Unicode Version
ဖရန့်ဖတ်အသင်းတိုက်စစ်မှူး အန်ဒရီဆေးလ်ဗားက ယူနိုက်တက်က ချိတ်ဆက်နေတယ်ဆိုတဲ့သတင်းတွေကို ကြားမိကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
အသက် ၂၅ နှစ်အရွယ် ပေါ်တူဂီသားဟာ အေစီမီလန်ကနေ အငှားလာကစားပြီး ခြေစွမ်းကောင်းတွေပြသနိုင်ခဲ့တာကြောင့် ၃ နှစ် စာချုပ်နဲ့ ဖရန့်ဖတ်ကို အပြီးသတ်
ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ဒီရာသီမှာလည်း ဆေးလ်ဗားဟာ ဖရန့်ဖတ်အသင်းနဲ့ အတူ ခြေစွမ်းပြနေပြီး ၁၉ ဂိုးအထိ သွင်းယူပေးထားနိုင်ခဲ့ပါတယ်။
သတင်းတွေအရ ဆေးလ်ဗားရဲ့အေးဂျင့် ဂျော့ချ်မန်ဒက်စ်ကလည်း ယူနိုက်တက်အသင်းနဲ့ဆွေးနွေးနေတယ်လို့ ဖော်ပြခဲ့ပါတယ်။
ဖရန့်ဖတ်ကလည်း ဆေးလ်ဗားကိုပေါင်သန်း ၃၀ လောက်ရရင် လက်လွှတ်ခံဖွယ်ရှိနေပါတယ်။
“ကျွန်တော်သတင်းတွေကြားပါတယ်။ ဒါပေမဲ့သတင်းက သတင်းပါပဲ။ ရာသီကုန်ထိတော့ စောင့်ကြည့်ရဦးမှာပါ”လို့
ဆေးလ်ဗားက ပြောကြားခဲ့ပါတယ်။ ဆေးလ်ဗားကလည်း လက်ရှိ အချိန်မှာ ဖရန့်ဖတ်အတွက်ပဲ အာရုံစိုက်ထားတယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။