲစဥ်အပြီး သတင်းစာ ရှင်းလင်းပွဲမှာတော့ မန်ယူနည်းပြ အဲရစ် တန်ဟတ်က အသင်းအတွက် ခြေစွမ်းပြကစားပြီး သွင်းဂိုး ၂ ဂိုးပါ သွင်းယူပေးခဲ့တဲ့ ကွင်းလယ်လူ ကတ်ဆီမဲရိုးကို ” ခမ်းနားတဲ့ ကစားသမား ” လို့ အမည်တပ်ရင်း ချီးကျူးသွားခဲ့ပါတယ်။ ” သူဟာ ရီးရဲမှာတည်းက မိုဒရစ်၊ ခရူးစ်တို့နဲ့အတူ တကယ်ကောင်းတဲ့ ကစားသမား ဖြစ်ခဲ့တာပါ။ ခုဆိုရင် သူက သွင်းဂိုးတွေပါ သွင်းယူနိုင်နေပါပြီ။ သူ့ကို ဒီပွဲစဥ်မှာ တိုက်စစ်ပိုင်းထိ လိုက်ပါဖို့ ကျွန်တော့်အနေနဲ့ ဆန္ဒရှိခဲ့သလို သူကလည်း
လိုလိုလားလားနဲ့ ဆော့ကစားပြခဲ့တာပါ။ ကတ်ဆီမဲရိုးက ခမ်းနားတဲ့ ကစားသမားပါ။ ခံစစ်တန်းရဲ့ရှေ့မှာ သူဟာ အမြဲတမ်း နေရာကောင်းကောင်း ယူတတ်ပါတယ်၊ သူ့ဆီ ဘောလုံးရှိနေချိန်ရော၊ မရှိတဲ့ အချိန်ရောမှာပေါ့။ ပြီးတော့ သူက ဘောလုံးကို ကောင်းစွာကိုင်တွယ်တတ်ပြီးတော့ မှန်ကန်တဲ့ ပေးပို့မှုတွေ လုပ်နိုင်ပါတယ်။ ဒါကြောင့် သူက ပွဲ အရှိန်ကို မြှင့်တင်ပေးသူပါ။ လိုအပ်လာပြီဆိုရင် ခုလိုပဲ သွင်းဂိုးတွေပါ သွင်းယူနိုင်သူပါ။ “လို့ တန်ဟတ်က ချီးကျူးပြောဆိုသွားခဲ့တာပါ။
Zawgyi
ရီးဒင္းနဲ႕ပြဲရဲ႕ ဟီးရိုး ကတ္ဆီမဲရိုးကို ခမ္းနားတဲ့ ကစားသမားလို႔ ဆိုလိုက္တဲ့ အဲရစ္ တန္ဟတ္
ယေန႕ မနက္အေစာပိုင္းက ယွဥ္ၿပိဳင္ကစားခဲ့တဲ့ အက္ဖ္ေအဖလား စတုတၳအဆင့္ ပြဲစဥ္မွာ မန္ယူတို႔ ရီးဒင္းကို ၃-၁ ဂိုးနဲ႕ အနိုင္ရၿပီး ေနာက္တဆင့္ကို တက္လွမ္းနိုင္ခဲ့ပါတယ္။ ဒီနိုင္ပြဲမွာ မန္ယူအတြက္ ဟီးရိုးျဖစ္ခဲ့သူကေတာ့ ကြင္းလယ္ခံစစ္ ကစားသမား ကတ္ဆီမဲရိုးပါပဲ။ ပထမပိုင္းမွာ ရက္ဖို႔ဒ္ရဲ႕ သြင္းဂိုးကို VAR ျပန္ၾကည့္ၿပီး ပံ့ပိုးေပးခဲ့တဲ့ တိုက္စစ္မႉး ဝက္ဂ္ေဟာ့က လူကြၽံခဲ့တယ္လို႔ သတ္မွတ္ခဲ့တာေၾကာင့္ ပယ္ဖ်က္ခံခဲ့ ရပါတယ္။ ဒါေၾကာင့္ လူစုံထုတ္လာတဲ့ မန္ယူတို႔ ၿပိဳင္ဘက္ကို စိုးမိုးကစားၿပီး
ဂိုးကန္သြင္းခြင့္ေတြ အႀကိမ္ႀကိမ္ ရရွိခဲ့ေပမယ့္ ပထမပိုင္း ၿပီးဆုံးခ်ိန္မွာေတာ့ ဂိုးမရွိ သေရသာ ျဖစ္ခဲ့ရပါတယ္။ ဒီလို မန္ယူတို႔ ဂိုးရဖို႔ ခက္ေနတာကို ေျဖရွင္းေပးလိုက္တာကေတာ့ တိုက္စစ္ကစားသမားေတြ မဟုတ္ပဲ ကတ္ဆီမဲရိုး ျဖစ္ေနခဲ့တာပါ။ ဒုတိယပိုင္း စလို႔ ပြဲခ်ိန္ ၅၄ မိနစ္ အေရာက္မွာပဲ သရဲနီတို႔ ဦးေဆာင္ဂိုး ရခဲ့ပါတယ္။ အန္တိုနီရဲ႕ အလိုက္သင့္ ခ်ေပးမႈကို ကတ္ဆီမဲရိုးက ဧရိယာအတြင္း ေျပးဝင္ၿပီး တိုက္စစ္မႉးတစ္ဦးလို အဆုံးသတ္ကာ အဖြင့္ဂိုး ျဖစ္ေစခဲ့ပါတယ္။ ဒါဟာ ဘရာဇီးသား ႏွစ္ဦးရဲ႕ လွပတဲ့ အတြဲအဖက္လည္း ျဖစ္ခဲ့တာပါ။
ဆက္တိုက္ဆိုသလို ၅၈ မိနစ္ အေရာက္မွာလည္း ဖရက္ဒ္ရဲ႕ ခ်ေပးမႈကို ဧရိယာအျပင္ကေန ကတ္ဆီမဲရိုးကပဲ ေသသပ္စြာ အျပင္းကန္သြင္းရင္း ဒုတိယ ဦးေဆာင္ဂိုး ရရွိေစခဲ့ပါတယ္။ ေနာက္ပိုင္းမွာေတာ့ ဖာနန္ဒက္ရဲ႕ ေပးပို႔မႈကို ဖရက္ဒ္က ေနာက္ေပါက္နဲ႕ ပိတ္သြင္းရင္း တတိယ ဦးေဆာင္ဂိုးကို သြင္းယူခဲ့ပါတယ္။ ဧည့္သည္ ရီးဒင္းအတြက္ တစ္လုံးတည္းေသာ ေခ်ပသြင္းဂိုးကိုေတာ့ ပြဲခ်ိန္ ၇၂ မိနစ္မွာ ေနာက္ခံလူ Mbengue က သြင္းယူခဲ့တာပါ။
ဒီပြဲစဥ္အၿပီး သတင္းစာ ရွင္းလင္းပြဲမွာေတာ့ မန္ယူနည္းျပ အဲရစ္ တန္ဟတ္က အသင္းအတြက္ ေျခစြမ္းျပကစားၿပီး သြင္းဂိုး ၂ ဂိုးပါ သြင္းယူေပးခဲ့တဲ့ ကြင္းလယ္လူ ကတ္ဆီမဲရိုးကို ” ခမ္းနားတဲ့ ကစားသမား ” လို႔ အမည္တပ္ရင္း ခ်ီးက်ဴးသြားခဲ့ပါတယ္။ ” သူဟာ ရီးရဲမွာတည္းက မိုဒရစ္၊ ခ႐ူးစ္တို႔နဲ႕အတူ တကယ္ေကာင္းတဲ့ ကစားသမား ျဖစ္ခဲ့တာပါ။ ခုဆိုရင္ သူက သြင္းဂိုးေတြပါ သြင္းယူနိုင္ေနပါၿပီ။ သူ႕ကို ဒီပြဲစဥ္မွာ တိုက္စစ္ပိုင္းထိ လိုက္ပါဖို႔ ကြၽန္ေတာ့္အေနနဲ႕ ဆႏၵရွိခဲ့သလို သူကလည္း
လိုလိုလားလားနဲ႕ ေဆာ့ကစားျပခဲ့တာပါ။ ကတ္ဆီမဲရိုးက ခမ္းနားတဲ့ ကစားသမားပါ။ ခံစစ္တန္းရဲ႕ေရွ႕မွာ သူဟာ အၿမဲတမ္း ေနရာေကာင္းေကာင္း ယူတတ္ပါတယ္၊ သူ႕ဆီ ေဘာလုံးရွိေနခ်ိန္ေရာ၊ မရွိတဲ့ အခ်ိန္ေရာမွာေပါ့။ ၿပီးေတာ့ သူက ေဘာလုံးကို ေကာင္းစြာကိုင္တြယ္တတ္ၿပီးေတာ့ မွန္ကန္တဲ့ ေပးပို႔မႈေတြ လုပ္နိုင္ပါတယ္။ ဒါေၾကာင့္ သူက ပြဲ အရွိန္ကို ျမႇင့္တင္ေပးသူပါ။ လိုအပ္လာၿပီဆိုရင္ ခုလိုပဲ သြင္းဂိုးေတြပါ သြင္းယူနိုင္သူပါ။ “လို႔ တန္ဟတ္က ခ်ီးက်ဴးေျပာဆိုသြားခဲ့တာပါ။