Spots news

အသင်းဟောင်းယူနိုက်တက်နဲ့ တွေ့မယ့်ပွဲကို လွဲချော်ဖွယ်ရှိနေတဲ့ ဇလာတန်

Unicode Version

အေစီမီလန် အသင်းဝါရင့်တိုက်စစ်မှူး အီဘရာဟီမိုဗစ်ဟာ ဒဏ်ရာပြဿနာကြောင့် သူ့အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်နဲ့ ကစားမယ့် ယူရိုပါလိဂ် ရှုံးထွက်(၁၆)သင်း အဆင့်ပွဲကို လွဲချော်ဖို့ ရှိနေပါပြီ။

အသက်(၃၉)နှစ် အရွယ်ရှိပြီဖြစ်သူ အီဘရာဟီမိုဗစ်ဟာ ယူနိုက်တက်အသင်းမှာ ၂၀၁၆ ကနေ ၂၀၁၈ခုနှစ်အထိ (၂)နှစ်ကြာကစားခဲ့ပြီး (၅၃)ပွဲကစား၊ (၂၉)ဂိုးသွင်းယူခဲ့သလို ၂၀၁၆-၁၇ရာသီမှာ အသင်းအတွက် ယူရိုပါလိဂ်နဲ့ လိဂ်ဖလားတွေရယူ ပေးနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

ဒီရာသီ ယူရိုပါလိဂ် ရှုံးထွက်(၁၆)သင်းအဆင့် ပထမ အကျော့အဖြစ် အေစီမီလန်အသင်းဟာ ယူနိုက်တက် နဲ့ အိုးလ်ထရက်ဖို့ဒ်ကွင်းမှာ သွားရောက် ကစားရမှာ ဖြစ်ပေမယ့် အီဘရာဟီမိုဗစ်ကတော့ အိုးလ်ထရက်ဖို့ဒ် အပြန်ခရီးကို လွဲချော်မယ့် အနေအထားပါပဲ။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့တုန်းက ရိုးမားအသင်းကို (၂-၁)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ စီးရီးအေပွဲမှာ အီဘရာဟီမိုဗစ်ဟာ ပေါင်ဒဏ်ရာရရှိခဲ့ပြီး ပွဲချိန်(၅၆)မိနစ်မှာပဲ ကွင်းထဲကခြေထော့နင်းနဲ့ ထွက်သွားခဲ့ရပါတယ်။

သူ့ရဲ့ဒဏ်ရာကို လာမယ့်(၁၁)ရက်မှာ ထပ်မံစမ်းသပ် စစ်ဆေးမှုတွေ လုပ်သွားမှာဖြစ်ပြီး အဲဒီနေ့မှာပဲ အေစီမီလန်အသင်းက ယူနိုက်တက်နဲ့ ယူရိုပါလိဂ် ပထမအကျော့ကစားမှ ာဖြစ်တာကြောင့် အီဘရာဟီမိုဗစ် မပါနိုင်ဖို့က သေချာသလောက်ရှိနေပါပြီ။

ဒါ့အပြင် အီဘရာဟီမိုဗစ်ဟာ မတ်လ(၁၁)ရက်အပြီး တစ်ပတ်အကြာမှာ ကစားမယ့် ဒုတိယအကျော့ပွဲမှာလည်း အေစီမီလန်အသင်း အတွက် ပါဝင်ကစားနိုင်ဖို့ရှိ၊ မရှိဆိုတာ အသေအချ ာမပြောနိုင်သေးပါဘူး။

အီဘရာဟီမိုဗစ်ဟာ အသက်အရွယ်နဲ့ မလိုက်အောင် ခြေစွမ်းပြကစားနေပြီး ဒီရာသီမှာ အေစီမီလန် အသင်းအတွက် ပြိုင်ပွဲစုံ (၂၂)ပွဲကစား၊ (၁၆)ဂိုးသွင်းထားသလို စီးရီးအေ ချန်ပီယံဆု

ပြန်လည် ဆွတ်ခူးနိုင်အောင် ကူညီပေးနေသူလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ အခု သူ့ရဲ့ဒဏ်ရာသတင်းက အေစီမီလန် အသင်းအတွက် တော့ ကြီးမားတဲ့ ထိုးနှက်ချက်လို့ သတ်မှတ်ရမှာပါ။