Spots news

သုံးပွဲဆက် သရေကျတဲ့ ဘိုင်ယန် အနိုင်ဆိုတာ အဆိုတော်လား မေးရတော့မယ်..

Unicode

သုံးပွဲဆက် သရေကျတဲ့ ဘိုင်ယန်
အနိုင်ဆိုတာ အဆိုတော်လား မေးရတော့မယ်..

တခြားလိဂ်တွေနဲ့ မတူပဲ ဘွန်ဒက်လီဂါဟာ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီး နားရက်ပိုယူခဲ့ကာ ဇန်နဝါရီ ၂၁ ရက်နေ့ ရောက်မှသာ ပြန်လည်စတင်ခဲ့တာပါ။ ဒါပေမယ့် အင်အားကြီး ဘိုင်ယန်မြူးနစ် အသင်းကတော့ ရုန်းကန်နေရပြီး ​ပြန်လည်စတင်ပြီးနောက် ယှဥ်ပြိုင်ကစားခဲ့ရတဲ့ ပွဲစဥ် သုံးပွဲစလုံးမှာ ပြိုင်ဘက်တွေကို အနိုင် မယူနိုင်ခဲ့ပဲ တစ်ဖက်တစ်ဂိုးစီ သရေရလဒ်တွေသာ ထွက်ပေါ်ခဲ့ပါတယ်။

စတင်ယှဥ်ပြိုင်တဲ့ လိုက်ပဇစ်အသင်းနဲ့ အဝေးကွင်းမှာ ၁-၁ ဂိုးနဲ့ သရေကျခဲ့သလို ပြီးခဲ့တဲ့ အပတ်က ကစားခဲ့တဲ့ ကိုလုံး၊ ယနေ့မနက်စောက ကစားခဲ့တဲ့ ဖရန့်ဖတ်တို့နဲ့ ပွဲစဥ်တွေမှာလည်း ထိုရလဒ်ပဲ ထွက်ပေါ်ခဲ့တာပါ။ ဒါကြောင့် နောက်ဆုံး ယှဥ်ပြိုင်တဲ့ ပွဲစဥ် ၃ ပွဲမှာ ရနိုင်တဲ့ အမှတ်စုစုပေါင်းကနေ ဘိုင်ယန်တို့ ၆ မှတ်လောက်ထိ ဆုံးရှုံးခဲ့ရတာပါ။ ပြီးခဲ့တဲ့ အပတ်က ကိုလုံးနဲ့ ပွဲစဥ်မှာဆိုရင် မရှုံးခဲ့တာတောင် ကံကောင်းတယ်လို့ ပြောရမှာဖြစ်ကာ

ကွင်းလယ်လူ ကင်းမ်မစ်ချ်ရဲ့ မိနစ် ၉၀ နောက်ကျ သွင်းဂိုးကြောင့်သာ သရေတစ်မှတ် ရခဲ့တာပါ။ ညကပွဲစဥ်မှာလည်း ဒဏ်ရာရနေတဲ့ မာနေးကလွဲလို့ လူစုံတက်စုံ ပွဲထွက်ခဲ့တဲ့ ဘိုင်ယန်မြူးနစ်ဟာ ၃၄ မိနစ်မှာပဲ ဆာနေးရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဒုတိယပိိုင်း အရောက် ၆၉ မိနစ်မှာ ဖရန့်ဖတ်တိုက်စစ်မှူး မူအာနီရဲ့ ချေပဂိုးကို ပြန်လည် ခွင့်ပြုခဲ့ရတာပါ။

ဘိုင်ယန်ဟာ ဒီပွဲမှာ ဘောလုံးပိုင်ဆိုင်မှု ၆၇ ရာခိုင်နှုန်းထိ ရှိခဲ့သလို ဂိုးပေါက်တည့်ကန်ချက် ၅ ကြိမ်ထိ ရှိခဲ့ပေမယ့် အနိုင်သေချာစေမယ့် ဂိုးတွေကို ထပ်မံ မရယူနိုင်ခဲ့ပါဘူး။ ဖရန့်ဖတ်ကတော့ ဂိုးပေါက်တည့်မှု တစ်ကြိမ်သာရှိပြီး ဒီတစ်ကြိမ်ကိုပဲ ဂိုးအဖြစ် ပြောင်းလဲ နိုင်ခဲ့တာပါ။ ဒါကြောင့် ဘိုင်ယန်ဟာ လီဝန်ဒေါစကီး မရှိတော့တဲ့ ဒဏ်ကို စတင် ခံစားနေရပြီလားလို့လည်း မေးခွန်း ထုတ်ချင်စရာပါ။

တစ်ဖက်မှာတော့ ယူနီယံဘာလင် အသင်းဟာ ကမ္ဘာ့ဖလားအပြီးမှာ ကစားရတဲ့ သုံးပွဲစလုံးကို ဆက်တိုက် အနိုင်ကစားကာ အမှတ်ပေးဇယား အဆင့် ၂ နေရာထိ တက်လှမ်းလာခဲ့ပါတယ်။ ယူနီယံဘာလင်ဟာ ၃၇ မှတ် ရရှိထားတဲ့ ဦးဆောင်သူ ဘိုင်ယန်မြူးနစ်နဲ့ တစ်မှတ်သာ ကွာဟတော့ပြီး ၃၆ မှတ်ထိ စုဆောင်းနိုင်ခဲ့တာပါ။ ဒါကြောင့် ဘိုင်ယန်တို့အတွက် နှစ်စဥ်ယူနေကြ အမှတ်ပေးဖလားအတွက် စိုးရိမ်လာနေရပြီ ဖြစ်ပါတယ်။

Zawgyi

သုံးပြဲဆက္ သေရက်တဲ့ ဘိုင္ယန္
အနိုင္ဆိုတာ အဆိုေတာ္လား ေမးရေတာ့မယ္..

တျခားလိဂ္ေတြနဲ႕ မတူပဲ ဘြန္ဒက္လီဂါဟာ ကမာၻ႔ဖလားၿပိဳင္ပြဲအၿပီး နားရက္ပိုယူခဲ့ကာ ဇန္နဝါရီ ၂၁ ရက္ေန႕ ေရာက္မွသာ ျပန္လည္စတင္ခဲ့တာပါ။ ဒါေပမယ့္ အင္အားႀကီး ဘိုင္ယန္ျမဴးနစ္ အသင္းကေတာ့ ႐ုန္းကန္ေနရၿပီး ​ျပန္လည္စတင္ၿပီးေနာက္ ယွဥ္ၿပိဳင္ကစားခဲ့ရတဲ့ ပြဲစဥ္ သုံးပြဲစလုံးမွာ ၿပိဳင္ဘက္ေတြကို အနိုင္ မယူနိုင္ခဲ့ပဲ တစ္ဖက္တစ္ဂိုးစီ သေရရလဒ္ေတြသာ ထြက္ေပၚခဲ့ပါတယ္။

စတင္ယွဥ္ၿပိဳင္တဲ့ လိုက္ပဇစ္အသင္းနဲ႕ အေဝးကြင္းမွာ ၁-၁ ဂိုးနဲ႕ သေရက်ခဲ့သလို ၿပီးခဲ့တဲ့ အပတ္က ကစားခဲ့တဲ့ ကိုလုံး၊ ယေန႕မနက္ေစာက ကစားခဲ့တဲ့ ဖရန့္ဖတ္တို႔နဲ႕ ပြဲစဥ္ေတြမွာလည္း ထိုရလဒ္ပဲ ထြက္ေပၚခဲ့တာပါ။ ဒါေၾကာင့္ ေနာက္ဆုံး ယွဥ္ၿပိဳင္တဲ့ ပြဲစဥ္ ၃ ပြဲမွာ ရနိုင္တဲ့ အမွတ္စုစုေပါင္းကေန ဘိုင္ယန္တို႔ ၆ မွတ္ေလာက္ထိ ဆုံးရႈံးခဲ့ရတာပါ။ ၿပီးခဲ့တဲ့ အပတ္က ကိုလုံးနဲ႕ ပြဲစဥ္မွာဆိုရင္ မရႈံးခဲ့တာေတာင္ ကံေကာင္းတယ္လို႔ ေျပာရမွာျဖစ္ကာ

ကြင္းလယ္လူ ကင္းမ္မစ္ခ်္ရဲ႕ မိနစ္ ၉၀ ေနာက္က် သြင္းဂိုးေၾကာင့္သာ သေရတစ္မွတ္ ရခဲ့တာပါ။ ညကပြဲစဥ္မွာလည္း ဒဏ္ရာရေနတဲ့ မာေနးကလြဲလို႔ လူစုံတက္စုံ ပြဲထြက္ခဲ့တဲ့ ဘိုင္ယန္ျမဴးနစ္ဟာ ၃၄ မိနစ္မွာပဲ ဆာေနးရဲ႕ သြင္းဂိုးနဲ႕ ဦးေဆာင္နိုင္ခဲ့ေပမယ့္ ဒုတိယပိိုင္း အေရာက္ ၆၉ မိနစ္မွာ ဖရန့္ဖတ္တိုက္စစ္မႉး မူအာနီရဲ႕ ေခ်ပဂိုးကို ျပန္လည္ ခြင့္ျပဳခဲ့ရတာပါ။

ဘိုင္ယန္ဟာ ဒီပြဲမွာ ေဘာလုံးပိုင္ဆိုင္မႈ ၆၇ ရာခိုင္ႏႈန္းထိ ရွိခဲ့သလို ဂိုးေပါက္တည့္ကန္ခ်က္ ၅ ႀကိမ္ထိ ရွိခဲ့ေပမယ့္ အနိုင္ေသခ်ာေစမယ့္ ဂိုးေတြကို ထပ္မံ မရယူနိုင္ခဲ့ပါဘူး။ ဖရန့္ဖတ္ကေတာ့ ဂိုးေပါက္တည့္မႈ တစ္ႀကိမ္သာရွိၿပီး ဒီတစ္ႀကိမ္ကိုပဲ ဂိုးအျဖစ္ ေျပာင္းလဲ နိုင္ခဲ့တာပါ။ ဒါေၾကာင့္ ဘိုင္ယန္ဟာ လီဝန္ေဒါစကီး မရွိေတာ့တဲ့ ဒဏ္ကို စတင္ ခံစားေနရၿပီလားလို႔လည္း ေမးခြန္း ထုတ္ခ်င္စရာပါ။

တစ္ဖက္မွာေတာ့ ယူနီယံဘာလင္ အသင္းဟာ ကမာၻ႔ဖလားအၿပီးမွာ ကစားရတဲ့ သုံးပြဲစလုံးကို ဆက္တိုက္ အနိုင္ကစားကာ အမွတ္ေပးဇယား အဆင့္ ၂ ေနရာထိ တက္လွမ္းလာခဲ့ပါတယ္။ ယူနီယံဘာလင္ဟာ ၃၇ မွတ္ ရရွိထားတဲ့ ဦးေဆာင္သူ ဘိုင္ယန္ျမဴးနစ္နဲ႕ တစ္မွတ္သာ ကြာဟေတာ့ၿပီး ၃၆ မွတ္ထိ စုေဆာင္းနိုင္ခဲ့တာပါ။ ဒါေၾကာင့္ ဘိုင္ယန္တို႔အတြက္ ႏွစ္စဥ္ယူေနၾက အမွတ္ေပးဖလားအတြက္ စိုးရိမ္လာေနရၿပီ ျဖစ္ပါတယ္။