Spots news

အဲရစ်ဆင်ရဲ့ဒဏ်ရာ မပြင်းထန်ဖို့ ဘုရားတရတော့မယ့် မန်ယူဖန်များ

Unicode

အဲရစ်ဆင်ရဲ့ဒဏ်ရာ မပြင်းထန်ဖို့ ဘုရားတရတော့မယ့် မန်ယူဖန်များ

ရီးဒင်းကို ၃-၁ ဂိုးနဲ့ အနိုင်ယူပြီး အက်ဖ်အေဖလား ပဥ္စမအဆင့်ကို တက်လှမ်းနိုင်ခဲ့ပေမယ့် အသင်းရဲ့ အဓိက ကွင်းလယ်လူ အဲရစ်ဆင် ဒဏ်ရာပြဿနာ ကြုံတွေ့ခဲ့ရမှုက မန်ယူ ပရိတ်သတ်တွေအတွက် သတင်းဆိုး ဖြစ်လာခဲ့ပါပြီ။ အဲရစ်ဆင်ဟာ ဒုတိယပိုင်းအတွင်း ရီးဒင်းတိုက်စစ်မှူး အန်ဒီကာရိုးရဲ့ ဖျက်ထုတ်မှုကို ခံခဲ့ရပြီးနောက် ၅၇ မိနစ်အရောက်မှာ နောက်ထပ် ကွင်းလယ်လူတစ်ဦးဖြစ်တဲ့ ဖရက်ဒ်နဲ့ လူစားလဲခဲ့ရတာပါ။

အဲ့အချိန်က အဲရစ်ဆင်ကို အနားပေးတာလို့ပဲ ထင်ခဲ့ရပေမယ့် ပွဲအပြီး အိုးထရပ်ဖို့ဒ်ကွင်းကနေ ထွက်ခွာရာမှာတော့ အဲရစ်ဆင်ဟာ ချိုင်းထောက်ကို အသုံးပြုခဲ့ရတာကြောင့် ပရိတ်သတ်အားလုံး အံ့အားသင့်ခဲ့ရပါတယ်။ အဓိက ကွင်းလယ်လူတစ်ယောက် ဒဏ်ရာပြဿနာ ကြုံတွေ့ခဲ့ရပြီလို့ သိလိုက်ရပြီးနောက်မှာ ယူနိုက်တက် ပရိတ်တက်တွေဟာ ရီးဒင်းလို အသင်းမျိုးနဲ့ ပွဲစဥ်မှာတောင်

လူစုံတက်စုံ ပွဲထုတ်ခဲ့တဲ့ အဲရစ်တန်ဟတ်ကို ဝေဖန်မှုတွေ ပြုလုပ်ခဲ့ကြပါသေးတယ်။ ပွဲအပြီးမှာ အဲရစ်ဆင်ရဲ့ ဒဏ်ရာ ပြဿနာအကြောင်း မေးမြန်းရာမှာတော့ အတိအကျ မသိရသေးပဲ ခြေကျင်းဝတ်ဒဏ်ရာ ဖြစ်နိုင်ကြောင်း ခုလိုပဲ ဖြေကြားသွားခဲ့ပါတယ်။ ” ပွဲအပြီး တိုတောင်းလှတဲ့ အချိန်အတွင်းမှာ ခုလိုမျိုး ဖြေကြားရတာကြောင့် တိတိကျကျ ပြောဖို့ခက်ပါတယ်။

ဒါပေမယ့် ခြေကျင်းဝတ်ဒဏ်ရာ ဖြစ်ဖို့တော့ များပါတယ်။ သူ ဘယ်လို ဒဏ်ရာမျိုး ရခဲ့တာလဲ၊ ဘယ်လောက်ထိ ပြင်းထန်လဲဆိုတာ သိရဖို့ အနည်းဆုံး ၂၄ နာရီတော့ အချိန်ယူရမှာပါ ” လို့ တန်ဟတ်က ပြောဆိုသွားခဲ့တာပါ။ မန်ယူဟာ လာမယ့် ဖေဖော်ဝါရီလ ၂ ရက်နေ့၊ သောကြာနေ့ မနက်စောမှာလည်း နော်တင်ဟမ် ဖောရက်စ်အသင်းကို ကာရာဘောင်းဖလား ဆီမီးဖိုင်နယ် ဒုတိယအကျော့ ပွဲစဥ်အဖြစ်

အိမ်ကွင်း အိုးထရပ်ဖို့ဒ်မှာ ဧည့်ခံယှဥ်ပြိုင် သွားရအုံးမှာပါ။ ဒီပွဲမတိုင်ခင်မှာပဲ အဲရစ်ဆင်ရဲ့ ဒဏ်ရာအတိမ်၊ အနက်ကို တိတိကျကျ သိရမှာပါ။ ကွင်းလယ်ပိုင်းမှာ အဲရစ်ဆင် မကစားနိုင်ခဲ့ရင် တွန်မီနေးနဲ့ ဖရက်ဒ်တို့ကိုသာ အားကိုးရဖွယ် ရှိနေတာကြောင့် အဲရစ်ဆင်ရဲ့ဒဏ်ရာ မပြင်းထန်ဖို့အရေး မန်ယူဖန်တွေအနေနဲ့ ဘုရားတရဖွယ် ရှိပါကြောင်း..

Zawgyi

အဲရစ္ဆင္ရဲ႕ဒဏ္ရာ မျပင္းထန္ဖို႔ ဘုရားတရေတာ့မယ့္ မန္ယူဖန္မ်ား

ရီးဒင္းကို ၃-၁ ဂိုးနဲ႕ အနိုင္ယူၿပီး အက္ဖ္ေအဖလား ပၪၥမအဆင့္ကို တက္လွမ္းနိုင္ခဲ့ေပမယ့္ အသင္းရဲ႕ အဓိက ကြင္းလယ္လူ အဲရစ္ဆင္ ဒဏ္ရာျပႆနာ ႀကဳံေတြ႕ခဲ့ရမႈက မန္ယူ ပရိတ္သတ္ေတြအတြက္ သတင္းဆိုး ျဖစ္လာခဲ့ပါၿပီ။ အဲရစ္ဆင္ဟာ ဒုတိယပိုင္းအတြင္း ရီးဒင္းတိုက္စစ္မႉး အန္ဒီကာရိုးရဲ႕ ဖ်က္ထုတ္မႈကို ခံခဲ့ရၿပီးေနာက္ ၅၇ မိနစ္အေရာက္မွာ ေနာက္ထပ္ ကြင္းလယ္လူတစ္ဦးျဖစ္တဲ့ ဖရက္ဒ္နဲ႕ လူစားလဲခဲ့ရတာပါ။

အဲ့အခ်ိန္က အဲရစ္ဆင္ကို အနားေပးတာလို႔ပဲ ထင္ခဲ့ရေပမယ့္ ပြဲအၿပီး အိုးထရပ္ဖို႔ဒ္ကြင္းကေန ထြက္ခြာရာမွာေတာ့ အဲရစ္ဆင္ဟာ ခ်ိဳင္းေထာက္ကို အသုံးျပဳခဲ့ရတာေၾကာင့္ ပရိတ္သတ္အားလုံး အံ့အားသင့္ခဲ့ရပါတယ္။ အဓိက ကြင္းလယ္လူတစ္ေယာက္ ဒဏ္ရာျပႆနာ ႀကဳံေတြ႕ခဲ့ရၿပီလို႔ သိလိုက္ရၿပီးေနာက္မွာ ယူနိုက္တက္ ပရိတ္တက္ေတြဟာ ရီးဒင္းလို အသင္းမ်ိဳးနဲ႕ ပြဲစဥ္မွာေတာင္

လူစုံတက္စုံ ပြဲထုတ္ခဲ့တဲ့ အဲရစ္တန္ဟတ္ကို ေဝဖန္မႈေတြ ျပဳလုပ္ခဲ့ၾကပါေသးတယ္။ ပြဲအၿပီးမွာ အဲရစ္ဆင္ရဲ႕ ဒဏ္ရာ ျပႆနာအေၾကာင္း ေမးျမန္းရာမွာေတာ့ အတိအက် မသိရေသးပဲ ေျခက်င္းဝတ္ဒဏ္ရာ ျဖစ္နိုင္ေၾကာင္း ခုလိုပဲ ေျဖၾကားသြားခဲ့ပါတယ္။ ” ပြဲအၿပီး တိုေတာင္းလွတဲ့ အခ်ိန္အတြင္းမွာ ခုလိုမ်ိဳး ေျဖၾကားရတာေၾကာင့္ တိတိက်က် ေျပာဖို႔ခက္ပါတယ္။

ဒါေပမယ့္ ေျခက်င္းဝတ္ဒဏ္ရာ ျဖစ္ဖို႔ေတာ့ မ်ားပါတယ္။ သူ ဘယ္လို ဒဏ္ရာမ်ိဳး ရခဲ့တာလဲ၊ ဘယ္ေလာက္ထိ ျပင္းထန္လဲဆိုတာ သိရဖို႔ အနည္းဆုံး ၂၄ နာရီေတာ့ အခ်ိန္ယူရမွာပါ ” လို႔ တန္ဟတ္က ေျပာဆိုသြားခဲ့တာပါ။ မန္ယူဟာ လာမယ့္ ေဖေဖာ္ဝါရီလ ၂ ရက္ေန႕၊ ေသာၾကာေန႕ မနက္ေစာမွာလည္း ေနာ္တင္ဟမ္ ေဖာရက္စ္အသင္းကို ကာရာေဘာင္းဖလား ဆီမီးဖိုင္နယ္ ဒုတိယအေက်ာ့ ပြဲစဥ္အျဖစ္

အိမ္ကြင္း အိုးထရပ္ဖို႔ဒ္မွာ ဧည့္ခံယွဥ္ၿပိဳင္ သြားရအုံးမွာပါ။ ဒီပြဲမတိုင္ခင္မွာပဲ အဲရစ္ဆင္ရဲ႕ ဒဏ္ရာအတိမ္၊ အနက္ကို တိတိက်က် သိရမွာပါ။ ကြင္းလယ္ပိုင္းမွာ အဲရစ္ဆင္ မကစားနိုင္ခဲ့ရင္ တြန္မီေနးနဲ႕ ဖရက္ဒ္တို႔ကိုသာ အားကိုးရဖြယ္ ရွိေနတာေၾကာင့္ အဲရစ္ဆင္ရဲ႕ဒဏ္ရာ မျပင္းထန္ဖို႔အေရး မန္ယူဖန္ေတြအေနနဲ႕ ဘုရားတရဖြယ္ ရွိပါေၾကာင္း..