Unicode
သမိုင်းဝင်သွင်းဂိုး စံချိန်တစ်ခုကို VAR ကြောင့် လက်လွှတ်ခဲ့ရတဲ့ ရက်ဖို့ဒ်
မန်ချက်စတာ ယူနိုက်တက် တိုက်စစ်ကစားသမား မားကပ်စ် ရက်ဖို့ဒ်ဟာ အိုးလ်ထရက်ဖို့ဒ်မှာ ကစားခဲ့တဲ့ ရီးဒင်းနဲ့ FA ဖလားပွဲမှာ ကလပ်စံချိန်တင် သွင်းဂိုးမှတ်တမ်းကောင်းတစ်ခု ပိုင်ဆိုင်ဖို့ နီးစပ်ခဲ့ပေမယ့် VAR ကြောင့် စိတ်မကောင်းစွာနဲ့ပဲ လက်လွှတ်ဆုံးရှုံးလိုက်ရပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲကနေ ပြန်လာပြီးကတည်းက
ဂိုးတွေ ဆက်တိုက်သွင်းယူနေတဲ့ ရက်ဖို့ဒ်ဟာ ရီးဒင်းနဲ့ ပွဲမတိုင်ခင် ပြိုင်ပွဲစုံနောက်ဆုံး(၁၀)ပွဲမှာ (၁၀)ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းက ရှရစ်ဖ်ကို (၃-ဝ)ဂိုးနဲ့ အနိုင်ရတဲ့ ယူရိုပါလိဂ် ပွဲကစပြီး ဝက်စ်ဟမ်း၊ အက်စတွန်ဗီလာ၊ ဘန်လေ၊ နော်တင်ဟမ် ဖော်ရက်စ်၊ ဘုန်းမောက်၊ အဲဗာတန်၊ ချာလ်တန်၊ မန်စီးတီးတို့နဲ့ ပွဲတွေမှာ အိမ်ကွင်း(၉)ပွဲဆက်တိုက်
ဂိုးသွင်းနိုင်တာကြောင့် ယူနိုက်တက် နာမည်ကျော် တိုက်စစ်မှူးဟောင်း ဒင်းနစ်ဗိုင်အိုလက်ရဲ့ သွင်းဂိုးမှတ်တမ်းကို အမီလိုက်နိုင်ခဲ့ပါတယ်။ အခု ရီးဒင်းနဲ့ ပွဲမှာလည်း ရက်ဖို့ဒ်က အကောင်းဆုံးပုံစံ ပြသနိုင်ခဲ့ပြီး ၃၇ မိနစ်မှာ တိုက်စစ်မ ဝက်ဂ်ဟော့ ခေါင်းတိုက် ချပေးတာကနေ အသင်းအတွက် အဖွင့်ဂိုးကို အဆုံးသတ် သွင်းယူနိုင်ခဲ့ပါတယ်။
ဒါပေမဲ့ ကံမကောင်းတာက ဝက်ဂ်ဟော့တ်ဟာ လူကျွံအနေအထား ဖြစ်နေတယ်လို့ သတ်မှတ်ကာ VAR က ဂိုးမပေးခဲ့တဲ့အတွက် ရပ်ရှ်ဖို့ဒ်ဟာ အသင်းသမိုင်းတစ်လျှောက် အိမ်ကွင်း(၁၀)ပွဲဆက် ဂိုးသွင်းနိုင်တဲ့ ပထမဆုံး ကစားသမားဆိုတဲ့ ဂုဏ်ပုဒ်ကို လက်လွှတ်ခဲ့ရတာ ဖြစ်ပါတယ်။
ဒါ့အပြင် အဲရစ် တန်ဟတ်ကလည်း (၆၈)မိနစ်မှာ ရပ်ရှ်ဖို့ဒ်ကို အနားပေးတဲ့အနေနဲ့ ဂါနာချိုနဲ့ လူစားလဲခဲ့တာကြောင့် ရပ်ရှ်ဖို့ဒ်တစ်ယောက် သမိုင်းဝင်စံချိန်ကောင်းတစ်ခု ပိုင်ဆိုင်ဖို့ မျှော်လင့်ချက်က အဆုံးသတ်ခဲ့ရပါတယ်။ ဒါပေမဲ့လည်း ယူနိုက်တက်အသင်းဟာ ရီးဒင်းကို (၃-၁)ဂိုးနဲ့ အနိုင်ရခဲ့တာက ကျေနပ်နှစ်သိမ့်စရာ ဖြစ်ခဲ့ပါတယ်။ သရဲနီတို့ဟာ အခုပွဲ အပါအဝင် ပြိုင်ပွဲစုံ အိမ်ကွင်း(၁၁)ပွဲဆက် အနိုင်ရခဲ့တာပဲ ဖြစ်ပါတယ်။
Zawgyi
သမိုင္းဝင္သြင္းဂိုး စံခ်ိန္တစ္ခုကို VAR ေၾကာင့္ လက္လႊတ္ခဲ့ရတဲ့ ရက္ဖို႔ဒ္
မန္ခ်က္စတာ ယူနိုက္တက္ တိုက္စစ္ကစားသမား မားကပ္စ္ ရက္ဖို႔ဒ္ဟာ အိုးလ္ထရက္ဖို႔ဒ္မွာ ကစားခဲ့တဲ့ ရီးဒင္းနဲ႕ FA ဖလားပြဲမွာ ကလပ္စံခ်ိန္တင္ သြင္းဂိုးမွတ္တမ္းေကာင္းတစ္ခု ပိုင္ဆိုင္ဖို႔ နီးစပ္ခဲ့ေပမယ့္ VAR ေၾကာင့္ စိတ္မေကာင္းစြာနဲ႕ပဲ လက္လႊတ္ဆုံးရႈံးလိုက္ရပါတယ္။ ကမာၻ႔ဖလားၿပိဳင္ပြဲကေန ျပန္လာၿပီးကတည္းက
ဂိုးေတြ ဆက္တိုက္သြင္းယူေနတဲ့ ရက္ဖို႔ဒ္ဟာ ရီးဒင္းနဲ႕ ပြဲမတိုင္ခင္ ၿပိဳင္ပြဲစုံေနာက္ဆုံး(၁၀)ပြဲမွာ (၁၀)ဂိုးအထိ သြင္းယူနိုင္ခဲ့ပါတယ္။ ဒါ့အျပင္ ၿပီးခဲ့တဲ့ ေအာက္တိုဘာလတုန္းက ရွရစ္ဖ္ကို (၃-ဝ)ဂိုးနဲ႕ အနိုင္ရတဲ့ ယူရိုပါလိဂ္ ပြဲကစၿပီး ဝက္စ္ဟမ္း၊ အက္စတြန္ဗီလာ၊ ဘန္ေလ၊ ေနာ္တင္ဟမ္ ေဖာ္ရက္စ္၊ ဘုန္းေမာက္၊ အဲဗာတန္၊ ခ်ာလ္တန္၊ မန္စီးတီးတို႔နဲ႕ ပြဲေတြမွာ အိမ္ကြင္း(၉)ပြဲဆက္တိုက္
ဂိုးသြင္းနိုင္တာေၾကာင့္ ယူနိုက္တက္ နာမည္ေက်ာ္ တိုက္စစ္မႉးေဟာင္း ဒင္းနစ္ဗိုင္အိုလက္ရဲ႕ သြင္းဂိုးမွတ္တမ္းကို အမီလိုက္နိုင္ခဲ့ပါတယ္။ အခု ရီးဒင္းနဲ႕ ပြဲမွာလည္း ရက္ဖို႔ဒ္က အေကာင္းဆုံးပုံစံ ျပသနိုင္ခဲ့ၿပီး ၃၇ မိနစ္မွာ တိုက္စစ္မ ဝက္ဂ္ေဟာ့ ေခါင္းတိုက္ ခ်ေပးတာကေန အသင္းအတြက္ အဖြင့္ဂိုးကို အဆုံးသတ္ သြင္းယူနိုင္ခဲ့ပါတယ္။
ဒါေပမဲ့ ကံမေကာင္းတာက ဝက္ဂ္ေဟာ့တ္ဟာ လူကြၽံအေနအထား ျဖစ္ေနတယ္လို႔ သတ္မွတ္ကာ VAR က ဂိုးမေပးခဲ့တဲ့အတြက္ ရပ္ရွ္ဖို႔ဒ္ဟာ အသင္းသမိုင္းတစ္ေလွ်ာက္ အိမ္ကြင္း(၁၀)ပြဲဆက္ ဂိုးသြင္းနိုင္တဲ့ ပထမဆုံး ကစားသမားဆိုတဲ့ ဂုဏ္ပုဒ္ကို လက္လႊတ္ခဲ့ရတာ ျဖစ္ပါတယ္။
ဒါ့အျပင္ အဲရစ္ တန္ဟတ္ကလည္း (၆၈)မိနစ္မွာ ရပ္ရွ္ဖို႔ဒ္ကို အနားေပးတဲ့အေနနဲ႕ ဂါနာခ်ိဳနဲ႕ လူစားလဲခဲ့တာေၾကာင့္ ရပ္ရွ္ဖို႔ဒ္တစ္ေယာက္ သမိုင္းဝင္စံခ်ိန္ေကာင္းတစ္ခု ပိုင္ဆိုင္ဖို႔ ေမွ်ာ္လင့္ခ်က္က အဆုံးသတ္ခဲ့ရပါတယ္။ ဒါေပမဲ့လည္း ယူနိုက္တက္အသင္းဟာ ရီးဒင္းကို (၃-၁)ဂိုးနဲ႕ အနိုင္ရခဲ့တာက ေက်နပ္ႏွစ္သိမ့္စရာ ျဖစ္ခဲ့ပါတယ္။ သရဲနီတို႔ဟာ အခုပြဲ အပါအဝင္ ၿပိဳင္ပြဲစုံ အိမ္ကြင္း(၁၁)ပြဲဆက္ အနိုင္ရခဲ့တာပဲ ျဖစ္ပါတယ္။